ကေသာရောင်
ကျိုးကြောင်ဖွေး
တစ်ငုံ နှစ်ငုံက ငုံချင်သေး...။
နား
ဝိုးတဝါး
အတင်း အဖျင်းမှ ကြားချင်သေး...။
သွား
အငှါးစိုက်
အမဲခြောက်မှ ကိုက်ချင်သေး...။
မျက်စိ မှုန်မှုန်
လှုပ်လှုပ်လေး မြင်ယုံနဲ့
ရင်ကလေးက တုန်ချင် ခုံချင်သေး...။
အနိစ္စ
ဒုက္ခ
အနတ္တ တရား
ပွါးများဘို့ဝေး
မရဏ ဆိုတဲ့ ပလုပ်တုတ်ကလေး
လှုပ်လှုပ်ပြီး ကစားနေသေးတယ်။ ။
သန်းစိန်
30.9.09
သူငယ်ပြန် အဖိုးအို
29.9.09
အလှည့်
ထောင်ချ
ကျစမ်း...။
အံကြိတ်
မှိတ်ခံ...။
တစ်နေ့
တွေ့မယ်...။
အလှည့်ကျ
မနွဲ့ရ...။
ကြည့်အုံး
ဆုံးအောင်...။
ဒေါင်းအလံ
မိုးယံတက်နေပြီ...။ ။
သန်းစိန်
22.9.09
လယ်တောကထမင်းဝိုင်း
မွန်းတိမ်းချိန် ကောက်စိုက်ငန်းတက်ပြီမှို့
ထန်းရွက်တဲ နေရိပ်ခို
ထမီစိုစို မေပျိုတစ်သိုက်မှာလ
ထမင်းပုံ လက်ဆုံနှိုက်ပါလို့
လွေးလိုက်ကြ ခေါင်းမဖေါ်ကြေး….။
ညွန့်ကင်းပုံ ဂွေးတောက်
ပြိုးပြိုးပြောက်ရောရာ
နွယ်ကျီးအာ ဘုံလုံရွက်ကယ်နှင့်
မှိုနတို ပီလညို သီကာစွက်တယ်
ဟင်း ချိုချက်လေး…။
သန်းစိန်
16.9.09
ခွင့်လွှတ်စေချင် ရှိဦးတင်၍
ငမြတ်စံ ကဗျာ
မျက်ရည်ဖြာ ရွှဲ
အလွမ်း ကဲသတဲ့...။
ယုတ်ရင်းကြမ်းတမ်း
သိပ်မိုက်ကန်း သတဲ့...။
ဒေါသ မကင်း
ဝက်နင်း ကာရံ
ဘီလူးရယ်ဆန် သတဲ့...။
ရသ မမြောက်
ဂုဏ် မမြောက်
အလင်္ကာ ပျောက်သတဲ့...။
တစ်ယောက် တစ်မျိုး
မှိုလို မချိုး
မျှစ်လို ချိုးကြ
ခိုကိုးရာ မဲ့
မြတ်စံ ရဲ့ခေတ်
ဆန်းစစ်ကြည့် ပါ...။
စစ်ဖိနပ် အောက်
လူလားမြောက် တော့
ကမောက် ကမ
ထင်ကရ အတွေး
မြင်သမျှ ရေးမိ
ပြည်သူတွေကို ကြည့်ကြည့်ပြီး...။
ပြည်သူများ ဘဝ
မဝ ရေစာ
ခါးမှာ မလှ
ကြမ်းရှ ခက်ထန်
ငိုပွဲတွေ သန်ခဲ့ရ
ဒုက္ခ ပွေလီ
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ပြည်
ကဗျာ သီတော့
ချိုကြည် အေးမြ
တေးမလှ သံမသာ...။
ဆယ်ဖြာ လက်ချောင်း
စုပေါင်း စုံညီ
လက်အုပ် ချီ၏
ဖတ်မိ သူများ
ငမိုက်သား ကို
ခွင့်လွှတ် မှုများ
ပေးသနားနှိုင်ကြကောင်းပါရဲ့...။
သန်းစိန်
8.9.09
လေတံခွန်
1.9.09
သူရဲကောင်းများမိခင်
ဗမာပြည် တစ်နံ တစ်လျား
ကား ရထား ခြေလျင်
လှေတစ်သွင် မော်တော်စီး
ဘယ်ခရီး ဘာနဲ့သွား
နားလည် ခဲ့ပြီ...။
မြင်းခြံ ကလေး
မန္တလေး ခန္တီး
မြစ်ကြီးနား စစ်တွေ
ဘယ်မြို့ပဲ ဖြစ်ပါစေ
သွားတတ် နေပြီ...။
ပြည်သူ့အတွက် မိုကရေစီ
ယုံကြည်ချက် ပန်းတိုင်ဆီ
ချီသာချီ မေ့သား...။
ဘုရားတွေ လည်မဖူးရသော်လည်း
ထောင်ဘူးဝ ကိုတော့
ထောင်ဝင်စာတွေ့နေကျ
တွေ့မှာပါ့ သားရယ်...။
သန်းစိန်