| မှာတမ်း *****
မိန်းမရေ--- ငါ--သွားတော့မယ်အေ ဒီတိုင်းပြေ (ပြည်) ကြာကြာ မနေဘူး အာဏာရူးတဲ့ စစ်ဘီလူးတွေ -မုန်းလွန်းလို့---♥
ကဲ--မသွားခင် စပ်ကြား ငါ--မှာထားမယ် နားထောင်---♥
ရွာဦးကဆရာတော်ရဲ့ ဆုံးမစကား မြေဝယ်မကြ နားဆင် အိပ်ယာဝင် ဘုရားရှိခိုး ကြားလား-- ညီးက ဘုရား တရား မေ့တတ်တယ်---♥
နေဝင်ဝင် မိုးချုပ်ချုပ် ကောက်စိုက် ပျိုးနှုတ် ဘယ်အလုပ်မှ မငြင်းနဲ့ ထမင်းတလုပ်တော့ ထင်းခုတ်တောင် စားရမှာပါ--အေ---♥
ညည့် သမီးနဲ့သား ကျောင်း မထားနိုင်ရင် စာအုပ်စဉ်ကို ညွှန်ပြ မင့်အဖေ ကျောင်းကွ လို့ပြော စာဖတ်ကြပစေ ပညာတွေ ပေါမှပေါ---♥
ငါ မရှိခိုက် ဗိုင်းကောင်း ကျောက်ဖိ ပိပိ ရိရိနေ မိန်းမတို့ က္ကနြေ္ဒ ရွှေပေးလို့ မရ--တဲ့ မှတ်ထား---♥
ဒီမိုကရေစီ ရတော့ ငါ ပြန်လာမှာပေါ့ အသက်တော့ ပါချင်မှ ပါမယ်ဟေ့---♥
သွားတော့မယ်အေ ဒီတိုင်းပြေ (ပြည်) ငါ မနေဘူး အာဏာရူးတဲ့ စစ်ဘီလူးတွေ မုန်းလွန်းလို့---♥
ကဲ---ကဲ--- မျက်ရည်လေး တစမ်းစမ်းနဲ့ ငါ့ကို မှန်းမှန်းပြီး လွမ်းလွမ်း မနေနဲ့ မချစ်လို့တော့ ဟုတ်ဖူးနော်---♥ ♥
သန်းစိန် လွန်ခဲ့သော(၁၉)နှစ်တာ ကာလများဆီသို့--- |
1 comment:
ကဗျာလေးကို ဖတ်ပြီး ထပ်တူခံစားရတယ်...ကျွန်မကတော့ မိဘတွေနဲ့ ညီအစ်ကိုမောင်နှစ်မ မိသားစု ထားခဲ့ရတယ် တော်တော်လေး ကောင်းတဲ့ ကဗျာလေးပါ
Post a Comment