-->

28.8.09

ပြန်လို့ဖြစ်ဘူး

ငမြတ်စံ
မွေးရပ်ဌာန် လွမ်းလှချည့်
မင့်အမေ ရှိလို့လား
ငါ့ရင်ကြားမှာ ငါ့ဟာငါမေး...။

အမေ မရှိပေမယ့်
ပြေစရာ
ဖြေစရာ ရှိလေရဲ့
အမေ့အုဋ်ဂူဟာ အမေပဲရယ်လို့
င့ါဘာသာ အဖြေပေး...။

ထုံးလေးလည်း သုတ်ချင်တယ်
ပတ်ပတ်လည် ပန်းတွေစိုက်
နေ့စဉ်နေ့စဉ် ဦးခိုက်ဖို့
ခြံဝိုက်ပြီး ကာမယ်
စိတ်ကယ်ကကူး...။

သောက်ရူးတွေ အာဏာရချိန်မှို့
ပြန်လို့ကဖြစ်ဘူး...။

ဟူးးးးးးးးးးးးးး
မောလိုက်လေ...။ ။

သန်းစိန်

Read More...

27.8.09

ဇာတ်ပွဲသွားမယ်












ဟိုဘက်ရွာ ဇာတ်ပွဲ
နွားလှည်းနဲ့သွားစို့ရဲ့……။

ဇာတ်စင်မှာ လှည်းဖင်ထိုး
မိုးလင်းအောင် ကြည့်မယ်ကွဲ့……။

အိပ်ချင်ပြေ လက်ဖက်သုပ်နဲ့
အချင်ထုပ် ယူခဲ့မယ်……။

ညဥ့်သန်းခေါင် မျက်တောင်မှေးတော့
လွေးတာပေါ့ကွယ်……။

ဘာကျွေးလို့ မျက်လုံးကျယ်စေ
ဝန်ကြီးတွေထွက်ချိန်တော့ အိပ်မှာပဲ……။

သိပ်လည်းမပူပါနဲ့
ဝန်စာတွေ မနိုင်ကြလေတော့
နောက်ပိုင်းဇာတ် မကနှိုင်ပါဘူ့
ပြဇာတ်တို နှစ်ပိုင်းတွဲနဲ့
နှစ်ကိုယ်တူ စောင်ခြုံထဲ
မိုးလင်းမှာ မလွဲ……။ ။

သန်းစိန်

Read More...

24.8.09

လူဟာလူပါပဲ











တအားနော် မနှိမ်ပါနဲ့
စပါးပေါ်ချိန်---တော့...။

ကားတဝီဝီ ဟန်ဟိတ်တွေမရှိပေမယ့်
စပါးကျည် ဆန်အိတ်အပြည့်---တော်ရေ့
တအိအိရွေ့သော်လည်း ငြိမ့်စရာ
ကောက်ရိုးလှည်းစီးမှာပေါ့...။

စလောင်း မချိတ်ပေမဲ့
အပေါင်းမိတ်ဆွေနဲ့ လူကြုံစကား
စုံစေ့အောင်ကြားရ---သတော့
ဆားဈေး ငါးဈေး အသားဈေးအစုံ
မယုံချင်စရာတွေပါ ကြားချင်သေးလား
လိုက်ပြေးသွားတာကစ သိရမယ်...။

တောရွာရယ်လို့ အထင်မသေးပါနဲ့
အမြင် အတွေးတွေ အတူတူပါပဲ
ရှေးကျန်ကျန် ခေတ်ဆန်ဆန်
အကြံနဲ့လူတွေမှို့
(မြို့ကြီးသား ကိုအဝှာရယ်)
လူဟာ လူပါပဲ---တော်ရေ့...။

သန်းစိန်

Read More...

21.8.09

ငယ်ကျွမ်းသို့အလွမ်း





ငယ်ကျွမ်းဆွေ ဆွေငယ်ကျွမ်း ကိုတဲ့
လွမ်းမပြေ မပြေလွမ်း ပြန်တော့
တခြားမြေ တမြေခြား ဆီက
တတမ်း တတ ရယ်နဲ့ တ တတတမ်း ပါလို့
တဆဆမှန်း ကာပ မှန်းတဆဆ စိတ်မှာမျှော်----။

ခနဲ့မျိုးစုံ မျိုးစုံခနဲ့ တတ်သူက
ကျမျက်ရည် မျက်ရည်ကျ သလိုနဲ့
နွဲ့မျိုးစုံ မျိုးစုံနွဲ့လေတော့
ချော့လျှင်ဆိုး ဆိုးလျှင်ချော့ ရပြန်ပေါ့
ပျော့ဘူးခင် ခင်ပျော့ဘူး ရယ်နဲ့
ချစ်ဖူးခဲ့ ချစ်ခဲ့ဖူးလေသမျှ
လွမ်းတသသ ပါဗျ တသသလွမ်း နေမယ်နော်----။

သန်းစိန်

Read More...

18.8.09

အွန်လိုင်းပေါ်မှာ













ချစ်ရေ---
ခေါ်နဲ့
ဟွန်း
ထူးဘူး---။

ချစ်ရေ---
ထူးဘူး
ဟွန်း
ခေါ်နဲ့---။

ချစ်ရေ---
ဟွန်း
ခေါ်နဲ့
ထူးဘူး---။

ချစ်ရေ---
ဟွန်း
ထူးဘူး
ခေါ်နဲ့---။

ချစ်ရေ---
ခေါ်နဲ့
ထူးဘူး
ဟွန်း---။

ချစ်ရေ---
ထူးဘူး
ခေါ်နဲ့
ဟွန်း---။

ချစ်လွန်းသူကို
နစ်မွန်းအောင်သူကြံလို့
မခေါ်ရန် ဘူးခံငြင်းလေပေါ့
ဟွန်းထွေထွေ ဝှန်းတွေပေးတာကြောင့်
ကျနော်ဘေးကပ်လိုက်ပါတယ်ခင်များ---။ ။

သန်းစိန်

Read More...

5.8.09

ထိုနေ့

စိတ်တွေက အလွန်တို
ဘီရိုကို ခွဲရမလား---။

စိတ်တွေက ဟိုရောက်ဒီရောက်
ပန်းကန်ခွက်ယောက် ကိုင်ပေါက်ချင်တယ်---။

စိတ်ထဲက တချင်ချင်
စာအုပ်စင် မီးတင်ရှို့မှပဲ---။

စိတ်တွေက တော်တော်ဆိုး
နံရံကို လက်သီးနဲ့ထိုးမယ်---။

ကိုယ့်ကိုယ်ကို အစိုးမရ
ဘာလုပ်လို့ ဘာကိုင်ပါ့
ထိုင်မရ ထမနေနှိုင်
အသဲဆိုင် ကျွဲပြိုင်ခတ်လေပေါ့
သူကတော့ ပါသွားပြီ ခင်မျာ့---။ ။

သန်းစိန်

Read More...

2.8.09

အချစ်ကိုအရောင်တင်ခြင်း



"ချစ်ရဲ့လားတဲ့---"

လင်နဲ့ မယား
နှစ်များအတန်ကြာလို့
သားတစ်ဖြာ ရကာမှ
ခင်နှမ မေးလေပြီ---။

ယုံကြည်ပါ ခင်
ကြိုးနှစ်ပင် လွန်းတင်ကျစ်သလိုပ
ချစ်သမှ ဗျစ်ဗျစ်ကိုမြည်---။

မရီနဲ့ ခင်နှမ---။

တစ်သားမွေး တသွေးလှသူရဲ့
ကိုးဆယ်ဆ ကြင်မယ်---။

ကဏှာနဲ့ ဇာလီပုံနှယ်
သားငယ်ကို ခင်ချီလို့
မီးငယ်ကို ဒီမောင်ပွေ့ရအောင်
တိုးချစ်ဖို့ ကြံဆောင်---။

ရှက်ယောင်ယောင် ခင်ပြုံး
ချစ်တဲ့သူ အမူတုံးကို
ယူကျုံးလို့ မွှေးလိုက်တယ်
ကဲ ဟယ်---
ကဲ ဟယ်---
ချစ်ပါတယ်ဆို---။ ။

သန်းစိန်

Read More...