-->

21.10.10

မိုးခါးရေ

ပုစဉ်းရင်ကွဲ
အာပြဲအောင်အော်
မိုးကိုမျှော်---။


ဖားတလက် ခြောက်
အာပေါက်အောင်အော်
မိုးကိုခေါ်---။


မိုးကြီး သည်းစွာ
ရွာပါပြီကော---။


ပုစဉ်းပေါလော
ဖားပေါလော
မျောပြီးပါသွား ရှာလေရော---။ ။


သန်းစိန်

Read More...

5.4.10

သစ်ငုတ်တို

ငါ့ကို မီးရှို့
ပြာဖြစ်ဖို့ပဲ
အမြစ်တို့တော့ကျန်ရစ်မယ်။ ။

သန်းစိန်

Read More...

4.1.10

အရွယ်

ဗေဒါ
ရေဇလာ ရွက်လွှင့်
လွင့်ချင်ရာ လွင့်...။

ရွှေကြာ
ရေပြာပြာ တည်ငြိမ်စွာပွင့်
ဣနြေ္ဒနှင့်...။

ငယ်စဉ်ကဗေဒါ
ကြီးလာတော့ရွှေကြာနော့...။

ငယ်စဉ်လိုထင်ရာမစိုင်းနှိုင်ဘူ့
ဇရာဟိုင်းလေပေါ့
ကိုင်း---ကိုယ့်စိတ်ကိုလျှော့...။ ။

သန်းစိန်

Read More...