သွေးစီးပေရစ်
သံလွင်မြစ်
စိတ်ညစ်ခွေခေါက်စီးဆင်းလျှက်---။
ခွေးအိပ် တောင်တန်း
လျှိုမြှောင်ကမ်း
ပြောက်ကျား စခမ်းရှိလေရဲ့---။
ည၏အရောင်
မဲမဲမှောင်
တောတောင် ချောက်ချားနေလေရဲ့---။
တောခွေးအူသံ
ဂျီဟောက်သံ
မိုးယံထိုးဖေါက်သွားလေရဲ့---။
ကင်းအထပ်ထပ်
ညဥ့်လုံးပတ်
စောင့်ကြပ် စစ်ဆေးနေလေရဲ့---။
ပြောက်ကျားလုလင်
ရှေ့ရေးမြင်
ခွပ်ဒေါင်းတွန်လို့ကလိမ့်မယ်---။ ။
သန်းစိန်
11.7.09
ခွေးအိပ်တောင်အလွမ်း
9.7.09
အသွားမတော်တလှမ်း
သူငယ်ချင်းမွေးနေ့
လက်ဆောင်လေးပွေ့အသွား
ငယ်ပေါင်းများနဲ့တွေ့
ဟေ့...မြတ်စံရေ..လာဟေ့ ဒို့ဝိုင်း
ကိုင်း..တခွက်တဖလား ချကွား---။
မချပရစေနဲ့ တောင်းပန်
အိမ်အပြန် အနှံခံရမှာဗျ
ရှိခိုးပ့ါမယ် ကိုယ့်လူတို့ရယ်---။
မိန်းမဗျာ ဒါလောက်ကြောက်ရသလား
ဒါနမြောက်အောင် တခွက်သောက်ကွာ
ပုလင်းကို အတင်းငှဲ့
လောင်းထည့်မယ် လုပ်ကြ
ရုန်းကန်မရတော့
တခွက်မော့လိုက်ရတယ်---။
အိမ်အရောက်
အချစ်က ဆီးဟောက်ပါလေရော---။
မျက်နှာလေး နီနီ နီနီနဲ့
ပလီတီတီ လာမလုပ်နဲ့
ဆုတ်---နောက်ကို နံတယ်ရှင့် အရက်စော်
ရှင့်နော်---ရှင်
သောက်လာလျှင် အိမ်မဝင်ရဘူးဆိုတာ
ဘယ်နှစ်ခါ ပြောနေရမှာလဲ
ကဲ--ဘယ်မှာလည်း ရှင့်ကတိ---။
သိ--သိပါတယ် အချစ်ရယ်
ဒီ--ဒီတခါ သူငယ်ချင်းတွေက
အတင်း--အတင်းလေ----။
ရှင်းပြမနေနဲ့--
ရှင်းပြမနေနဲ့--
သူငယ်ချင်းချင်း မချင်းချင်း
ရှင်--အိမ်ပေါ်ကဆင်းမလား
ကျမ--အိမ်ပေါ်ကဆင်းရမလား--
ရှင်းရှင်းပဲပြော ဒါပဲ---။
မင်း--မင်းလည်း မဆင်းပါနဲ့
ငါ--ငါလည်း မဆင်းပရစေနဲ့ကွယ်
အချစ်ရဲ့ နော်---။
တော်---
တော်စမ်း---
ရှင်တော်စမ်း---
ဖျမ်း----
ကျောတချမ်းစပ်သွားတယ်ဗျာ---။
မကပ်နဲ့နော်
ရှင်လုံးဝမကပ်နဲ့ ကျမအနား--
သွား---ခပ်ဝေးဝေး
ချွေးစော်ကအစ နံတယ်ရှင့်---။
ခင်ပေးတဲ့အပြစ်ဒဏ် ကိုယ်ခံရန်အသင့်ပါကွယ်
အိမ်ပေါ်ကဆင်းမယ်တော့ မကြံပါနဲ့
တောင်းပန်ပါရဲ့ အချစ်ရယ်---။
ဒါနဲ့ အချစ်ကပေးတဲ့ဒဏ်
ကျနော်ခံပါတယ်---။
နားရွက်ကို နာနာဆုပ်
ထိုင်ထ ထိုင်ထတွေလုပ်
ငုတ်တုတ်ကလေး
ကုတင်ဘေး အိပ်လိုက်ရတာပေါ့ဗျာ---။
သန်းစိန်
8.7.09
ကချေသည်
ပန်းချီ...ဦးလွန်းကြွယ်
ထံတျာ သီကာကြွေးပါလို့
ဟန်ပါပါ ကွေးကာကလို့ရယ်
ယဉ်ပါပေ့ ကွယ်---။
လက်ဖျားနဲ့ လင်္ကာသီတယ်
ကဗျာနှယ် စီမကုံးနှိုင်ဘူ့
ရွှေပန်းချီရှုံးလောက်တဲ့ ကချေသည်---။
မြန်မာမှု့ မဟာဆန်တယ်
နန်းဟန်နွယ် ဖွား
ကမ္ဘာ တလွှားမှာဖြင့်
ဝံ့ကြွား ဂုဏ်ဟူစရာပါ့
စဉ်အလာယဉ်ကျေးမှု့ဟာမှို့
ထိန်းသိမ်းကြများသူငါ
ဆယ်ကမ္ဘာတည်စရာပါကွယ့်လေး---။ ။
သန်းစိန်
5.7.09
ဝေးသွားမှာစိုး
တိုးတိုးဖေါ် တိုင်ပင်ဘက်
လက်ချင်းယှက်
ဆက်လျှောက်မည့်သူကိုမျှော်
ပေါ်လာနှိုင်ခဲ---။
သူ့ကိုယ်ပဲ တမင်
ရွေးခေါ်လျှင်ကောင်းလေမလားရယ်လို့
ရင်တွင်းမှာဝေဝေဝါး
စဉ်းစားရဆဲ---။
ဘဝခရီးဖေါ်
ဖြစ်လာလျှင်တော်လေစွ
မျက်မာန်တော်ရှ
မုန်းသွားမှဖြင့်
ခင်ခွင့်ကလေး
ဝေးသွားမှာစိုး
တိတ်တခိုးနှင့်သာသူ့ကိုခင်
အကြင်နာ မေတ္တာ ယိုဖိတ်ငြားသော်လည်း
အစဉ်သာ ရင်မှာ သိုသိပ်ကာထား---။
သန်းစိန်
2.7.09
အရပ်ကူပါ
ပါးပါး လျှပ်လျှပ်
သူစကပ် က
လေလှပ်တိုင်းကြွ
မှိုပွင့်လို လှသတဲ့--။
ပေါင်တံက ခပ်ရှည်ရှည်
သလုံးသား ရွေအိုရောင်လဲ့
တဒေါင်ဒေါင် တခွပ်ခွပ်
ဒေါက်ဖိနပ်နဲ့---။
ရွာလည်ခေါင်
ခွေးဟောင်လို့တအုံးအုံး
(အဘရေ)လို့ကုန်းကုန်းအော်
သစ်ပင်ခွကြားပေါ်က မိန်းကလေး---။
ရွာသားတွေ ပြေးပြေးပြီးကြည့်ကြ
မြို့ကြီးက ပြန်ရောက်စ မိအေး---။
သန်းစိန်
27.6.09
ချိန်းတွေ့လေရာ
25.6.09
ရွေးတော်မူ
**********
ရွှေနှင်းဆီ ဝါဝါ
ပျားလိပ်ပြာ တရုံးရုံး---။
ပန်းခရေ
ပွင့်ကြွေက တကုံး---။
ခင်ကြိုက်ရာသုံးပေရော့---။
ရွှေနှင်းဆီ သူမခင်
ဆူးကောက်ကောက် သူမြင်တော့
ကြောက်သတဲ့လေး---။
သူ့ဆံကေ
ပန်းခရေ ဆင်သလို့
ယဉ်လှချည်သေး---။
သန်းစိန်
21.6.09
ငါရေးသီရာ
********
ချစ်သူများတွက် လင်္ကာ
ကဗျာ ခြယ်မှုန်း
ပန်းတွေချည်း သီကုံးမယ်---။
မုန်းသူများတွက် လင်္ကာ
ငါ့ကဗျာ အားလုံး
တိုင်းဗုံးတွေချည်း စီထားတယ်---။ ။
သန်းစိန်
19.6.09
မသဝန်ကြောင်
တရွာထဲက
သူငယ်ချင်းမ နဲ့
လမ်းခွမှာ ကြုံ
စကားလက်ဆုံ ကျခဲ့တယ်---။
မာကြောင်း သာကြောင်း
ရွာအကြောင်း တွေ
ပြောမိလေရဲ့ လေရှည်ခဲ့၏---။
------------
-----------------။
လာခဲ့----အကို
ဟိုတနေ့ က
ဟိုဟာမ နဲ့
ချိန်းတွေ့ကြတာ
ဘယ်က ဟာလဲ
ကဲ--မှန်မှန်ပြော---။
ဟောဗျာ--ဒုက္ခပါပဲ
ချိန်းတွေ့ရတာ
မဟုတ္ပါ ခင္မ်
အဲဒါ ငါဒို့ရွာက သူငယ်ချင်းမ---။
မကျေနပ်တဲ့ စကားတခွန်း
ဟွန်း------
နှုတ်သီးလေး ချွန်းလို့---။
ဘာပြောကြလဲ
မသဲ မကွဲ
ကျမလည်း ကြားတယ်
အချစ်ရယ် ဘာရယ်နဲ့
ဟုတ်ရဲ့မှို့လား---။
ဟာ--သွားပါပြီကွာ--
ပါတယ်ဆို ကိုယ်အမှားပါကွဲ့
နောက်များ စကားမဆိုပါဘူ့
နှုတ်ပိတ်လို့နေပါ့မယ်
အချစ်လေးရယ်--နော်---။
မကျေနပ်တဲ့ စကားတခွန်း
ဟွန်း------တဲ့
နှုတ်ခမ်းက ရွဲ့လို့---။
တွေ့တဲ့ တချိန်လုံး
ရှင်က ပြုံးပြုံးပြတာ
ကျမ မြင်ရတယ်နော---။
ဟော--ဂွကျပြီ
ဒီတခါ မငြင်းချင်
ပြုံးမိလျှင် ကိုယ်အရှုံးပါကွယ့်
နောက်တခါ မဲ့မဲ့လေး နေပါ့မယ်
ကတိပေးပါတယ် အချစ်ရယ်---။
မကျေနပ်တဲ့ နောက်စကားတခွန်း
ဟွန်း------တဲ့
နှုတ်ခမ်းက မဲ့လို့---။
ခင့်အမေး ကိုယ်ကဖြေ
မေးခွန်းတွေ တရာနှစ်ရာ
ဟွန်းတခါ ကျောပြင်မှာတခါထု
ကျနော် ဘယ်သူ့မှ မဆက်ဆံဝံ့တော့ပါဘူးခင်မျာ---။ ။
သန်းစိန်
17.6.09
ဥမင်လှိုင်ခေါင်း
14.6.09
ကဗျာမရေးနှိုင်သောည
စီဘောက် အတွင်း
လက်ကမြင်း သွားကြ
လွမ်း စရာလေးတွေပါ့ ဗျာ
မြီး ကြည့်ကြပါကုန်---။
ဗျို့---ကဗျာဆရာ
ခင်များစာ
ကဗျာ ဟုတ်ရဲ့လား
ဂါထာ မှုတ်နေသလားလို့---။
ဟေး---မင့်ကဗျာ
တရားဟော စာလား
ဆေး ကြော်ငြာလား
သိပ် မကွဲပြားဘူးကွ---။
အိုး---ကဗျာဆရာ
တော်လှန် ကဗျာ
ရေးစမ်းပါ
ဒါမှ ပြည်သူတွေ နိုးကြားလာမှာ--။
ဟာ---ခင်များ ရေးနေတာ
ဘယ် ကဗျာဟုတ်မလဲ
ကြေငြာချက် ထုတ်နေတာပဲဟာ---။
ဟေ့---ဒကာ
ကျေးလက် ကဗျာ
ရေး လကွာ
ဒါမှ မြန်မာဆန်တာကွ---။
ဦး----ရှင့်
ကျမ ကိုခွင့်ပြုပါ
အဟို့--အဟင့်နဲ့
လွမ်းချင့်ဖွယ့် ကဗျာ
သီ ပါလားရှင်---။
ကဲဗျာ---
ကဗျာဆရာ
ရူး ချင်လာပြီ
ခြင်တွေက တဝီဝီနဲ့
ဘာကဗျာ သီရမည်မသိ
စိတ်ရှုပ်လိုက်ပါဘိနော်---။ ။
သန်းစိန်
12.6.09
ကိုယ်တော့ရှက်တယ်
အရှက် ရအောင်
သရော် သယောင်ယောင်နဲ့
မျက်မှောင်ကြုတ်
ဘာလို့ နှင်ထုတ်ခဲ့တာလည်းကွယ်---။
မင့်ခြံမြေ အပြင်ဘက်က
အရွက်တွေ တဝေဝေ
သစ်ပင်ခြေ ဘေး
ခဏလေး ရပ်တာပါ---။
ဒါလေးနဲ့ တောင်
လှောင် သပေါ့လေ
နှင် ရက်ပေတယ်---။
မင့်ခြံမြေ က
သစ်သီး တလုံးမျှမခူး
ပန်းတဖူးလည်း မခြွေ
ရွက်ကြွေတောင် မကောက်
သရော်လောက်တဲ့ အမှု့
ဘာတခုမှ မပြုခဲ့ရပါလားကွယ်---။
ဒီလမ်းဘေး သစ်ရိပ်မှာ
ခရီးလာ ခရီးသွား
လူစိမ်း ယောင်္ကျားတွေ
ခို နားခဲ့ကြတာ
နေ့တိုင်းလို တွေ့နေရတာပဲ
နှစ် အတန်ကြာ ကတည်းက---။
ကိုယ်လည်း ရိုးရိုးသားသား
ခဏ နားမိတာအမှန်ပါ---။
မင့်ခြံကို ကျော်
မင်း မျှော်နေသူကိုလည်းကိုယ်မသိ
ကိုယ်ရှေ့က ဝင်ရပ်နေမိ ရော့လားကွယ်---။
ကဲကဲ----
အမောလည်း ပြေပြီ
ကိုယ့်ခရီး ကိုယ်ချီတက်
ရုတ်တရက် အရိပ်ကထွက်ခွါ
မင်း--ဆက်သာ မျှော်ရစ်ပေရော့---။
ကိုယ်ကတော့ သွားပြီ----။ ။
သန်းစိန်
8.6.09
ငယ်ချစ်ဦး
*********
7.6.09
Splinters of glass
Splinters of glass ************* Emerald cool we may be As water in cupped hands But oh that we might be As splinters of glass In cupped hands Poem by Aung San Suu Kyi | ဖန်ကွဲစများ ******* လက်ခုပ်ထဲမှ၊ ရေဘဝမို့ ၊ ငါတို့  အေးမြရသော်လည်း၊ လက်ခုပ်ထဲက၊ ဖန်ကွဲစတွေ၊ ငါတို့ ဖြစ်ချင်စမ်းပါဘိ။ (ဘာသာပြန်-မောင်သာယာ) |
အန်တီစုအမှု့ ငမြတ်စံလျှောက်လှဲချက်
*************************
ဥပဒေကို လေးစား
သူမ အနေ မမှားခဲ့ဘူး---။
ရေကူး သမား
သူမ ဖိတ်ထားတာ မဟုတ်ဘူး---။
ဧည့်သည်ကို ဧည့်ခံ
မြန်မာ့ ဓလေ့ထုံးစံ---။
ဧည့်သည်ကို ကျွေးမွေးပြုစု
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့---။
ဒီပဲယင်း အရပ်
သူမကို သတ်ဖို့ကြံ
ဒင်း--တို့သာ တရားခံဖြစ်တယ်---။ ။
သန်းစိန်
3.6.09
မာယာ
***********
သ င်္ဂီရွှေရောင် သူ့မျက်တောင်နှင့်
ညိုရောင်နက်ကော့ ရွှန်းကြော့မျက်ခုံး
သူ့မျက်လုံးက ညှို့ပြုံးဆွဲငင်
ရွှေစင်အသား ပတ္တမြားနှုတ်လွှာ
ကုမုဒြာတွင် သန္တာရောင်စို့
ပါးအို့နီရဲ ကိုက်ခဲစရာ---
(ဒေါင်းနွယ်ဆွေ)
(လောကသစ္စာကိုရှာဖွေခြင်းဝတ္ထုကဗျာရှည်မှ)
ဆရာဒေါင်း က
အလှ ကဗျာ
ဒီလို ဖွဲ့တာကို--လို့---။
မေးထောက်-
ဆေးသောက်ပြီး စဉ်းစားဆဲ---
ငါလည်း ခင့်အတွက် ဖွဲ့ဦးမှပဲလေ---။
ခင်ရေ---
သမင် မျက်လုံး
ခင့်မျက်လုံးကို ရှုံးသကွဲ့
ယုံဟဲ့ အချစ်လေးရဲ့---။
သမင် မျက်လုံး
မျက်ခုံး မပါ
ဘယ် လှမလည်းကွာ---။
ခင့်မှာ မျက်ခုံးရှိတာပဲ
အမာရွတ်ပါလည်း ပါပစေတော့
နှုပ်ခမ်းလေး ကော့ကော့နဲ့
အတော်တော့ကို စွာတာပဲ
ခင့်ပါးစုံ နီနီရဲ
ကိုယ်လည်း ကိုက်ခဲချင်တာပေါ့---။
ဟော တော့ လို့အသံပေး
မာယာလေးနဲ့ ရှက်သွေးကြွ
လက်ညှိုးလက်မကို အသာကွေး
ဖွဖွလေး ချိန်ဆ
ကျုပ်လက်မောင်းကို ရွရွလေးလိမ်သဗျ
အကို-အိပ်ချိန်ကြပြီ--လေတဲ့---။
ဘယ်နေသာပါ့မလည်း
တခါတည်း ဗြုံးခနဲထ
ကုတင်ပေါ်ကမကျလို့တော်ပါသေး
အိပ်မက်ကလေး မဆုံးလိုက်ဖူးဗျာ---။
သန်းစိန်
1.6.09
တစိမ်းလာရာ ဟောင်မိပါသည်
*******************
အလှမွေး ခွေးကလေး
ဖြူဖြူ ဖွေးဖွေး
လူစိမ်းလာ ဟောင်လိုက်သေး
ဝုတ်ဝုတ် သံပေး---။
သခင်ကျွေးတဲ့ အစာ
စားလာတာ ကြာပြီပဲ
ဝုတ်ဝုတ်တော့ ဟောင်ရမှာပဲ---။
တနေတော့ ဧည့်စိမ်းလာ
ခါတိုင်းလို ဟောင်မိရှာမှ
သခင်လာ ဆီးလို့ပိတ်---။
ဟိတ်--တော် တန် တိတ်---။
နံဘေး ပိတ်ကန်
ဂျွန်းပြန်လို့ အကျနာ
ခြေထောက်လေး တဆာဆာနဲ့
မျက်နှာလေး မသာမယာကွဲ့
ခေါင်းတခါခါ စောင်းတငဲ့ငဲ့---။
ညီမရဲ့ လာလေကွာ
အိမ်ထဲမှာ ဝင်ရအောင်
ဒီအကောင် မဟောင်ရဲတော့ပါဘူး---။
ကဲ--မျက်နှာ လုပ်ချင်အုံး---။ ။
သန်းစိန်
31.5.09
တားပါရစေ-ခင်
**********
ညညဆို ကိုယ့်ရင်ထဲ
သူအမြဲ လာတယ်
ဘယ်ရပ်ကယ် ဘယ်ရွာကမသိ---။
သူလာလာ ကလိတော့
နေမထိ ထိုင်မသာ
အိပ်ရတာ ဘယ်ပျော်ပါ့မလဲ---။
ဟိုဒင်း ဟိုကဗျာတဲ့
ဘယ်လင်္ကာ ဘာရသ
ဘယ်ဂိုဏ်က ဘာနဲ့
ဖန်ခါခါ ထပ်ခါထပ်ခါ ပြောပြန်တော့
စိတ်ဆိုးဟန် တမင်ဆောင်လည်း
သန်းခေါင်လွဲတောင် သူမပြန်
နှင်ရန်က ခက်ပါဘိ---။
အို--တစ်မိခင်ရယ်
နှိပ်စက်မယ်လို့ ကြံရော့သလား
အိပ်ပျက်တွေ အတန်တန်များပြီမှို့
တားပရစေတော့ ခင်ရယ်---။
ကြာကြာလာလျှင်
စေတနာတွေ တိုး
ဝေဒနာတွေ ပျိုးပျိုးပြီး
ကဗျာတွေ ညှိုးမှာစိုးတယ်ကွယ်
ခင်ရယ်--နောက်မလာပါနဲ့နော်---။ ။
သန်းစိန်
23.5.09
ကျားရဲသို့

ကျားရဲကြီး တစ်ကောင်
ကျားပေါက်တွေ ရာထောင်နဲ့
ခြင်္သေ့အကောင်တွေ ဘယ်လိုသရမ်းသရမ်း
ဆင်အုပ်တောင် မိအောင်ဖမ်းမယ့်ကျား---။
ထောင်မင်းသား ဝတ်စုံကိုမပယ်
ထောင်ထဲမယ် နှစ်နှစ်ဆယ်ကျ
ထောင်ဘူးဝ ရောက်မှ ပြန်ဖမ်းခံရသေး---။
ဟေး---အကျဉ်းထောင်
အပျင်းတောင် ပြေသေး
နှစ်နှစ်ဆယ် လေးများ
ကလေး ကစားစရာ
ဆွေမျိုးတွေရွာ အလယ်သွားရတာကျလို့---။
နှစ်နှစ်ရာ ပြန်ကြပစေ
ပြည်သူတွေရဲ့ လွတ်မြောက်ရာရှာ
ပြည်သူ့ခေါင်းဆောင်ကို လာအားပေး
ဒီမီုကရေစီ ရေး
တိုင်းရင်းသား ရေး
အရေးရေးတွေကို လမ်းပြလို့ပေး
အေးအေး ဆေးဆေး
ထောင်နံဘေး
ငှက်ပျောသီးတောင် စားနေလိုက်သေး
ပြည်သူအများ ဝိုင်းဝန်းအားပေးကြပါခင်များ---။
သန်းစိန်
22.5.09
အလင်းကြိုတေး
*********
သောက်တော် ရေချမ်း
သစ်သီး ဆွမ်းနှင့်---။
နံ့သာ မွှေးထုံ
ဆီမီး စုံနှင့်---။
တံခွန် ကုက္ကား
မလေးပွား နှင့်---။
ဘုရား ဝတ်ပြု
နေ့စဉ်မှု လို
ကြေးစည်ကို ထု
ကုသိုလ် ယူစေ
အမျှ ဝေ၏---။
အို--မိမိ
မင်္ဂလာကြက်သရေ အပြည့်---။
ကိုယ့်ရင်တွင်းမှာ ပီတိဖြာ
စမ်းချောင်းတရာ
စီးဆင်းကာသွား
ကဗျာ စန္ဒယား တီးခတ်
အသံလှိုင်း အတက် အဆင်းကို မှတ်သား
အလင်းကြို တေးများ
ရေးသား မိချေပြီတကား---။ ။
သန်းစိန်
19.5.09
ဆရာအို
********
ကျောင်းဆရာ ဘဝ
မြို့ပြရဲ့ မျက်နှာဖုံး
တနယ်လုံး အသိ
ဂုဏ်အပြည့် သိက္ခာအပြည့်
အိမ်ယာလည်း အတိအကျရှိတယ်---။
ဆရာရယ် ဆရာကြီးရယ်နဲ့
နံမည်အသွယ်သွယ် ခေါ်ခံရ
ချာချာလည်အောင် ဝိုင်းကြ သိုင်းကြတော့
အနန္ဒ ဂုဏ်အင်
ဆရာသခင်လို့ သူ့ထက်ငါ ဂါရဝတွေနဲ့
ဝမ်းသာစရာ့ ကာလတွေ ပါ့---။
ဆရာ ဆရာနဲ့
တစ်ဆရာထဲ ဆရာကြ
တောကရော မြို့ကပါ
လာလိုက်ကြတာ လာလိုက်ကြတာ
တပည့်တပန်းတွေကို ဧည့်ခံရ
အနားလေးမှ မယူရဘူး
ကံထူး လိုက်ပုံကများ
အပြုံးရိပ် တဝေဝေကွဲ့
အုန်းတွေ ငှက်ပျောတွေနဲ့ ကန်တော့ကြ
တယ် ကြက်သရေရှိလှတာ ကို---။
ပင်စင်ယူ ဇရာကျလေတော့
ဆရာအိုဘဝ ဝမ်းမဝရေစာ
ကျောင်းဆရာမောင်နှံ နှစ်ဖြာမှာ
အိမ်ယာလေး ရောင်း
ထန်းလက်တဲလေး ပြောင်းနေရ
တပည့်တွေက ကြက်ပျောက် ငှက်ပျောက်
ပျောက်ကုန်ကြရော့---
လောကရဲ့ ဓမ္မတာပေပဲ
ဆရာလည်း မခေါ်ချင်
ဆရာလည်း မတော်ချင်ကြဘူးလေ
ဆရာအိုဘဝ သံဝေဂ တရရနဲ့---။
တစ်နေ့က ဝါအဝင်
ဆရာဝန် နဲ့ ဆရာဝန်မ
တပည့် နဲ့ တပည့်မပေါ့
အိမ်ရှေ့မှာ ကားလာရပ်တော့
ကား လှလှလေးပေါ်က ဆင်း
ခြင်းတွေ တခြင်းပြီး တခြင်းချ
အော်--ကန်တော့လာကြ ထင်ရဲ့
တယ် တော်တဲ့ တပည့် နဲ့ တပည့်မ
တပည့် နဲ့ တပည့်မ---။
သူတို့ ဂုဏ် မသိန်ရအောင်
ဆရာအို ပုဆိုးကို အိမ်ထဲ ကဗျာကယာဝင်လဲ
တဲကုတ်ရှေ့က ဆီးကြိုဘို့ စောင့်နေဆဲ
ဟို ဘက်လမ်းထဲ ချိုးဝင်သွားတယ်--ကွယ်---။
ရင်ထဲမှာ ကျင်ခနဲ ကျင်ခနဲ ခံစား
ဝမ်းနည်းခြင်းများစွာရဲ့ အပြုံးများနဲ့
ဆရာအို ကိုယ့်တရား ကိုယ်ရှု့
သာဓု--သာဓု--သာဓုပါ ကွယ်ရို့---။ ။
သန်းစိန်
်
18.5.09
ချစ်ဇနီးသို့
******
အချစ်ကြီးပေမယ့်
တနှစ် နီးရမယ် နီးရမယ်နဲ့
အနှစ် နှစ်ဆယ်ကွယ့် အချစ်ရဲ့---။
တသက် ဝေးတောင်
တမနက် လေးတောင်မှ မေ့မရ
ရတက် မအေးလှပါလား ကွယ်---။
အချစ်ဦး ပေမှို့
ရူးတယ်လို့ ဆိုချင်ဆို
သံယောဇဉ် ကိုက ဖြတ်မရသေး
အမှတ်တရလေးတွေ တမင် တွေးတွေးပြီး
အဝေးက ဆွေးပါဘိ
အချစ်ရယ် ပြေးသာလာချင်မိ---။
အေးလေ---
သားသမီးတွေနဲ့ ပျော်ပါစေ--
ကိုယ်ခေါ်နေ သူ အလာခက်ရချည့်
တော်ကြာနေ ကိုယ်ပြန်မည့်အရေး
မဝေးဘူး မဝေးဘူးလို့ မှန်းကာတွေး
လွမ်းစရာလေးတွေနဲ့ တမြေစီခြား
(အချစ်ရေ)
ရွှင်လန်း---ရွှင်လန်း ချမ်းမြေ့ပါစေသား---။ ။
သန်းစိန်
17.5.09
တရားခံ
*****
ဟေ့---ပုလင်း
မင်းကြောင့်---
ဒင်းနဲ့ ကွဲတာ---။ ။
သန်းစိန်
(ငမြတ်စံရဲ့ အတိုဆုံး သုံးကြောင်းကဗျာ)
ရွာသို့ တခေါက်
*********
ခြူသံကလေး တလွင်လွင်
လှည်းယဉ်နဲ့ ရွာကိုပြေး---။
ထန်းရိပ်ညို တမာတောနဲ့
မန်ကျီး ကုက္ကို ထနောင်းပင် နှောပါတဲ့
ဇီး သရက်ချို ငှက်ပျောတွေ ပေါပေသကွဲ့
တောကျကျ ရွာကလေး---။
လမ်းတခွင်
လှမ်းမြင်သူ မိတ်အပေါင်းက
နေကောင်းလား မေး---။
ရွာဝင်က ကန်ရေပြင်
စိမ်းလဲ့လဲ့ ကြည်ကြည်လင်
ဗေဒါပင် လှုပ်လှုပ်ဘေး
ဗျိုင်းအုပ်က ဖွေး---။
နွားကျောင်းသား ကိုလူပျို
ပုလွေတို ကြူသံပေး
လွမ်းချင်ဖွယ့် တေး--။
လှပျိုဖြူ ညိုပြာညက်
ပါးပေါ်မှာ ပါးကွက်ကလေးနဲ့
ရှက်တတ်ချေ သေး---။
အိမ်ရောက်တော့ အမေအို
ဆီးတဲ့လို့ ကြို
မျက်နှာပေး ချိုချိုနဲ့
တဘက်ကလေး ကပိုကယိုနဲ့
သားမောင်ကို ရေချိုပေး
့ အေးပါဘိ---လေး။ ။
သန်းစိန်
16.5.09
မျှော်တော်ယောင် အရက်သမား
*******************
မိုးစုံးစုံးချုပ်နေပြီ
ဘာလုပ် နေလည်းကွာ
ခုထိ ပြန်မလာ သေး
ခွေး---မ
ခွေး----မ---။
တောက်----
ခိုင်းလိုက်ရ
ဘာတခုမှ စိတ်မချ ရဘူး---။
ဟူးးးးးးးးးးးးးး---။
ရှောက်ပင်ကွေ့
နောက်လင်နဲ့ တွေ့နေလားမသိ---။
ညိ တော့လား---။
အေးလေ--
ကလိမ်ခြုံ နံဘေး
ထမီခြုံ ကွေးချင် ကွေးနေမှာ---။
မြန်မြန် လာ
မြန်မြန် ပြန်လာ---။
၂ခါ ၃ခါ
၂ခါ ၃ခါဗျာ
မှာလိုက်တာ အထပ်ထပ်---။
အင်း----
ဒင်း--တော့လား
ပုလင်း မပါ
သေဘို့သာ ပြင်ရော့---။
ဝေါ့--
ဝေါ့----
ဝေါ-----။
(အံချလိုက်တယ်----။)
ဘုရား---
ဘုရား---
ဘုရား-------။ ။
သန်းစိန်
14.5.09
နွေဘွဲ့ (ရတု)
*********
နွေဦးရာသီ။ ။ရော်ရီရွက်ဟောင်း
မြေလျှောင်းကြွေသက် ရွက်သစ်ထွက်သော်
ကန့်ကော်လှိုင်လှိုင် မြိုင်မြိုင်ရင်ခပ်
ထပ်ထပ်အင်ကြင်း ငုဝင်းဝင်းနှင့်
ရွှန်းရွှန်းသပြေ မြေဇာစိမ်းစိမ်း
လေလာတိမ်းကြ ယိမ်းအကပြိုင်
ပိတောက်ခိုင်ညှာ မွှေးလေ၏---။
လေမြူးကာချီ။ ။မိုးနတ်စည်လည်း
မြည်သံချိန့်ချိန့် မိုးတိမ်နိမ့်ပြာ
မသည်းပါဘဲ တဖွဲဖွဲနှင့်
ဝမ်းနည်းစိတ်မှာ ဟာသလိုလို
ဘယ်ဆီကိုတမ်း ဘယ်ကိုလွမ်းရ
မှန်းဆမနိုင်
တယောက်မှိုင်ကာ ဆွေးလေ၏---။
ဖြေဖူးပါသည်။ ။မြန်ပြည်ဋ္ဌာန
ဝေးကွာစွဟု စိတ်ကရမ်းရော်
မှန်းဆမျှော်မိ ဖမိရှိရာ
အညာရွာလေး ရေးရေးမြင်လို့
ထန်းညို့ညို့နှင့် မို့မို့ရစ်မှောင်
ပုံတောင်ပုံညာ နောက်ခံပြာထား
ပန်းချီကားသို့ ရှု့စားမဝ
အလှစုံမြိုင်
မရောက်နိုင်ကြာ ဝေးလေဘိ---။ ။
သန်းစိန်
13.5.09
တုန်လှုပ်မိပါပြီ
*********
ပင်ချင်းရယ် ဆိုင်
အင်ကြင်းမြိုင် ဟိုအကွေ့ကို
သူခေါ်၍ လိုက်ခဲ့တယ်---။
တောအဝင်
ကျောခြင်တွေ ချမ်းပါဘိ
သုဘဒ္ဒါ ဇာတ်လမ်း
စိတ်မှန်းနဲ့ မြင်
အို--ပြန်ချင်တယ်လေ့---။
အင်ကြင်းငုံ
လေပြင်းဟုန် လာအလှုပ်မှာ
ခါချင် တုပ်တယ်လို့
မာယာလုပ် အကွက်ဆင်
စွဲချက်တင်လျှင်ဖြင့် မခက်လား---။
ဆင် ဆဒ္ဒန် အစွယ်ရှိပေလို့
သင် မြတ်စံ အစွယ်မရှိလေတော့
ရှိတာသာ ဖြတ်ကာပေးရလျှင်
ခွေးစွယ်တောင် တုံးတိ---။ ။
သန်းစိန်
12.5.09
အကျဉ်းတန်
********
ဒီနေ့
ကဗျာရွာတွေကို လျှောက်လည်တယ်
ကဗျာဆရာတွေရဲ့ ကဗျာဟာ
သိပ်ကို ကဗျာ ဆန်ကြတယ်ဗျာ---။
နိမိတ်ပုံ ရသမ်တွေ လွှမ်းပြန်တော့
ဆန်း သမျှ အဆန်း
လန်း သမှ လန်း
ရောင်စုံပန်းသို့ အလှဝေ---။
ကဗျာဆရာတွေလည်း
ကဗျာတွေလိုပဲ
ကဗျာဆန်ကြမှာပဲ လေ---။
ကဗျာတွေ လှတော့
ကဗျာဆရာတွေလည်း လှကြပေမယ်ပေါ့---။
ဟော--ဒီက(ငမြတ်စံ)
အကျဉ်းတန်ရတာက
ရှေးဟောင်းစာ ကြေး ပုရပိုဒ်
မကျီးမှဲ့နဲ့ တိုက်သလို
ဝင်းလာလို လက်လာငြား
ခွေး တံဆိပ် ဓာတ်ပြား
ဖွင့်မိလျှက်သား ကို---။
သန်းစိန်
(မကျီး=မန်ကျီး)
10.5.09
ချိုလိမ်
****
ယောင်္ကျားက ပန်းရံလုပ်
မိန်းမက အုတ်သယ်
နားရတယ် ရှိဘူး---။
ကလေးငယ် သူ့အဖွားနဲ့
ထားခဲ့တယ် တနေကုန်ပါ့
လမှ လကူး---။
မြေးဦးမှို့ ချစ်ရှာတယ်
လမင်းနှယ် ကြည်နူး
ကလေးငယ် ဘူးမှုတ်လို့မြူး---။
ရှူးရှူးတွေ စိုကာရွှဲလေမှ
တဝဲဝဲ ငိုရှာ
ချိုဆာလောက်ပြီ လေ့---။
အဖွားအို နို့ပိန်က ချပ်ချပ်
ကလေးပါးစပ် ခွံ့ကာတတ်ပါလို့
ငယ်မူအကျင့် တေးဆိုကာ
ချော့ရှာပေါ့ မြေး---။
ရွှေလမှာ ယုံဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ခိုဖြူ ခိုပြာနက်ကယ်
ဖမ်းခက်လှလေး---။
စို့လေ ကလေးရဲ့ စို့စို့
နို့ချိုတိုက် ကျွေး---။
မျက်လုံးရယ် ကြောင်တောင်တောင်နဲ့
ဖါးကောင်က သေး
တိတ်တော့ကွယ့် လေး---။
အို အိုး အို့ အေး---။
စို့ကွဲ့ ကလေးရဲ့စို့စို့
ဝအောင်စို့လေ---။
ကြောင်အိုပေမှေး
ကိုက်ပါနဲ့လေး
အဖွား မြေး---။
အို အိုး အို့ အေး---။
အိပ်တော့ကွယ့် လေး---။ ။
သန်းစိန်
8.5.09
မွေးနေ့
*****
ကဆုန် လဆန်း (၃)ရက်
မနက်ခင်း
ဝေလီ ဝေလင်း
အမေဟာ ဗိုက်ကြောတင်းလို့
အခင်းလေးသွားဘို့ အိမ်အောက်ဆင်း
ကျွန်တော့ ကိုမွေးဖွားခြင်းဖြစ်တယ်---။
ဟာ--မြေတလင်းမှာပါလား
သားလေးကွ သားလေး
အဖေက ဆန်ကောလေးပြေးယူ
ပုဆိုးစုတ် ထူထူနဲ့ ထွေးနေဆဲ
အူဝဲလို့ ကြွေးကြော်
ကျွန်တော် လူ့ပြည်ပေါ်ရောက်ခဲ့တာပေါ့။ ။
ဝန်ခံချက်။ ။မွေးနေ့တုန်းက မိတ်ဆွေများထံ သတင်းပေးရန်ရေးခဲ့ပါသည်။
ပြန်စဉ်းစားတော့ သတင်းပေးလျှင်ပုလင်းပါပေးရမည်ဖြစ်၏။
ပုလင်းကြေး မတတ်နိုင်းသေးလို့ ရက်ခပ်ဝေးဝေးခြားပြီး ဒီပို့စ်ကိုယခုမှ တင်လိုက်ရပါကြောင်း။
သန်းစိန်
7.5.09
တောသူ
5.5.09
အမေ့ရွာ
******
အမေ့ရွာ
သာပေစွ ရှုခင်း။
နေညိုညို
မေပျိုတွေ ရေချိုခပ်ချိန်မှို့
ကန်စပ် ကိုဆင်း---။
အမေ့ရွာ
သာပေစွ ရှုခင်း။
နေညိုညို
ကိုလူပျို ပြွေတို မှုတ်ပါလို့
နွားအုပ် ကိုသွင်း---။ ။
သန်းစိန်
3.5.09
ဒို့များအသဲ နီဆဲပင်

နွေကလည်း နွေ
ပူပါစေ ပေါ့
ဆယ်နေ ကဲချင် ကဲလိုက်ဦး---။
မိုးခါလည်း မိုး
ရွာစွေဖြိုး လို့
မိုးကြိုး ထစ်ဟီးလို့
မိုးသီးကြီးတွေ ကြွေလိုက်ဦး---။
ဆောင်းခါလည်း ဆောင်း
နှင်းကြွေညောင်း လို့
လေပြေလောင်းချင် လောင်းလိုက်ဦး---။
နွေကို အံတု
မိုးမမှု ဘဲ
ဆောင်းလည်း မကြောက်
ဒို့နှစ်ယောက် သည်
ခမောက် အတူ ဆောင်းခဲ့ပြီ---။
ယခုတမူ
သူကား အရှေ့
ကိုယ်ကား အနောက်
တစ်ယောက် တစ်လွဲ
ဒေသကွဲ လည်း
ဒို့များအသဲ နီဆဲပင်---။ ။
(ပန်းစကားမဂ္ဂဇင်း အမှတ်-၁၆)
သန်းစိန်
29.4.09
ကန်စွန်းခင်းလေး မာပါစေ
28.4.09
ဘလော့ဂါ (စည်တော်သံ)
*****************
မြန်ပြည်ကြီး စည်စေ သောဝ်
ရည်မျှော်ကာ မှန်းကာ ဆပါလို့
ဘလော့ဂါ ရယ်တဲ့ပို့စ် အသစ်ရှာ
စာကဗျာ ယဉ်တာ တွေးလို့ရယ် ရေးစပ်ကြမှာ
စဉ်အလာ မယှဉ်သာတဲ့ စာသွား
ဒို့ပြည်ထောင် ညီနောင်များတို့ရယ်
ညီကြစေသား----။
လွတ်လပ်စွာ တွေးကာရေးကြပါခင်မျာ့
ရှေးရှေးက နမူနာ
ဘယ်မျက်နှာ ဘာကိုမှ မလိုက်ကြပါနဲ့
ရေးထိုက်တာကိုတော့ ရေးရမှာ
ဒို့ခေတ်သစ် မီဒီယာ ညီညာကြ ဒီအရေး
ပြည်တော်မှာ စည်တော်တေးတွေနဲ့
ငြိမ်းအေးစေ့လေး---။ ။
သန်းစိန်
25.4.09
ချစ်၍ခေါ်ရာ
*******
လူသတ်ကောင် မိုင်းကွင်း
မြေမြှုပ်မိုင်း ရှင်းမယ်လို့
လိုက်ခဲ့ပါ့ လှယမင်း---။
သူ့ဆံကျင် ကျွဲဂျိုဝှေ့ သလိုပ
ခေါင်းခါ၍ ငြင်း---။ ။
သန်းစိန်
22.4.09
ချစ်သူချော့ တေး

မောင့်ချစ်သူ ဖြူဖြူနွဲ့ရယ်က
အငိုနဲ့ မျက်ရည်လွယ်
နွေအလယ် ပူသတဲ့ အိုက်တယ်---။
ကမ္ဘာတောင် သူ့မအေးရှာဘူ့
ပူနွေးသတဲ့ အချစ်ရယ်
စိတ်ဖြေကွယ့်--နော်---။
ဖြေနှိုင်ဘူး မောင်
ပူပူုလောင် ဒီလောက်အိုက်လေတော့
နေထိုက်ဖူး သေချင်တာ
ဘယ်လိုရှင် ဘယ့်နှာ နေရမှာလဲ--တဲ့
သိပ် ချွဲတယ် ထင်---။
ငိုပါနဲ့ ချစ်သူခင်ရယ်
ဂျင်းပင်တို ရှိုကာ ထားလျှင်ဖြင့်
လေအဝင် တင်ပါအေးပေလိမ့်
တိတ်တော့ကွယ့် လေး---။
အို အိုး အို့ အေး---။ ။
သန်းစိန်
19.4.09
စိမ်းနှမ အလိုကြ
**********
အလှ တစ်ရာ
မြပုဝါ လျှင်
တမင် ရှောင်တိမ်း
မကြင် စိမ်းကား
မောင့်သဲကြား တွင်
ပင်စိမ်းပင်တွေ စိုက်လေ၍---။
မောင်သဲလွလွ
တူးဆွမြေတောင် မြှောက်ပါ၏---။
မောင့်မျက်ရည်စ
သွန်းချ မိုးရေစွေပါ၏---။
မောင့်စိမ်းနှမ အလိုကြပေါ့
စိမ်းသမျှ အစိမ်း
စိမ်းတက စိမ်းတဲ့
ဂွေးတောက်လို စိမ်းစေဗျား---။
သန်းစိန်
17.4.09
ခေတ်သစ် ဒဿဂီရိ
*************
ရာမဇာတ် ဖတ်ကြည့်တော့
ဒဿဂီရိ
ခေါင်းဆယ်လုံး အတိ---။
ယုတ်ရင်း ကြမ်းတမ်း
အမြဲတမ်း ခက်ထန်
အကျည်းတန် ၏---။
(ငမြတ်စံ)တွေ့ကြုံ ဆုံဖူးသည်က
ချောမော လှပ နှုတ်ချို မြနှင့်
ယဉ်စ အနေ ညင်သာပေ၏
မာယာ အပြည့်---။
မျက်နှာ တစ်ရာ ခေါင်းတစ်ရာလည်း ရှိ
မိန်းမ ဒဿဂီရိ---။ ။
သန်းစိန်
16.4.09
နှစ်သစ်ကို ကြိုဆိုခြင်း
******************
တနှစ်လုံးက အညစ်အကြေး
အတာရေနှင့် ဆေးပြီးပြီ---။
အဟောင်း အဆွေးတွေလည်း
မြောင်းဘေးမှာ ထားခဲ့ပြီ---။
ကွဲနေတဲ့ အသဲ
ပုလင်းထဲ စိမ်ပြီးပြီ---။
နှစ်ဆန်းရက်
ဥပုသ်လည်း ထွက်လိုက်ပြီ---။
နှစ်ဟောင်းကို စိတ်မှာမပျောက်ပေမယ့်
နှစ်သစ်ကိုဆက်ခါ လျှောက်တော့မှာမှို့
ခွက်မြှောက်ကာ ကြိုဆိုလိုက်ပါတယ် ခင်များ
(နှစ်သစ်ရေ)
ချီးယား ပါဗျို့---။ ။
သန်းစိန်
15.4.09
သိကြားမင်းလည်း တဒုက္ခ
13.4.09
မကောက်ရဲတဲ့ ပိတောက်
****************
သင်္ကြန်မှာ လမ်းထွက်လျှောက်
ပိတောက်ကို တွေ့၏
နွမ်းရိရိ ခပ်ကြေကြေ
ပန်တော်ကျ နေမှာပေါ့---။
ရိချင်ရိ ကြေချင်ကြေ
အလွမ်းပြေ သည်ပိတောက်
ခြောက်ချင်လည်း ခြောက်စေတော့---။
ကောက်သိမ်းမည် စိတ်မှာတွက်---။
(1)-----------------
(2)---------------
(3)-------------
(4)-----------
(5)---------
သြော်---အေအိုင်ဒီအက်စ်။ ။
သန်းစိန်
ရေပက်သူ လှပျိုဖြူများနှင့် တွေ့ဆုံခြင်းး
**************************
ဥပုသ်သယ် လိုလိုနဲ့ (သည်)
ပုတီးကို အယောင်ပြသော်လည်း
"တကယ့်ကို ဥပုသ်ရသလားရယ်လို့"
ပါးနားကပ် မေးကြတယ်
"ရတယ်ကွယ့် ရတယ်"
(ပါးစပ်ဟတာနဲ့ အနံ့ရတယ် ထင်ပါရဲ့)
လိမ်မိတယ် နောက်တပြစ် ဟာမှို့
နစ်နေအောင် ခေါင်းကလောင်းပါလို့
အိုးမဲပါ ဆွဲကာသွားကြတယ်
(ငမြတ်စံရယ်)
သောက်ရှက်တကွဲ---။ ။
သန်းစိန်
12.4.09
အိုဘယ့် ချစ်သူ
11.4.09
10.4.09
လက်ဆောင်
*******
ချိုချို အေးပါလို့
ဆိုတေး အသံသာဘို့
ထံတျာ ကဗျာရေးကာမှ
ငိုကြွေး အသံပါသည်ထင့်
ဆွေးချင့် သဖွယ်---။
အခြေ မကောင်းသော်ကြောင့်
ရွှေ့ပြောင်း ကာရံရှာလည်း
မဖန်သာ ခါမဟုတ်ပြီမှို့
ခွါဆုတ်ကာ သည်အရေးကို
ဝေးနေမှ တော်မယ်---။
တစ်ဘဝလုံးသာပါ့ မေရယ်
အလှဆုံးကို တမင်ရှာပါလျက်
မကြင်နာ ဘယ်အတွက်ကယ်ကြောင့်
သွေပျက်ဖို့ ကြံရွယ်
ပျက်ပျယ်ခဲ့ ဘယ်ဝဋ်ကြွေး---။
လှသက်ဆွေရယ်
ကျမျက်ရေ ဖြိုင်ဖြိုင်ဝေလို့
ကံခေသူ မဆိုမပြောပေမယ့်
ဖိုမောအောင် လက်ဆောင်တေးကို
ရေးဖွဲ့လို့ ပေး---။ ။
သန်းစိန်
9.4.09
7.4.09
ပြဿဒါး
မှတ်ချက်။ ။(ငမြတ်စံ ငယ်စဉ်က အကြောင်း အပြန်ပြောင်းလို့သတိရ
အရူးထပြီး ရေးချသည့်စာ ကဗျာမဟုတ်)
သန်းစိန်
5.4.09
ဖြစ်မှဖြစ်ရလေ ********* လမ်းတလျှောက် ပန်းပိတောက်တွေက လျှမ်းတောက်လို့ ထိန်ထိန်ဝါ---။ ရက်မြတ်ကယ်သည် ချိန်ခါ လှကညာ တစ်ယောက် ပိတောက်တွေ ပွေ့ ကိုယ့်လာတွေ့တော့ ပျော်မွေ့စရာ---။ မိုက်ပါဘိ မြတ်စံရာ ပိတောက်တွေပွေ့ ဘယ်သူက မင့်လာတွေ့မှာလဲ---။ သည်ကဗျာ မဟုတ်တရုတ် ဖြဲလို့သာဆုပ်----။ ။ | - |
စာကြွင်း။ ။(ငမြတ်စံ သင့်ထံ ပန်းတွေပွေ.၍ လာတွေ့မည့်သူသည် နတ္ထိ-မရှိ ။
သေမင်းကသာ သင့်ကိုတွေ့ရန်ရှိ၏ ဂဏှာဟိ-မှတ်လေလော့)
သန်းစိန်
4.4.09
ဘုရားခန်းထဲက အမေ
**************
ဟို-ခင်တန်း
ပိတောက်ပန်း ပွင့်ပြီကွဲ့---။
သားရေ--သွားသွား--
ဘုရားပန်း ထိုးဘို့
ပန်းတစ်အိုးစာ ချိုးခဲ့---။
ပိတောက်ရဲ့ ဝါဝါ
ဗုဒ္စမြတ်စွာ ရှေ့---။
ဆိပ်ငြိမ်စွာ အမေ့ကိုတွေ့တော့
စိတ်အေး ချမ်းမြေ့---။ ။
(တမလွန်မှ မိခင်သို့ ကန်တော့ပန်း)
သန်းစိန်
3.4.09
ထန်းရည်ဝိုင်း
![]() |
ထန်းရည်ဝိုင်း
********
ယောက်ဖရေ
ဒီညနေ
ထန်းရေတမြူနဲ့ (ရည်)
ပဲကြီးလှော်ယူခဲ့----။
လသာသာ
ငါ့အိမ်မှာ ဝိုင်းဖွဲ့ရအောင်
ဟိုကောင်တွေပါ ခေါ်ခဲ့---။
ဆေးပေါ့လိပ်နဲ့ ပဲကြီးလှော်
အမြည်းက ဒါဆို တော်ရောပေါ့---။
ကော့လန်လန် အုန်းမှုတ်ခွက်နဲ့
တယောက်တလှည့် ငှဲ့မော့ကြမယ်လေ---။
ပြီးတော့ စာအကြောင်း
ကဗျာအကြောင်း
အားကောင်း မောင်းသန်ငြင်းကြတယ်---။
နောက်တခါ
ရွာအကြောင်း ရပ်အကြောင်း---အစုစု
သာမှု့နာမှု့ ဘယ်လိုပြုကြမယ်---
မိုးယိုနေတဲ့ စာသင်ကျောင်း ဘယ်လိုပြင်ရင် ကောင်းမယ်----(လျှင်)
လုပ်အားပေးက ဘယ်နှစ်ရက် ကျန်သေးတယ်---
ပေါ်တာကြေးကို ဘယ်လို ပေးကြမယ်---
ဘယ်သူ့ကလေး စစ်သားစုဆောင်းရေးမှာ ပါသွားတယ် ----
ရွာထဲရပ်ထဲ စကပ်ကွဲနဲ့ မိရွှေသဲတို့ ကဲကြတာလည်း ပါသပ---
ကျုပ်တို့က ကာလသားတွေကိုးဗျ---။
နောက်ပိုင်းကြ
ရွာထဲက အနေရိုးတွေ အကြောင်း---
-------------------------
------------------------
------------------------။
အရှိန်လေး ရလာတော့---
ဗိုလ်ကြအုပ်စိုး ဆိုးနေတဲ့ မအေ-ိုးတွေ အကြောင်း---
ဗျောင်းဆန်အောင်ဆဲကြ---ဆိုကြ
တော်တော်လေး မူးကြပြီ---။
---------အကြောင်း
---------အကြောင်း
---------အကြောင်း
ဇာတ်ပေါင်းတော့
ယောက်ဖက ခေတ်မကောင်းလို့---တဲ့
ဟိုတကောင်က စနစ်မကောင်းလို့---တဲ့
အားလုံး သဘောတူတာက
ခေတ်ရော စနစ်ရော ပြောင်းရမတဲ့ဗျာ---။
ကဲကဲ--လက်ကျန်ငှဲ့လကွာ---
နောက်ရက်မှာ ဒီကောင်အိမ်
ဟိုနောက်ရက်မှာ ဟိုကောင်အိမ်
ဒို့အချိန်မှန် ဆုံကြမယ်လေ
နှုတ်ရေ တပြင်တည်းပေါ့ကွာ---။ ။
သန်းစိန်
1.4.09
18.3.09
မတ်လ ဇာတ်ကြောင်း
**************
နွေဦးအစ လေရူးကထပြီ--
လက်ပံတွေလည်း ဖူးကြ ပွင့်ကြ မီးတောက်ကြီးတွေထနေသလို ရဲရဲကို နီနေကြပါပြီကော--။
အော်---မတ်လ မတ်လ မြန်မာလိုကြ တပေါင်းလ နှစ်ကုန်တော့မည့် အခါသမယ ပေပဲ--
ဒီအချိန်ပ--လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ရရာဒါးလှန်တွေကိုချွန်သ သတ္တိကိုပြပြီး ဒို့အဖိုးအဖွားတွေက ဖက်ဆစ်ဂျပန်ကို အမြစ်ပါမကျန် တော်လှန်ခဲ့ကြတာ--
တယ်လည်း ညီညွတ်ခဲ့ကြသကိုး---ဗျ---။
ဒင်းတို့ကို တော်လှန်ခဲ့ကြတာက လွတ်လပ်ရေးပေးပါ့မယ်လို့ ကတိတွေထား စကားမှမတည်ကြတာ---ပေးတာကအတုကြီး
ကျွန်သဘောက်ဘဝ အရှင်လတ်လတ် ငရဲရောက်ကြရတာကလား---
အသတ်ခံရ အဖြတ်ခံရ ညှင်းပန်းခံရ နှိပ်စက်ခံရ အမျိုးသမီးတွေဘဝကတော့ ပြောမပြောချင်တော့ပါဘူး
တစ်တိုင်းပြည်လုံး ဒုက္ခတွေ အနန္ဒပေါ့---။
ဟော--အခုကြတော့---
ပြည်တွင်းဖြစ် ဖက်ဆစ်နဲ့တွေ့ကြရပြန်ပြီ--
တက်လာစ အမည်က နဝတ--တဲ့
ဘာကွာကြလို့လည်းဗျာ---
သူလည်း ကတိတွေပေးပါတယ်--
ရွေးကောက်ပွဲပြီးတဲ့အခါ အနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျှားပြန်မယ်တဲ့--
မင်းမှာသစ္စာ လူမှာကတိနော်--
ရွေးကောက်ပွဲကြီး ပြီးပါပြီခင်မျ--(၉၀)ခုနှစ်က---ပေါ့
လွပ်လပ်ပြီး တရားမျှတလို့ ကမ္ဘာကတောင် အံ့သြယူရတယ်--
ကဲ--ဘယ့်နှယ်လည်း ပေးထားတဲ့ကတိ တည်ကြသေးလား--
ခေါင်းမာလိုက်သမှ နအဖ လို့တောင်အမည်ပြောင်းထားလိုက်သေး--
ဒီမိုကရေစီအရေး ဝေးလို့--ဝေလာဝေး--လို့--
ဒီမိုကရေစီလို့အသံပေးလျှင် ကလေးသော လူကြီးသော သဃာံကော သီလရှင်ကော ကိစ္စချောသွားနိုင်တယ်နော--။
လူ့အခွင်းအရေး နဲနဲလေးမျှအပြောမခံ အားလုံးထောင်နန်းစံသွားရမယ် မှတ်။
နန်းသက်က ရှည်ပါဘိသနဲ့---
မေတ္တာလေးပို့တာတောင် သတ်တဲ့အကောင်တွေ---
ပျံလွန်တော်မူရှာတဲ့ သဃာံတွေ နဲမှမနဲပဲ--
ဘယ်လိုလုပ် သာသနာ ထွန်းတောက်နိုင်မလဲ---
ဒီအထဲ ဘုရားတည်သေးဆိုလား--
မျက်နှာပြောင်သလားမမေးနဲ့ တရွေးမျှအရှက်မရှိကြဘူး--။
တိုင်းပြည်အရေးကတော့ ရင်လေးစရာတွေချည်း---
ဒီမိုကရေစီအရေး လူ့အခွင့်အရေး တိုင်းရင်းသားအရေး ဘယ်အရေးမှစိတ်မအေးရဘူး---
ဒီအထဲ ၂ဝ၁ဝ ဆိုတာက လာလာချည်သေး---
ကလိမ်ခြုံ ဒိုက်ပုံက ပတ်ပြန်တော့မည်-- ။
တွေ့ကြ ဆုံကြ ဆွေးနွေးကြ တိုင်းပင်ကြ ဆိုပြန်တော့လည်း---
မတွေ့ရဲ မဆုံရဲ မဆွေးနွေမတိုင်ပင်ရဲ တစ်ကယ့် သတ္တိခဲတွေပါပဲ---တွေ့ဆုံဆွေးနွေးရေးစကားများလုံးဝမကြားလိုကြ--
က္ကိတိပိသောကို တစ္ဆေ သရဲများက ကြောက်သလို ကြောက်နေကြထင်ပါရဲ့--
ဒါ သေနတ်ကိုင်ထားတဲ့ လူတွေတဲ့ဗျာ-- အံ့ရော အံ့ရော---။
ဒင်းတို့လည်း ဘယ်လောက် ကြာရှည်ခံနိုင်မှာလည်း---
သူပျော့လျှင် ဖယောင်းတဲ့
သူကမာနေတော့ ကိုယ်က သံချောင်းရတော့မယ်ပေါ့--
ဒို့အဖိုးအဖွားတွေက ရဲစိတ် ရဲမာန် တစ်ကြွကြွနဲ့သတ္တိသွေးပြပြီး
တိုင်းတစ်ပါး ဖက်ဆစ်ကိုတောင် တော်လှန်နိုင်ခဲ့ကြသေးတာ---။
ဒို့ကြမှ ညံ့ရာအကြ မခံဘူး--
ကဲ-- ညီလေးတို့ရေ--အားမွေးပြီး ဒါးသွေးစို့ကွာ---စမယ်ဟေ့--
ဟော လက်ပံပင်ကြီးတွေက မီးတွေထွန်းလို့ ဒို့ကိုလမ်းပြနေကြပြီ---
ညီစေကွဲ့ ညီစေ။
နီစေကွဲ့ နီစေ။ ။
သန်းစိန်
15.3.09
လွဲနေသောရေစီးကြောင်း
***************
ကလေးက တငိုငို
ကျောင်းဝင်ကြေး ငွေလိုလို့
မျက်ရည်တွေ စိုရွှဲ
စုဘူးကလည်း ပြည့်နိုင်ခဲတယ်---။
ဖေဖေကြီးမှာတော့
ဘီယာတွေ တစ်လုံးပြီးတစ်လုံး ဖေါက်
တစ်လုံးပြီးတစ်လုံး သောက်
နေညိုချိန်ရောက်လို့
မှောက် သွားတဲ့ခါ---။
ကလေးခမျာ
ပုလင်းခွန် တစ်လုံးပြီးတစ်လုံး ကောက်
ဈေးပေါက်ဝ သွားရောင်း
ပြန်လာတော့ လက်ဆယ်ချောင်းထောင်ပြ
ငွေတစ်ဆယ်ရလို့ ပြုံးရွှင်ပျော်
ဖေဖေကြီး များများသောက်နော်---တဲ့
ဖေဖေကြီး များများဆက် သောက်။ ။
သန်းစိန်
14.3.09
ယနေ့အတွက် ကျွန်ုပ်၏ နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်လိုက်သော စာများ၊
***********************************************
ငမြတ်စံ အဖို့ အလုပ်က မယ်မယ်ရရ မရှိလှ
ဘလော့ နှိုက်ရင်းနှင့်သာ တစ်နေကုန်ပြန်တော့၏။
လူငယ်များ ဘလော့တွေကိုသွား လူလည်များ ဘလော့တွေကိုရှောင်
သူတို့ရဲ့အရေးအသား အတွေးအခေါ်များကို လေ့လာ
ကိုယ့်ကိုကိုယ် ခေတ်မှီအောင် မွန်းမံရ သကိုဗျ။
အရေးအသားတွေကကောင်းကြတော့ စာတွေထဲစီးမျှောနေလိုက်တာ--
ခဲထားတဲ့ ဆေးပေါ့လိပ်က မီးပွားတွေကြလာမှ ပြန်ပြီး သတိရ--
ကံကောင်းလို့ ဘောင်းဘီထဲမကြတာ ။
ကီးဘုတ်မှာ မီးလောင်ပေါက် တစ်ရာနှစ်ရာနဲ့--
သူ့ခမျာ ပူရှာမှာပေါ့---နော။ ။။
12.3.09
8.3.09
6.3.09
ဒေါ်စုကို ဂလပ်စဂိုမြို့ က အမြင့်ဆုံးဆု ပေးအပ်

ဗြိတိန်နိုင်ငံ စကော့တလန်နယ်မှာ အကြီးမားဆုံးမြို့ ဖြစ်တဲ့ ဂလပ်စဂိုမြို့ ရဲ့ လွတ်မြောက်ရေးဆုရှင်အဖြစ် အဖမ်းအဆီး ခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ပြီး အဲဒီဆု ပေးအပ်တဲ့ အခမ်းအနားကို မနေ့က ဂလပ်စဂိုမြို့ တော်ခန်းမမှာကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့  ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း က တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုကို လက်ခံခဲ့ပါတယ်။
2.3.09
နွေဦးပေါက်စ ငမြတ်စံတယောက် ပျင်းခြောက်ခြောက်ရှိလှသမှို့ ဟာသရသတို့ ပါဝင်မည်ထင်သော စာကဗျာတို့ကိုလှန်လှောရှာဖွေမိ၏။
ဟော--တွေ့ပြီ ဦးပုည ရေးတဲ့ ကောသလ ပြဇာတ်ထဲက စကားတချို့။ မြည်းစမ်းကြပါကုန်။ ။
-------------------------------------------------------------
ရှေးသရောအခါ ဟေမဝါမှာ သာယာစွာဘိ--- ရွှေမှုံဝတ်ဆံ ကြာမျိုးရံ ရေကန်ကြီးရှိ သတဲ့--- ထိုရေကန်သို့ လူတန်ယောင်္ကျား တယောက်သားသည် အမှားသင့် ရောက်လှာ--- နေကပူပြင်း ရေငတ်ခြင်းကြောင့် ဆင်းလို့ ရေသောက်ရော့--- ခေါင်းစောက်ထိုးထား တင်ပါးမိုးမျှော် သိကြားကို သရော်သလို ဇာတ်လုံးပေါ် ခင်းရာတွင်--- တောတွင်းက ယောင်တောင်တောင် လူဝံကြီး တကောင်လဲ များအောင်မကြာ ရေကန်တွင်းသို့ ဇွတ်ဆင်း၍ လာပြီးလျှင်--- မောင့်ပဇာ ကပ်ပဲ့အိတ် နီချိပ်ချိပ် စုပ်ဖတ်ဖတ် ပင့်ကူမြှေး ရစ်ကာနှင့် ကျီးအာသီး မှတ်လေတော့--- ဆတ်ကနဲဆုပ် ဆွတ်တော့မည် လုပ်ရာတွင် ရုတ်တရက် မကြွေတဲ့လို့ မမှဲ့သေး ပါတကား နက်ဖြန်ခါမှ ငါလာ၍ စားမည်ဟု--- ငမိုက်သား လူဝံမွဲ အကြံ လွဲပေလို့ မဆွတ်ဘဲသွား ထိုယောင်္ကျားလဲ ကန်အားလျှော်စွာ ဘေး လွတ်ရှာရော့---။ နက်ဖြန်ခါ နောက်တရက်တွင် ဟင်ရွက်ခူး ဇီးသီးကောက် အပျိုကြီး တယောက်သည် ရေသောက်မည် အကြံနှင့် ရေကန်ကိုဆင်း တကိုယ်ချင်း လူရှင်းသည့် အရပ်မှို့ မကပ်ဗလာ ထမီကို ခွာပြီးလျှင် ငုံ့ကာကုန်း၍ အုန်းပင်စိုက် ဂျွမ်းလှန် ရေ စည်းစိမ် ခံတုန်းကို--- ယမန်က လူဝံကြီး ကျီးအာသီး စားမလို့ ဘွားကနဲ အဆင်း ရေကန်တွင်းက သကောင့်သမီး အပျိုကြီး၏ တင်ပါးသီးအောက် မောင်လူဝံ ရောက်ချည်ရော--- တောင်မြောက် မလှည့် ကုန်း၍ ကြည့်ရာတွင် ရိုင်းဘိစွ တကား--- မနေ့က ကျီးအာသီးကို ကျီးဖေါက်၍ စားခဲ့ပြီ---- အသားကလေး နဲနဲ နီမဲမဲ တစေ့ထဲ ကျန်တော့တယ်လို့--- တိရစ္ဆာန် လူဝံ မြည်တွင် တောက်တီး မြိုင်ရပ်သို့ မှီးသောကြောင့်--- အပျိုကြီး မမ ချမ်းသာခွင့် ရလေတော့။ ။ (ကဲ--အပျင်းတော်ပြေကြစေဗျား----) | - |
28.2.09
တျာချင်း
*******
မိုးသောက်ကာလ အိပ်ယာထလျှင်
စောစောစီးစီး ဇနီးက အပြစ်တင်
ရုံးသွားဖို့ပြင် ကိုယ်တွင်အဝတ်
ကချင်လုံချည် ဖျင်ပင်နီ--
အင်္ကျီတိုက်ပုံ ခပ်ညစ်ညစ်ကယ်နှင့်လေး---။
လကုန်ရက်ခါ ကားခရယ်မပါ
ခြေလျှင်သာ ကိုယ်ထည်းလျှောက်လို့လာ
ဆေပေါ့လိပ်ဖွာ စိတ်မှာတွေးရင်း
လယ်ကွင်းကိုကျော်လျှင် ရုံးကိုဝင်
ကိုယ်တွင် ချွေးစွတ်စွတ်ကယ်နှင့်လေး---။
ထမင်းထုပ်ငယ် လွယ်အိပ်ဝယ်
ခဲတံမှင်ချောင်း သောင်းပြောင်းရော၍သာလွယ်
အပေါင်ဘောင်ချာ တဖြာကြွေးစာရင်း
အသင်းဝင်ကြေး ပေးရန်တဖုံ အလုံးစုံ
အကုန်သာ ရော၍ပြွမ်းသည်နှင့်လေး---။
ဆူလည်းဆူလွန်း မေးခွန်းများစွာ
ဆဲကာကြိမ်းမောင်း သောင်းပြောင်းထွေလာ
အိမ်သို့ရောက်ခါ မောင်းကာနှင်ထုတ်
ကြွေးကထူထူ နားကပူ
ငြီးငြူစူပုပ် ငရုပ်ကျည်ပွေ့ငယ်နှင့်လေး---။
အလုပ်ကယ်ပြန်လာ ငွေတရာသာ ကျန်တော့သည်။
အဟုတ်ငယ်မဖန်သာ အမေ့ရွာမှာပြန်တော့မည်။
သန်းစိန်
26.2.09
အချစ်နဲ့ဘဝ
********
အချစ်ဆိုတာ---
ဘောင်းဘီထဲ မီးပွားကြသလို
အင်မတန် ပူလောင်ပြီး
ခါထုတ်ရ အလွန်ခက်သတဲ့
ကမောက်ကမ ဒဿနတွေထင်ပါရဲ့---။
ဘဝဆိုတာဗျာ---
ခရမ်းချဉ်သီး ညှစ်သလိုမျိုး
ရှေ့ကိုညှစ်သော်လည်း
နောက်ကိုပြန်စင် တတ်တယ်ဆိုပဲ---။
ကျုပ်တော့---
ချစ်လည်း မချစ်ချင်
ညှစ်လည်း မညှစ်ချင်တော့ပါဘူး---။
သန်းစိန်
18.2.09
ကွဲပြားသောချီတက်ခြင်းများ
*****************
ကိုနန္ဒာရေ
ကျုပ်တို့မှာ
ဒါးတချောင်းလိုတယ်ဗျ---ဒါးတဲ့။
ကိုသံချောင်းလိုချင်တဲ့ ဒါးတချောင်း
ဖေါင်ကောင်းကောင်းဖွဲ့ဘို့ပေါ့
ဖေါင်ကောင်းကောင်းဖွဲ့ချင်လို့---။
မီးပင်လယ်တမျှမကတဲ့
ဒုက္ခတွေအနန္ဒကို
ကျော်လွှားပြမယ့်ခင်များရဲ့အားမာန်
စင်္ကြာဝဠာတခုလုံးညံသွားအောင်
သြဘာသံတွေအပေးခံခဲ့ရတယ်---။
မလျှော့တဲ့ဇွဲ
သတ္တိခဲမှို့
ကျုပ်တို့လည်းအားကြမိသဗျို့---။
ကိုသံချောင်းရေ
ဗျို့---ကိုသံချောင်း
ဒါးကောင်းကောင်းလိုသဗျာ---ဒါး။
ဒါပေမယ့်
ကျုပ်လိုချင်တဲ့ ဒါးတလက်
ဖေါင်ဖျက်ဘို့ ခင်မျ
ဖေါင်ဖျက်ဘို့---။ ။
သန်းစိန်
ငွေဖေါင်စီး၍ ပြည်ကြီးပြန်သူများအား ဤကဗျာဖြင့် ဆရာကြီးမြသန်းတင့်သို့
တိုင်တမ်းလိုက်ပါသည်
အိုင်ချင်း ***** ချစ်တဲ့သူငယ်လေ Blogger အပေါင်း ယောင်းမတို့ရေ--- ညီမလေး အမအိမ်ကို လာလည်လိုမူ Desk top နှင့် Lap top နှင့်--- လာဖြစ်တယ်ဆို ကြိုပြောလိုက်ပေါ့ Google talk နှင့် Skype နှင့်--- ဆက်သွယ်ရန်က Blogတွင်မူ Comment box နှင့် C-box နှင့်--- Comment မပေး C-box လေးမှာ မရေးသာလျှင် Sidebar ထဲမှာ တွေ့အောင်ရှာ Chatting ပါတယ်ရှင်--- မ Chat အားလည်း အောက်နားလေးသွား Scrollbar ရွှေ့ E-mail လိပ်စာတွေ့မယ်ရှင့်--- မြို့ပေါ်ရောက်မှ လိပ်စာကိုမေ့ အိမ်မတွေ့သော် Phone ကိုခေါ်ရှင့်--- မွေးမေတား၍ မအားလို့များ မကြိုအားလျှင် စီဒိုးနားတွင် တည်းခိုဝင်--လေး---။ သန်းစိန် | - |
14.2.09
13.2.09
11.2.09
11.1.09
မတော်တဆ မပေါ့ကြနဲ့
ညောင်ပင်ကြီးကူးတို့ အမှတ်တရ
ချင်းတွင်းမြစ်ကို မုံရွာ-ညောင်ပင်ကြီးဆိပ်ကနေ ကူးရတာက အတွေ့အကြုံတမျိုးပါ။ အများဆုံးသုံးကြတာကတော့ ကားပါ တင်ကူးလို့ရတဲ့ဇက်နဲ့ပေါ့။ စက်လှေ၊ လူလှော်တဲ့လှေလည်းရှိတယ်။ ရာသီအလိုက် ရေတက်တာကျတာရှိလို့ တခါနဲ့တခါ တချိန်နဲ့ တချိန် မတူဘူး။ သောင်ပြင်ကြီးဖြတ်ပြီး၊ သုံးဆင့်သွားတန် သွားရတတ်သေးတယ်။ ခရီးသွား ခရီးပြန်တွေ ဆိုတာကလည်း အမျိုးအစား၊ အတန်းအစားတွေကလဲ စုံမှစုံ။ သုံးရာသီပြည့်အောင် ထိုင်ကြည့်နေရင် စာရေးတတ်တဲ့သူ အတွက် ရေးစရာတွေ ပုံနေမယ်။
အောက်သားတွေက သံလျင်ကူးတို့အကြောင်း ရုပ်ပြကာတွန်းစာအုပ်တွေထဲ ရေးချိန်မှာ ချင်းတွင်းသား ကာတွန်းဆရာ မထွန်းကားခဲ့ဘူးနဲ့ တူပါရဲ့၊ ချင်းတွင်းက ရင်ခုန်စရာဇာတ်လမ်းတွေ၊ ရီစရာ-မောစရာတွေ မဖတ်ခဲ့ရဘူး။ မုံရွာမှာလည်း “စံရွှေမြင့်”တွေ ရှိတာပါ။ သီတာသင်္ဘောပေါ်က ဆေးရောင်းတဲ့လူတွေနဲ့မခြား မုံရွာကူးတို့က ဆေးအရောင်းဆရာများ ကလည်း ကြော်ညာရာမှာ ထူးခြားတာတွေ ရှိတာပါဘဲ။
သစ်ပုလွေသားကိုင်းမှာ သနပ်ခါးရွက်တွေ ထိုးစိုက်ပြီး တင်လာတဲ့လူတွေပါမယ်။ ပုံတောင်-ပုံညာက ယောသားတွေလည်း လာမယ်။ ဂန့်ဂေါထည်တွေ သည်လာသူတွေ တွေ့ရမယ်။ ဆားလင်းကြီးဘက်က ထန်းပင်မြစ်ကောင်းကောင်းတွေ၊ ပုလဲ၊ ယင်းမာပင်က ကုလားပဲနဲ့ဂျုံ တင်တဲ့ကားတွေက အပြန်မှာ ဆန်တင်ခဲ့ကြတယ်။ မန္တလေးကုန်၊ အထက်ချင်းတွင်းကုန်နဲ့ မိုးလေးကုန် ခေါ်တဲ့ ကုလားပြည်ထွက်ပစ္စည်းတွေ၊ ရေးပြလို့ စုံမှာမဟုတ်ပါ။
ဟိုတချိန်ကပေါ့၊ မန္ကလေး “၀သ” က သမိုင်းမေဂျာ ကျောင်းသားတွေ ဖိုးဝင်းတောင်ဖက် ခရီးထွက်ကြဘူးတယ်။ မုံရွာကနေ ဆွဲမော်တော်ကြီးနဲ့ကူးကြရတာပေါ့။ မော်တော်က ဆိုင်းဘုတ်ပြုတ်ကျပြီး၊ ကျောင်းသူတယောက် ခေါင်း ခိုက်မိပါလေရော။ အဲ့ ကျောင်းသူက ဘုတလင်သူ။ သူ့အဆက်က “ဆေး-မန်း” က မုံရွာသား။ “အဆက်”ဆိုတာ သမီးရည်းးစား။ ဆေး-မန်း ဆိုတော့ အလွယ်သိကြမှာပါ။ “၀သ” ဆိုတာက “မိန်း” လို့လဲခေါ်တဲ့ ၀ိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်။
ဆေးကျောင်းသားလေးခင်ဗျာ စိတ်ပူရှာလို့ ဘာလုပ်ရမှန်း သိပ်မသိ၊ နောက်ဆုံး ခေါင်တက် အကူအညီတောင်းသဗျ။ သမိုင်းပါမောက္ခက ဒေါက်တာသန်းထွန်း။ သူ့အိမ်သွား တံခါးခေါက်တယ်။ အမှန်က တံခါးခေါက်ရတာတော့ မဟုတ်ဘူး။ “ကွန်သာယာ” အိမ်တံခါးမှာ ကြေးခြူ ခပ်ကြီးကြီးတပ်ထားတာမို့ ဆွဲလှုပ်ရတယ်။ မောင်ကျောင်းသားကို ပါမောက္ခက နှစ်သိမ့်ရှာပါတယ်။
ခေါင်းကိုထိရင် မပေါ့ရပါ၊ ဆေးကျောင်းသားသိပါသည်။ ခေါင်းခွံက အမာကြီး။ အထဲက ဦးနှောက်ဆိုတာက ပျော့စိစိ။ ခေါင်းခွံအထက် ဦးရေခွံကထူတယ်။ လူ့အရေပြားမှာ လက်ဖမိုးအပေါ်ကရှိတာက အရေပါး၊ လက်ဖပါးက အရေထူ။ ဦးခေါင်းဖုံးထားတာက အထူဆုံး။ မှန်ဘီလူးနဲ့ကြည့်ရင် ငါးထပ်တောင်ရှိတာ။ scalp စာလုံးငါးလုံးမဟုတ်လား။ ဦးရေခွံ ကွဲနိုင်-ပြဲနိုင်တယ်။ ဒါက ချုပ်လိုက်ရင် ပြီးရော။
အမှန်က မပြီးသေးဘူးဗျ။ ခေါင်းထိရင် အနည်းဆုံး ၂၄ နာရီစောင့်ကြည့်ရတယ်။ ကြားထဲမှာ မူးသလား၊ အန်သလား၊ သတိကောင်းရဲ့လားစတာတွေ ကြည့်ရမယ်။ ပျော့စိစိကို သွားထိသလားဆိုတာပေါ့။ ဦးနှောက်ဟာ ခေါင်းခွံအမာကြီးထဲမှာ နေရတာ မလွတ်လပ်ပါ။ မလွတ်လပ်ဘူးဆိုတာက ဒီလို့ ဘောင်းဘီကခပ်ကြပ်ကြပ်၊ ခါးပတ်လည်းပတ်ထားပြီး ထမင်း အ၀အပြဲစားလိုက်ရင် ဘာဖြစ်မလဲ။ အဲလိုဘဲဗျ။
လူ့ကိုယ်မှာ တခုခုနဲ့ခိုက်မိရင် ထိတဲ့နေရာမှန်သမျှ ရောင်လာတယ်။ တိတိကျကျပြောရင် ရောင်တယ်၊ နီတယ်၊ နာတယ်၊ ပူလဲပူလာမယ်၊ နောက် သူ့တာဝန်သူ မလုပ်နိုင်တော့ဘူးဆိုပြီး၊ “ငါးမည်ရ ရောင်ခြင်း” မည်ပါတယ်။ Inflammation လို့ ခေါ်ကြတာပေါ့။
'လျော့စားမယ်ဗျာ” ပြောပြီး၊ ပုဆိုးလျော့ဝတ်သလို ပျော့စိစိဦးနှောက်ခမြာ လုပ်မရပါ။ ဒီတော့ ခေါင်းခွံအမာကြီးထဲ ရောင်ချင်တိုင်း ရောင်မရ၊ ဒုက္ခမလှမပ တွေ့ရတော့တယ်။ မူးတာ-အန်တာ စတာတွေဖြစ်လာမယ်။ စောင့်ကြည့်ပါဆိုတာ အဲတာပါ။
ဒါတင်ဘယ်ကမလဲ၊ ဒီထက်တောင်ဆိုးတာ ရှိနိုင်သေး။ ခေါင်းကို တဖက်ကနေ ရိုက်မိတယ်-ထိုးမိမယ်ဆိုပါတော့၊ ထားပါ ဘယ်ဘက်ကနေလက်သီးနဲ့ထိုးမယ်။ အမာစားအခွံထဲက အပျော့စားဦးနှောက်ဟာ ဘယ်ဘက်မှာ တချက်နာ၊ နောက် ညာဘက်ဆီ ရွေ့သွားရတယ်။ ခက်တာက ညာဘက်မှာလဲ ခေါင်းခွံအမာကြီးက ခံထား။ ဒီတော့ ညာဖက်က အမာစားနဲ့ တခါထပ်ညားလို့ “မပြော့စိ နှစ်ခါနာ” ဖြစ်ရရှာတယ်။
ခေါင်းခိုက်မိရင် ခေါင်းရင်းမြှင့်ထား၊ ခေါင်းအုံးမြင်မြင့်နဲ့သိပ်။ နဲနဲပါးပါးရောင်တာကို သက်သာအောင်ပေါ့၊ ဆေးရုံရောက်ရင် အရောင်ကျအောင် ဆားခါးထိုးဆေးထိုးပေးလိမ့်မယ်။ အိပ်ဆေး၊ အရက်မပေးပါနဲ့။ သူ့ကြောင့်မူးလား၊ ဒဏ်ရာကြောင့် မူးလား မသိမှာစိုးလို့။ အိပ်မပျော်အောင်တောင်မှ နိုးနေဘို့လိုပါတယ်။ မီဒီယာသမားများလို မေးခွန်းတွေ တောင်စဉ် ရေမရ မေးနေပါ။
ပျော့စိစိမှာရှိတဲ့ သွေးကြောဆိုတာကလဲ နုနုလွလွလေးတွေ။ ပေါက်ပြီဆိုရင် သွေးထွက်စရာ ဘယ်မှာလဲ။ အထဲထဲမှာ တ၀ဲလည်လည်ပေါ့၊ ရှိတော့ရှိတယ် ထွက်ပေါက်နှစ်ခု။ နားနဲ့ နှာခေါင်း။ နှာခေါင်းထဲယိုရင် ပါးစပ်ထဲကလည်းထွက်မယ်။ ခေါက်ခိုက်မိလို့ နှာခေါင်းသွေးယိုတာနဲ့ နားထဲကနေ သွေးယိုရင် ဆိုးပြီသာမှတ်ပေတော့။ သွေးမဟုတ်ဘဲ ခပ်ကြည်ကြည် အရည်ယိုရင်လဲ ဆိုးတာဘဲ။ တက်နိုင်တယ်၊ မျက်စိသူငယ်အိမ် အလုပ်ကောင်းကောင်းမလုပ်နိုင်တာလဲဖြစ်နိုင်တယ်။ ခေါင်းခွံအောက်ခြေ ကွဲနိုင်တယ်။ အသက်မသေရင်တောင် ပြန်မရတော့မဲ့ ဒုက္ခိတလက္ခဏာတွေ ကျန်နေနိုင်ပါသေးတယ်။ သွေးယိုတဲ့နေရာတို့၊ အရိုးကွဲတဲ့နေရာတို့က လူ့ရဲ့အဓိကအလုပ်တွေကို ထိန်းချုပ်တဲ့အပိုင်းတွေကို ဖြစ်ရင်တော့ ချက်ချင်းဆိုသလို ဆုံးပါးသွားနိုင်တယ်။ ဟိုတနေ့က တိုက်ပေါ်ကကျတဲ့ ချင်းဒုက္ခသည်တယောက် ဆေးခန်း မရောက်လိုက်ရပါ။
Head injury ဟာ ယောက်ျားတွေမှာ ပိုဖြစ်တတ်ပါသတဲ့။ ယာဉ်မောင်းရတာလည်း ပိုများ၊ အားကစားလုပ်တာတို့၊ ရန်ဖြစ်တာတို့၊ အလုပ်ထွက်လုပ်ရတာလည်း မိန်းမတွေထက် များတာကိုး။ ယောက်ျားတွေ သနားဘို့မကောင်းဘူးလား။
(ဟဲလ်မက်)ကို ဆိုင်ကယ်စီးတာတခုထဲ မဟုတ်ဘဲ၊ တီဗွီထဲမှာ မြင်ဘူးသမျှ နေရာတိုင်းကို လိုက်တုပြီး ဆောင်းတာ ကောင်းပါတယ်။ ခရစ်ကက်၊ ရေခဲပြင်ဟော်ကီ၊ ဘေ့စ်ဘောကစားတာတွေ ကျွန်တော်တို့တိုင်းပြည်မှာ မရှိသေးတာ ကံကောင်းတယ် ထင်ကြအောင်ဗျာ။ စက်ဘီးစီးရာနဲ့ အလုပ်ခွင်တွေမှာတော့ ဆောင်းကြဘို့ အကြံပေးလိုက်ချင်တယ်။
ညောင်ပင်ကြီးကူးတို့စီးရာမှာ (ဟဲလ်မက်)မဆောင်းခဲ့ပေမဲ့၊ သမိုင်းကျောင်းသူက ကံကောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့ကို ဖွါးဖွါး၊ ကျွန်တော့်ကို ဖိုးဖိုးလို့ အခေါ်ခံနေရချိန်အထိ အသက်ရှည်ဆဲပါ။
တင့်ဆွေ
9.1.09
အာ-တူး-ပီ
(အာ-တူး-ပီ) သည် (နာဂစ်)ဘေးဒုက္ခဆိုးကြီး ကျရောက်ချိန်၌ မြန်မာ့ဒီမိုကရေစီ လှုတ်ရှားမှုအတွင်း စတင်ဝင်ရောက် လာခဲ့သော အသုံးအနှုံးတခုဖြစ်ပါသည်။ Responsibility to protect (R2P or RtoP) ကို တိုက်ရိုက်ဘာသာပြန်ပါက “အကာအကွယ်ပေးရန် တာဝန်ရှိခြင်း” ပင်ဖြစ်သည်။ အမှန်မှာ ကမ္ဘာတွင် ၄င်းအသုံးပေါ်ခဲ့သည်မှာ မကြာသေးပါချေ။
၁၉၂ နိုင်ငံတက်ရောက်ခဲ့သည့် ၂၀၀၅၊ စက်တင်္ဘာ ၁၄-၁၆ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ရလဒ်အရ၊ အကြိမ် ၆၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ဆုံးဖြတ်ချက်အပိုဒ် ၁၃၈-၁၃၉-၁၄၀ အဖြစ် အောက်ပါ ရာဇ၀တ်မှုကြီးလေးမျိုး အတွက် “စုပေါင်း အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း” တညီတညွတ် သဘောတူခဲ့ကြပေသည်။
၁) Genocide လူမျိုးပြုန်းအာင်သတ်ဖြတ်ခြင်း၊
၂) War crimes စစ်ရာဇ၀တ်မှုများ၊
၃) Ethnic cleansing လူနည်းစုများအားရှင်းပစ်ခြင်းနှင့်
၎) Crimes against humanity လူသားမျိုးနွှယ်အပေါ်ကျူးလွန်သောရာဇ၀တ်မှုတို့ဖြစ်ကြသည်။
ဆိုလိုသည်မှာ အစိုးရများသည် ၄င်းတို့၏ပြည်သူပြည်သားများအား အထက်ပါအမှုအခင်းကြီးများမှ အကာအကွယ်ပေးရန် တာဝန်ရှိသည်။ အလားတူ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း (ကမ္ဘာ့ကုလသမဂ္ဂမှတဆင့်) ၀င်ရောက် အကာအကွယ်ပေးရန် တာဝန်ရှိလာပေသည်။ ယင်းဖြစ်ပေါ်လာမှုမှာ ၁၆၄၈ ကတည်းက Peace of Westphalia အရ သတ်မှတ်လက်ခံလာခဲ့သည့် Sovereign equality အချုပ်အခြာအာဏာတူညီမှုကို အဓိပ္ပါယ်ဖွင့်ဆိုသည့် နိုင်ငံတကာဥပဒေ၏အခန်းက သိသိသာသာ ရှေ့တန်းတက်လာခြင်းပင်ဖြစ်ပါသည်။
လူသားများသည် မိသားစုအသွင်ညီညွတ်မှုအရ ဂုဏ်သိက္ခာရှိသော ယောက်ျား-မိန်းမ ဟူ၍ အသိအမှတ်ပြုခံလာရခြင်း သဘောလည်း ဆောင်ပေသည်။ သို့ရာတွင် (အာ-တူး-ပီ)၏ သက်ရောက်မှုများမှာ အငြင်းပွါးဘွယ် ဖြစ်နေဆဲရှိပါသည်။ စစ်ရေးနည်းမဟုတ်သည့် သံတမန်ရေး၊ လူသားချင်းစာနာမှုနှင့် ငြိမ်းချမ်းသောနည်းလမ်းများ သုံးခြင်းကိုမူ များစွာ အငြင်းမပွါးချေ။ စစ်ရေးပိုင်းကို အများစုက လက်မခံနိုင်ကြသေးစေကာမူ၊ Asylum နိုင်ငံရေးခိုလှုံခွင့်ပေးခြင်း အပါအ၀င် IDP ခေါ် ကိုယ့်တိုင်းပြည်ထဲမှာပင် အတင်းအဓမ္မနေရာဒေသ အရွှေ့ခံရသူများအား အကာကွယ်ပေးခြင်း စသည်တို့မှာ ကောင်းသော အစပျိုးမှုများပင် ဖြစ်ပါသည်။
နိုင်ငံတကာဥပဒေဖွင့်ဆိုချက်ကို တိုင်းပြည်တခု၏ အချုပ်အခြာအာဏာပိုင်မှုဘက်မှ ချဉ်းကပ်ခြင်းကိုသာ အားသန် နေခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်၏ ဆိုးဝါးသောအနိဌာရုံများကို တွေ့မြင်ပြီးသည့်နောက်ပိုင်းတွင်မူ၊ လူသားအရေးဘက်က ပို၍စဉ်းစားလာခဲ့ကြရာ၊ ၁၉၄၈ခုနှစ်က စတင်လက်ခံလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကနဦးခြေလှမ်းပင်ဖြစ်ပေသည်။ ယနေ့ဆိုလျင် လူ့အခွင့်အရေးတွင် တဦးချင်း အခွင့်အရေးအထိပင် ပြောဆိုလာနေကြပါပြီ။
“လူသားချင်းစာနာသောအားဖြင့် ၀င်ရောက်စွက်ဖက်ရေး” ဟူသော Humanitarian intervention သည် ၁၉၉၉ အကုန် (ဗင်းနစ်)၌ ပြုလုပ်သည့်အစည်းအဝေးမှ စတင်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ (ဆာရာလီယွန်း)ပြဿနာကြီးပြီးစဖြစ်ပါသည်။
၂၀၀၀ခုနှစ်က ယင်းတိုင်းပြည်တွင် ဗြိတိန်၏ အောင်မြင်ခဲ့သော (အော်ပရေးရှင်း-ပဲလစ်ဆာ) Operation Palliser ကြောင့် လိုအပ်သည့် စစ်ရေး၊ အတိုင်းအတာ၊ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လာကြရသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ “မထိရောက်မှု"မှာ ပေါ်လွင်ပါပေသည်။
">2001 International Commission on Intervention and State Sovereignty (ICISS) ခေါ် အချုပ်အခြာပိုင်မှုနှင့် နိုင်ငံတကာ ၀င်ရောက်စွက်ဖက်ရေးနိုင်ငံတကာကော်မရှင် အစီရင်ခံစာအရ “လူ့အသက်အိုးအိမ်ကို ကာကွယ်ရန်အလို့ငှာ ၁၉၇၈ (ဆိုမာလီ)၊ ၁၉၉၂-၉၅ (ဘော့စနီးယား)၊ ၁၉၉၈-၉၉ (ကိုဆိုဗို)တို့တွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခဲ့ခြင်းများနှင့် ၁၉၉၄ (ရ၀န်ဒါ)မှာ စွက်ဖက်ရန်ပျက်ကွက်ခဲ့ခြင်း၊ နှစ်မျိုးလုံးမှာ ငြင်းစရာတွေရှိကြောင်း” ပါရှိထားသည်။
များမကြာမီက ဖြစ်ပျက်သွားခဲ့ကြသော အာဖရိက၊ ဘော်လ်ကန်၊ အရှေ့အလယ်ပိုင်းဒေသတို့မှ သင်ခန်းစာများအရ နိုင်ငံတကာဥပဒေကို၎င်း၊ စုပေါင်းအကာအကွယ်ပေးပိုင်ခွင့်ကို၎င်း ငြင်းခုံစရာများ တိုးလာစေပေသည်။ ၁၉၉၉ (ဘောလ်ကန်)ဒေသတွင်း မျိုးပြုန်းသတ်ဖြတ်မှုဖြစ်နေစဉ် (နေတိုး)အုပ်စု၏ဆောင်ရွက်ချက်များနှင့် ဆက်၍ ကုလသမဂ္ဂက အုပ်ချုပ်ရေးတာဝန်ယူခြင်းများဖြစ်လာသည့်အခါ၌၄င်း၊ အီရတ်တွင် အမေရိကန်နှင့်ဗြိတိန်တို့က ကုလသမဂ္ဂမပါဘဲ၊ ၂၀၀၃ ခုနှစ်က ၀င်ရောက်တိုက်ခိုက်သည့်အခါ၌၄င်း၊ ပို၍ကျယ်လောင်စွာ ငြင်းခုံလာကြပေသည်။
The 2005 World Summit Outcome document ခေါ် ၂၀၀၅ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးက ပေါ်ထွက်လာသည့် စာတမ်းမှာ အတိုင်းအတာဆိုသည့်ကိစ္စတွင် အမြင်မတူကြသေးစေကာမူ၊ Concept အယူအဆအား သဘောတူခဲ့ကြသည်မှာ မကြုံစဖူး ရှိလှပါသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုသို့သဘောတူထားခဲ့ကြောင်းကိုပင် နောက်အစည်းအဝေးများ၌ အစိုးရအတော်များများက မသိရှိခဲ့ကြောင်း ဘူးပေါ်သလို ပေါ်ခဲ့ပါသည်။ ယနေ့(အာ-တူး-ပီ) ၏အနေအထားမှာ ပေါ်လစီအဆင့်မရောက်သေးပါပေ။
ကုလသမဂ္ဂပဋိဥာဉ်စာတန်း ၂(၄)အရ နိုင်ငံတခု၏ နယ်မြေပိုင်နက်ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်းတို့ကို တားမြစ်ထားသည်။ ၂(၇)အရ ပြည်တွင်းရေးနယ်ပယ်အတွင်း ၀င်ရောက်စွက်ဖက်မှုမျိုးကို ထည့်သွင်းပြဌာန်းခြင်းမှလည်း တားမြစ်ထားပြန်သည်။ ၅၁ အရ နိုင်ငံတခုချင်းဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ၊ လက်နက်ဖြင့် တိုက်ခိုက်လာခြင်းမျိုးကို ကာကွယ်ခွင့်ပြုထားပြီး၊ ၃၉ အရ ငြိမ်းချမ်းရေးထိပါးခြင်း၊ အင်အားဖြင့် ကျူးကျော် စော်ကားခြင်းတို့ကိုမူ လုံခြုံရေးကောင်စီအား ဆုံးဖြတ်ခွင့်ပြုထားပြန်ပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးအား ထိပါးသည်-မထိပါး ဟူသည့်မေးခွန်းလည်း တက်နေပါသည်။
(အာ-တူး-ပီ)၏ (ကွန်ဆက်ပ်)မှာ သုံးချောင်းထောက်ပေါ်ရှိနေပါသည်။ (က)သူတို့တိုင်းပြည်အတွင်းရှိ နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆိုပါပြစ်မှုကြီးများမှ အကာအကွယ်ပေးရန် အစိုးရများ၏အဓိကကျမှုမှာ ဆက်လက်တည်ဆဲရှိနေပြီး၊ တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်ရန်လည်းဖြစ်သည်။ (ခ)ကုလသမဂ္ဂသည် အဆိုပါ တိုင်းပြည်များအား ၄င်းတာဝန်များပျက်ကွက်ခြင်းမရှိစေရန်နှင့် အကူအညီပေးသွားရန်၊ (ဂ)ထိုသို့ဆောင်ရွက်ရပါက ကုလသမဂ္ဂပဋိဥာဉ်(၆၊ ၇၊ ၈)ပါ မည်သည့် ပြဌာန်းချက်နှင့်မဆို အသုံးပြုနိုင်သည်။ ကုလသမဂ္ဂပဋိဥာဉ် ၇ အရ လုံခြုံရေးကောင်စီအား စစ်ရေးသုံးခွင့်အာဏာအပ်နှင်းထားပါသည်။ (အာ-တူး-ပီ)၏နယ်ပယ်မှာ ကျယ်ဝန်းပေရာ သဘာဝဘေးများ၊ ရာသီဥတုဖေါက်ပြန်ခြင်းများနှင့် HIV/AIDS တို့လည်း အပါအ၀င်ဖြစ်ပါသည်။ (မှတ်သားရန်မှာ (နာဂစ်)လည်း အကြုံးဝင်ပါမည်။)
ကုလသမဂ္ဂတွင် တရုပ်၊ ကျူးဘားနှင့်မြောက်ကိုရီးယားတို့မှ “အပြည့်အ၀အချုပ်အခြာအာဏာပိုင်မှု" ဘက်က ကာကွယ် ပြောလေ့ရှိစေကာမူ၊ အမှန်စင်စစ် အချုပ်အခြာအာဏာပိုင်မှုဟူသည် အပြည့်အ၀ မရှိပါချေ။ ကြံ့ခိုင်သည့်တိုင်းပြည်များ၌ ပြည်သူပြည်သားများကို အကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟု ထောက်ပြသည်လည်းရှိသည်။ အာဏာ-ပါဝါ ကြီးသည့် နိုင်ငံတို့မှ ၄င်းတို့၏စံများကို အခြားတိုင်းပြည်များအပေါ် မဖြစ်ဖြစ်အောင်ကြိုးပမ်းသည်များမှာ ပြဿနာဖြစ်ရပြန်သည်။ ဥပမာ ပြင်သစ်တော်လှန်ရေးမှ ဒီမိုကရေစီကို၎င်း၊ အရင်းရှင်နိုင်ငံများမှ ဈေးကွက်စီးပွါးရေးစနစ်နှင့် ဒီမိုကရေစီစံများကို၎င်း၊ စစ်ရေးနည်းအရဖြစ်စေ၊ ကုန်သွယ်ရေး (ဂလိုဘယ်လိုက်ဇေးရှင်း) နည်းအရဖြစ်စေ၊ Export တင်ပို့နေခြင်းများ။ (မှတ်ရန်မှာ ဆိုဗီယက်ယူနီယံသည်လည်း အလားတူဆောင်ရွက်ခဲ့ပေသည်။)
အာရှတိုင်းပြည်များအား ဆန်းစစ်ပါက တရုပ်၊ မြောက်ကိုရီးယား၊ မြန်မာ နှင့် ဗီယက်နမ်တို့အား အစုတစု၊ ဂျပန်နှင့် တောင်ကိုရီးယားအား တစုနှင့် (အာစီယန်)အားတစုထား၍ သတ်မှတ်ခဲ့ကြဘူးသည်။ ၁၉၆၄ ကတည်းက ထောင်ခဲ့သည့် အိန္ဒိယဦးဆောင်သော (ဂျီ-၇၇)အုပ်စုသည်လည်း ခေတ်နောက်ကျဆဲအုပ်စုဟု သတ်မှတ်နိုင်ပါသည်။
(အာ-တူး-ပီ)သည် အနောက်အုပ်စုကလာသည့် တနည်းအားဖြင့် မြောက်ခြမ်းမှတောင်ခြမ်းအပေါ်သက်ရောက်စေသည့် ဖန်တီးမှုမဟုတ်ချေ။ အကြောင်းမူ အာဖရိကတိုက်သား ကုလအထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးသည် ယခုဖြစ်စဉ်အတွက် လွန်စွာ အရေးပါအရာရောက်သူများဖြစ်ကြသည်။ (ကင်ညာ)နိုင်ငံတွင် ၂၀၀၇ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုတွင် အာဖရိကယူနီယန်၊ ကုလအဖွဲ့ဝင် ထင်ရှားနိုင်ငံများနှင့် (ကိုဖီအာနန်) တို့မှ ၀င်ရောက် ဆောင်ရွက်-စွက်ဖက်ပေးခဲ့ခြင်းသည် မြောက်ခြမ်းနိုင်ငံတို့၏လက်ရာ မဟုတ်ပါချေ။
အချို့အရေးအခင်းများတွင် နိုင်ငံတကာဝင်ရောက်စွက်ဖက်ခြင်း လိုအပ်သည့်မှာ မှန်သော်လည်း၊ အောင်မြင်သည့် အရေအတွက်က နည်းပါသည်။ အောင်မြင်လိုလျင် သက်ရောက်ခံရသည့်နိုင်ငံ၊ တာဝန်သိအစိုးရများနှင့် ပါတနာ အဖွဲ့အစည်းများက Sovereignity အချုပ်အခြာပိုင်ဆိုင်မှု၊ Political will နိုင်ငံရေးဆန္ဒ၊ Mandates လုပ်ဆောင်ပိုင်ခွင့်နှင့် Resources အရင်းအမြစ်များတို့ ပေါင်းစုပတ်သက်ရန်လိုပါသည်။
ချုပ်လိုက်ပါက (အာ-တူး-ပီ)အား အဓိပ္ပါယ်ဖွင့်ဆိုရန်နှင့် အများသဘောတူညီရန်ဖြစ် လိုအပ်ပါသေးသည်။ အတွေးအခေါ် တရပ်အတွက်လိုအပ်သော သမိုင်းကာလအရဆိုလျင် ၅ နှစ်ဟူသည့် မျက်စိတမှိတ်အချိန်အတွင်း (အာ-တူး-ပီ) သည် တိုးတက်ပြောင်းလဲ လာနေပါပြီ။ နိုင်ငံတကာက လက်သင့်ခံကျင့်သုံးမည့် ဓလေ့ထုံးတမ်းဥပဒေအဆင့်ရောက်လာရန် အလားအလာရှိပြီး၊ ဆက်လက်၍ စကားစစ်ထိုးရန်မူ လိုအပ်ပါသည်။ ထိုကာလအတွင်း နည်းပညာအကူအညီ၊ စောစီးစွာ သတိပေးချက်၊ အန္ကရာယ်ဆန်းစစ်ချက်စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ပြဿနာများဖြစ်နိုင်ခြေ နည်းပါးစေပါမည်။
International Court of Justice (ICJ) ခေါ်နိုင်ငံတကာတရားရုံးမှ မကြာသေးမီက လူမျိုးပြုန်းတီးမှုကျူးလွန်သည်အား သက်ဆိုင်ရာတိုင်းပြည် State ၌တာဝန်ရှိကြောင်း ဖွင့်ဆိုခဲ့ပါသည်။ ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ကမ္ဘောဒီးယား၊ လက်ဗနွန်၊ ဆာရာလီယွန်း၊ အရှေ့တီမော၊ ကိုဆိုဗို အရေးအခင်းများအတွက် အပြည်ပြည်ဆိုင်ရာခုံရုံး Tribunal များ ဖွဲ့စည်း၊ စစ်ဆေး၊ အပြစ်ပေးခဲ့ပေသည်။ လူသားမျိုးနွယ်တုံးစေမှုအတွက်လည်း Nuremberg Tribunal မှအစပြုကာ နောက်ဆုံးအားဖြင့် International Criminal Court (ICC) ခေါ် နိုင်ငံတကာရာဇ၀တ်တရားရုံးကို Rome Statute ဖြင့် ၁၉၉၈ ကတည်းက တည်ထောင်ခဲ့ပြီးဖြစ်သည်။
၂၀၀၆ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် အမှတ် ၁၆၇၄ နှင့် ၁၇၀၆ တို့ချမှတ်ခဲ့ရာ (အာ-တူး-ပီ) အား အားဖြည့်ပေးခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၇ခုနှစ်အတွင်းက လူမျိုးပြုန်းတီးအောင်သတ်ဖြတ်ခြင်းဆိုင်ရာ ကိုယ်စားလှယ် တဦးနှင့် (အာ-တူး-ပီ) အကြံပေးတဦးတို့ကို အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်ထားပြီးဖြစ်နေပါပြီ။ Executive Committee on Peace and Security (ECPS) ခေါ်သည့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အလုပ်အမှုဆောင်ကော်မတီ တရပ်ကိုလည်း ကုလအတွင်း (အလွတ်သဘော) ဖွဲ့စီးပြီးပေပြီ။
(အာ-တူး-ပီ)ကို အမေရိကန်မှ အတိုင်းအတာတစုံတခုအထိ စိတ်ဝင်စားပြီး၊ ဥရောပနိုင်ငံအများစုက ထောက်ခံပေးသည်။ အာဖရိကနိုင်ငံများမှာ ထူးခြားသည်ဟုဆိုနိုင်ပါသည်။ ၂၀၀၅ ထိပ်သီးမတိုင်မီ ၅ နှစ်ကပင် African Union သည် အမှုကြီးသုံးရပ် ကျူးလွန်လျင် အာဖရိကညီလာခံမှ ၀င်ရောက်စွက်ဖက်ခွင့်ကို ပြဌာန်းခဲ့ပေသည်။ အာရှတွင်မူ အစိုးရများကသာမက အစိုးရမဟုတ်သောအဖွဲ့များကပင်လျင် လိုလားမှုမပြသေးပါချေ။
နိုင်ငံတကာဥပဒေက “အချုပ်ခြာအာဏာကို လူသားချင်းစာနာသည်ဖြစ်ပါစေ မကျူးကျော်ရ”ဟု ဆိုထားသည်။ ဤနေရာတွင် အကယ်၍ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ပြောင်ပြောင်တင်းတင်း ရှိနေပြီး၊ သက်ဆိုင်ရာအစိုးရမှ ကာကွယ်ရန်၊ တားဆီးရန် ဆန္ဒလည်းမရှိ၊ အစွမ်းလည်းမဲ့နေလျင် မည်သို့လုပ်ကြမည်နည်း။ ၄င်းပုစ္ဆာကို ၂၀၀၁ ကတည်းက မေးနေကြပါသည်။
မေးခွန်းများစွာအနက် တခုမှာ “အချုပ်အခြာအာဏာဟူသည် ကိုယ့်ပြည်သူတွေကိုသတ်ဘို့ လိုင်စင်ပေးထားခြင်းလော။”
(ယခင်)ယူဂိုဆလားဗီးယား၊ အီရတ်၊ ရ၀မ်ဒါတို့နှင့်အတူ မြန်မာ့ပြည်တွင်းရေး ဗရုတ်သုတ်ခအပေါင်းတို့၌ နိုင်ငံတကာ၏ ပျက်ကွက်နေမှုအပေါ် အားမရသည့်ဝေဖန်ချက်များ ထွက်ပေါ်နေဆဲဖြစ်ပါသည်။
ကမ္ဘောဒီးယား (၁၉၉၀)၊ လိုက်ဘေးရီးယား (၁၉၉၂)၊ ရ၀မ်ဒါ (၁၉၉၃)၊ ဟေတီ (၁၉၉၃)၊ ရီမင် (၁၉၉၄)၊ အာဖကန်နစ္စတန် (၁၉၉၆)၊ ဆာရာလီယွန်း (၁၉၉၇)တို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ရသည့် အကြောင်း တရားများထက် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များက ပိုများပါသည်ဟု DLA Piper ခေါ် နိုင်ငံတကာဥပဒေ အကျိုးဆောင်အဖွဲ့ကြီး၏စာတမ်းက အခိုင်အမာဆိုထားပြီးဖြစ်ပါသည်။
ဒီမိုကရေစီအားသတ်ခြင်းကို “ဒီမိုဆိုက်”ဟု ခေါ်သည့် အသုံးသစ်သည်လည်း မြန်မာပြည်နှင့်လုံးဝဆိုင်နေပါသည်။
တင့်ဆွေ
5.1.09
3.1.09
ဘာသာ သာသနာ မထွန်းကားတဲ့ တိုင်းပြည်။
၂၀၀၉ နှစ်ဆန်းအစမှာ စာရေးသူထံ မနွယ်တို့ သမီး အမိ (သားအမိမဟုတ်) ဆွမ်းဂျိုင့်နဲ့  ဆွမ်းပို့ ရောက်လာကြတယ်။ သူတို့ က ထိုင်းနယ်စပ် ကနေ ဒါဝင်ကို ဒုက္ခသည်အဖြစ်နဲ့ရောက်လာကြတာတနှစ်ကျော်လောက်ရှိပြီ။ဒီရောက်တော့ထုံးစံအတိုင်း အလုပ်လုပ်နိုင်အောင် သက်ကြီး အင်္ဂလိပ်စာသင်တန်းတက် စာသင်ပေါ့လေ။ သူမခင်ပွန်းက လှမိုးတဲ့ ။ ကရင် အမျိုးသား။ ကရင်စကားမတတ်ဘူး။ မနွယ်က ဗမာ အမျိုးသမီ်း ကရင်စကား ဗမာစကား နှစ်မျိုးလုံးတတ်တယ်။ သူတို့  က ကျောင်းကောင်းကောင်းမနေခဲ့ရတော့ ပညာအခြေခံနဲရှာတယ်။ နှစ်ယောက်စလုံးက မိရိုးဖလာအရ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူတွေဖြစ်တယ်။
ခင်ပွန်း ဖြစ်သူက ဒုလ္လဘ ရဟန်းဝတ်ဘူးသလို ။ ဇနီးဖြစ်သူကလဲ သီလရှင်ဝတ်ခဲ့ဘူးတယ်။ ဆွမ်းပို့ လာတဲ့ မနွယ်ကို ဒီမှာနေရတာ အဆင်ပြေရဲ့လားမေးတော့အဆင်ပြေပါတယ်လို့ ပြောတယ်။ ဒီမှာနေရတာနဲ့မြန်မာ နိုင်ငံနေရတာ ဘယ်မှာပိုပျော်သလဲဆိုတော့ ဒီမှာ မပျော်ဘူး။ ဒီမှာ ဘာသာ သာသနာ မရှိဘူးတဲ့။
ဒီမှာ သာသနာ ရှိတယ်လေ။ ဘာသာလဲရှိတယ် လို့ ပြောလိုက်တော့ မနွယ်ကဆိုလိုတဲ့အဓိပ္ပါယ်ကိုနားမလည်သလိုမျက်လုံးအ၀ိုင်းသားနဲ့
ကြည့်နေတယ်။
ဒီမယ် ဘာသာ သာသနာဆိုတာဘာလဲ နားလည်လားမေးတော့ သူမက သူမ သိသလို ပြောပြပါတယ်။ ဘုရားစေတီတွေ။ ဘုန်းကြီးတွေရှိတာ မဟုတ်လားတဲ့။ဒီတော့ အများသူငါ သိထားတဲ့ ဘုရားပုထိုးစေတီတွေ ပေါများတာ။ ဘုန်းကြီးတွေပေါများတာကို သာသနာထွန်းကားတယ်လို့ထင်နေရှာတာပါကလား။ဘာသာ သာသနာ ဆိုတာ သူမ သဘောပေါက်နားလည်အောင် ရှင်းပြရတယ်။ ဘာသာသာသနာ ဆိုတာ။ မြန်မာ စကားစစ်စစ် မဟုတ်ဘူး။ ပါဠိစကား။ ဘာသာဆိုတာက အယူဝါဒကိုပြောတာ။ ဘာအယူဝါဒ ညာအယူဝါဒပေါ့ဟာ။ ဘာသာစကားကိုလဲပြောတယ်။ ဘယ်စကားမျိုးပြောသလဲ စသဖြင့်ပေါ့။ နောက်သာသနာ ဆိုတာက မြန်မာလို အဆုံးအမ ကို ပြောတာ။အခု မနွယ်က ကိုယ့်သမီးကို မဆုံးမဘူးလား။ ဒီလိုနေရတယ်။ ဒီလို မနေရဘူး။ ဒီလိုစားရတယ်။ မစားရဘူး။ ဒီလိုဝတ်ရတယ်။ ဒီလိုမ၀တ်ရဘူး။စသဖြင့် ပြောဆိုဆုံးမတာ ဘာကြောင့်လဲဆိုတော့ လိမ်မာအောင်လို့ ။ ယဉ်ကျေးအောင်လို့ ။ တိုးတက်အောင်လို့ ။ပြောတဲ့အတိုင်း သားသမီးဖြစ်သူက မလိုက်နာဘူးဆိုရင် အဲဒီ သား။သမီးဟာ မိဘကဆိုဆုံးမတာကိုနားထောင်တဲ့ သား။ သမီးလား။ နားမထောင်တဲ့ သားသမီးလား။ နားမထောင်တဲ့ သားသမီးပေါ့။ အဲဒီလိုဆိုရင် အဲဒီ သားသမီးရဲ့ သန္တာန်မှာ မိဘ အဆုံးအမ ရှိပါ့မလားမေးတော့ မနွယ်က မရှိဘူးလို့ ပြောတယ်။ အဲဒီလိုဘဲ သာသနာဆိုတာ အဆုံးအမ ကိုပြောတာ။ မြတ်စွာဘုရားရဲ့ တရားတော်တွေဆိုတာ လူတွေ စိတ်ချမ်းသာ။ ကိုယ်ချမ်းသာ နေနိုင် ထိုင်နိုင်အောင် လိုက်နာပြုကျင့်ဘို့ သွန်သင်ဆုံးမခဲ့ တဲ့ အဆုံးအမတွေဘဲ။
မိဘဆိုလဲ။ မိဘကျင့်ဝတ်။ ဆရာဆိုလဲ ဆရာ့ကျင့်ဝတ်။ သားသမီးဆိုလဲ သားသမီး ကျင့်ဝတ်။ အစိုးရဆိုလဲ အစိုးရ ကျင့်ဝတ်။ လူတိုင်း လူတိုင်းမှာ အသီးအသီး လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်တွေ ရှိတယ်။ အဲဒီ စည်းကမ်းကျင့်ဝတ်တွေကိုလေးစားလိုက်နာမှ အဲဒီနိုင်ငံအေးချမ်းမယ်။ သာယာမယ်။အဲဒီလိုမဟုတ်ဘဲ အာဏာရှိတဲ့သူက အနိုင်ကျင့်မယ်ဆိုရင် ဘယ်လိုလုပ် အေးချမ်းမလဲ။ ဘယ်လိုလုပ်သာယာမလဲ။ အခုဒီမှာ အစိုးရက သေနတ်နဲ့ပစ်လို့ သေတဲ့ လူ ဆိုတာ ကြားဘူးလား။ ဆန္ဒပြလို့ ဖမ်းတဲ့လူဆိုတာ ကြားဘူးလား။ မြန်မာနိုင်ငံမှာ ဆန္ဒပြတာနဲ့ သေနတ်နဲ့ ပစ်တယ်။ နှစ်ရှည်ထောင်ဒဏ်တွေချတယ်။လုပ်အားပေးဆိုပြီး ခိုင်းတယ်။ မလုပ်ရင် ဖမ်းတယ်ဆီးတယ်။
ဘုရားက သူတဖက်သားအပေါ်မနှိပ်စက်ရဘူးလို့ဆုံးမခဲ့တယ်။ အဲဒီအဆုံးအမကိုမြန်မာနိုင်ငံမှာ အစိုးရက လိုက်နာရဲ့ လား။ သူထင်သလို ဖမ်းတယ်။ဆီးတယ်။ဘယ်မလဲ ဘုရားရှင်ရဲ့ အဆုံးအမ သာသနာ။ ဒီမှာ အဲဒီလို မဟုတ်ဘူး။
အစိုးရဆိုတာ ရှိမှန်းတောင်မသိရဘူး။ ဒုက္ခသည်ဖြစ်တဲ့ ငါတို့ နင်တို့ ကို စားဘို့ 
သောက်ဘို့ နေဘို့ ထိုင်ဘို့ ထောက်ပံ့ပေးထားတယ်။ အစိုးရ ရဲ့ အလုပ်က ဒါဘဲ။
တိုင်းသူပြည်သားတွေကို ပေးကမ်းထောက်ပံ့ရမယ်တဲ့။ ဒါန။ နောက် သီလ ကိုယ်ကျင့်သီလ ကောင်းရမယ်တဲ့ လာဘ် မစားရဘူးပေါ့ဟာ။ အနိုင့်အထက်မကျင့်ရဘူး။ ပိယ ၀ါစာတဲ့ တိုင်းသူပြည်သူသားတွေကို ချစ်ဖွယ်သောစကား။မှန်ကန်သောစကားကိုပြောရမယ်တဲ့။ အတ္တပေမတာ တိုင်းသူပြည်သားတွေကို ကျောသား ရင်သား မခွဲခြားဘဲ တန်းတူ ရည်တူ ဆက်ဆံရမယ်တဲ့။ ဒို့ ဒီမှာ ဘာမှ ခွဲခြားဆက်ဆံတာမျိုးမရှိဘူး။ ဒါတွေဟာ ဘုရားအဆုံးအမတွေနဲ့ ကိုက်ညီနေတော့ ဒီမှာ သာသနာ ထွန်းကား တာပေါ့ဟာ။ ဘုရားပုထိုးတွေတည်ပြီး ရဟန်းသံဃာတွေကို သတ်ဖြတ်။
ကိုယ်ဆန္ဒလေးဖေါ်ထုတ်မိတာနဲ့ ဘဲ နှစ်ရှည်ထောင်ဒဏ်တွေချနေတဲ့ တိုင်းပြည်မှာ သာသနာ ဆိုတဲ့ ဘုရားအဆုံးအမ ရှိ မရှိ စဉ်းစားကြည့်ပေါ့။
အဲဒီလိုဆို တပည့်တော်တို့  မြန်မာနိုင်ငံက သာသနာမရှိဘူးလားဘုရား။
သာသနာ ဆိုတာ အဆုံးအမ လို့ ပြောခဲ့ပြီလေ။ တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရရော။ အုပ်ချုပ်ခံ ပြည်သူလူထုရော ဘုရားအဆုံး
အမ ကို ဘယ်လောက်လေးစားလိုက်နာမှူ ရှိသလဲ စဉ်းစားကြည့်လေ။ မနွယ်က တင်ပါး လို့ လျှောက်ထားပါတယ်။
နားလည်။ မလည်တော့မသိဘူး။
အခုဒီစာကို ဖတ်နေတဲ့ သင်ကရော ------၊
ဒဲ့ဒိုး (ဒါဝင်)
2.1.09
1.1.09
31.12.08
NLD-လူငယ်များအဖမ်းခံရ


30 December 2008
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင် ရုံးရှေ့ မှစတင်ထွက်ခွာသွားခြင်းဖြစ်ပါသည်။
ကြွေးကြော်သံများ အော်ဟစ်ခြင်းမရှိဘဲ ဆိုင်းဘုတ်နှင့် ဓာတ်ပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြ
သည့်အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင်တစ်ချို့အန်အယ်လ်ဒီရုံးရှေ့မှထွက်ခွာပြီး ပြည်လမ်းပြည်သူ့လွှတ်တော်သို့ အသွားတွင် ရဲလုံထိန်းနှင့်စစ်ဒေသကားများ ရောက်ရှိလာကာ ဆန္ဒပြသူများကိုရိုက်နှက်ပြီးဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ခဲ့ရသူများကFreedomNews Groupသို့ပြောပြသည်။
ဖမ်းဆီးခံရသူများမှာ--
ကိုထွန်းထွန်းဝင်း-----(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ။၁။နှင့်ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေးအဖွဲ့ဝင်)
ကိုပြည့်ပြည့်-------(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မထက်ထက်ဦးဝေ----(ရွှေပြည်သာအဖွဲ့ဝင်)
ကိုရဲနီစိုး----------(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ကောင်းထက်လှိုင်----(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
သက်ထွန်းမောင်-----(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ဝင်းမြင့်အောင်(ခ)ပဲပြုတ်-(ခရမ်းလူငယ်)
အောင်ဖြိုးဝေ-------(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မင်းသိမ်း----တို့ဖြစ်သည်
30.12.08
ဒါဝင်က ကရင် နှစ်သစ်ကူး

ကရင် နှစ်သစ်ကူးပွဲတော်ကို သြစတေးလျား နိုင်ငံမြောက်ပိုင်းပြည်နယ် ဒါဝင်မြို့တော်မှာဒီဇင်္ဘာလ ၂၇ ၇က်နေ့ က ဒါဝင်ရောက် ကရင်ညီကို မောင်နှမတွေက ဦးစီးပြီးကျင်းပပြုလုပ်ကြပါတယ်။ ကာ့ဆရိနာ ရှော့ပင်းစင်တာနဲ့ ချားလ် ဒါဝင်တက္ကသိုလ် ကြားမှာတည်ရှိတဲ့ ဘတ်ပတစ်စ် ဘုရားရှိခိုးကျောင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပါတယ်။
အခန်းအနား အစီအစဉ်က နေ့ လည် ၂ နာရီမှ ညနေ ၅နာရီအထိကျင်းပမှာဖြစ်တယ်လို့ဖိတ်စာထဲမှာဖေါ်ပြထားပါတယ်။ နေ့ လည် ၂ နာရီထိုးတော့ အခန်းအနားကို အလေးပြုခြင်းနဲ့စတင်ပါတယ်။ နောက် ဒေါက်တာ ဒေါ်ခင်လေးမူက ကရင် နှစ်သစ်ကူးနဲ့ ပတ်သတ်တဲ့ သမိုင်းအကျဉ်းချုပ်ဖတ်ကြားပြီး အဆို အက တလှည့် အပြောအဟော တလှည့် စီ စီစဉ်ကျင်းပသွားပါတယ်။
ဒါဝင်မှာ ကရင်နှစ်သစ်ကူးကျင်းပတာ ပထမဆုံး အကြိမ်လို့ ဆိုပါတယ်။
စာရေးသူအဖို့ လဲ ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက် အားပေးလေ့လာခွင့်ရတာ စာရေးသူရဲ့ ဘ၀တသက်မှာ ဒါ ပထမဆုံး အကြိမ်ပါ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူးမျိုးများစွာရှိသော်လည်းကိုယ်ရဲ့  ရိုးရာယဉ်ကျေးမှူအရ နှစ်သစ်ကူးပွဲတော်ကျင်းပတာ အနည်းအကျဉ်းသာကြားဘူးပါတယ်။
ရခိုင်ကတော့ နှစ်သစ်ကူးတာ မြန်မာလိုဘဲ သင်္ကြန်ကျပြီး နှစ်သစ်ကူးတာနဲ့ တူပါတယ်။ ရှမ်း နှစ်သစ်ကူး။ ကရင်နှစ်သစ်ကူး။ မွန်နှစ်သစ်ကူး စတဲ့ တိုင်းရင်းသားညီကို မောင်နှမများရဲ့  ရိုးရာနှစ်သစ်ကူးပွဲတော်များရှိတာသိပေမဲ့  ဆိုင်ရာ ဆိုင်ရာ ပြည်နယ်များမှာသာ ကျင်းပပြုလုပ်ကြတဲ့အတွက် မြန်မာလူမျိုး တော်တော်များများ မသိကြပါဘူး။ အစိုးရ အဆက်ဆက်ကလဲ ပါးစပ်ကသာတိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုပြီး ကြွေးကြော်နေပေမဲ့ လက်တွေ့ မှာတော့ ဘာမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှူတွေကို ရိုးရာမပျက် ထိမ်းသိမ်းနိုင်ဘို့ အတွက် ထောက်ပံ့တာလဲဘာမှ မရှိဘူးလေ။ ဒီအတွက်တော့ ၀မ်းနည်းစရာကောင်းတယ်။
အခု သြစတေးလျားမှာတော့မြန်မာနိုင်ငံနဲ့ တခြားစီ။ သူ့လူမျိုးမဟုတ်သော်လဲ မာလတီ ကားလ်ချား (ယဉ်ကျေးမှူ ပေါင်းစုံ)ကို ဦးစားပေး။ လေးစားတဲ့ မူဝါဒကို ကျင့်သုံးတဲ့  နိုင်ငံဆိုတော့ အပြောမဟုတ် လက်တွေ့ ကျတဲ့စီမံချက်ရှိတယ်။ကရင်နှစ်သစ်ကူးပွဲ ကျင်းပရာမှာ ထိုက်သင့်သလောက် အသုံးစရိတ်ထောက်ပံ့တယ်။ မြန်မာ့ ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲ ကျင်းပစဉ်ကလဲအသုံးစရိတ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ကရင်နှစ်သစ်ကူးပွဲတော်ကို ပြည်နယ် ၀န်ကြီးချုပ် မလာနိုင်တော့ ကိုယ်စားလှယ်စေလွတ်ပြီး နှစ်သစ်ကူးပွဲကို အားပေးဂုဏ်ပြု စကားပြောကြားစေပါတယ်။ နောက်ပြီးတော့ အရေးပါတဲ့ မြို့ တော်ကေƞ



















