-->

26.2.09

အချစ်နဲ့ဘဝ

********

အချစ်ဆိုတာ---
ဘောင်းဘီထဲ မီးပွားကြသလို
အင်မတန် ပူလောင်ပြီး
ခါထုတ်ရ အလွန်ခက်သတဲ့
ကမောက်ကမ ဒဿနတွေထင်ပါရဲ့---။

ဘဝဆိုတာဗျာ---
ခရမ်းချဉ်သီး ညှစ်သလိုမျိုး
ရှေ့ကိုညှစ်သော်လည်း
နောက်ကိုပြန်စင် တတ်တယ်ဆိုပဲ---။

ကျုပ်တော့---
ချစ်လည်း မချစ်ချင်
ညှစ်လည်း မညှစ်ချင်တော့ပါဘူး---။

သန်းစိန်

1 comment:

Beauty Studio USA Branded Store said...

ချစ်လဲမချစ်၊ ဖြစ်လဲမဖြစ်ချင်ရင်
နဲနဲလေးတော့ ညှစ်လိုက်ပါလား။ဗြစ်ခနဲနေရအောင်။:P
ခင်မင်မှုဖြင့်သာပါ အကိုရေ။