-->

6.12.09

ချုံးချလို့ငိုချင်တယ်

ပစ်ဖေါက်သံ
ထိငြိသံ
လွတ်ကျသံ
ပေါက်ကွဲသံ
လက်ဖက်ရည်ဆိုင်ထဲမှာဆူညံ
ရင်ခုန်သံ မြန်လိုက်တာလေ
နတ်ကတော်တွေလိုသာ ရင်ဝမှာ ပဝါစည်းထားချင်ပေါ့..။

အိမ်ကျပြန်တော့
သားသမီးတွေက
တစ်နေ့လုံး တစ်ညလုံး
ကြည့်တုန်း ဖွင့်တုန်း
ဒုံး...တဒုံးဒုံး...ရှဲတဲ့
ဟဲ့.ဟဲ့..သောက်ကျိုးနဲ
ဘာတွေ ကျကွဲပြန်ပြီလဲ
သဲသဲမဲမဲ စွဲစွဲမြဲမြဲ ဇွဲကောင်းကြ
ဂလုံး ဂလုံးပွဲ ဝင်ထိုးရသလို
ရှုံးရှုံးပြီး ကျုပ်တော့ဒီဘဝ ထပ်ရှုံးသဗျ
အသဲတွေ ကြေမွသွားတယ်
မြန်မာ့ဂီတနဲ့ရုပ်ရှင်ရယ်
ကွယ်ပြီပါ့...။

ဟုတ်စ
ချုံးချလို့ငိုချင်တယ်...။ ။

သန်းစိန်

3 comments:

ဂျစ်တူး ( မုံရွာ ) said...

အင်း - - - -ခေတ် - - ခေတ်
အရမ်းကိုပြောင်းသွားပါပကောဗျာ
မြန်မာယဉ်ကျေးမှု့ ဆိုတာရေပေါ်ကိုအရုပ်ရေးသလိုဖြစ်
သွားပြီထင်ပါရဲ့ ခင်ဗျာ-

ကျောက်တာ said...

ဂလုံး ဂလုံးပွဲ ဝင်ထိုးရသလို တဲ့....
ရွှေမန်း ကို လွမ်းသဗျာ။အင်း ဒါတွေလဲ ကွယ်ပခဲ့ပါပြီ ကိုသန်းစိန်။ကြေးစည်သံ မကြားတာလဲ ကြာပေါ့။အညာရဲ့ ပဲ ပြောင်း ချဉ်ပေါင်တွေလဲ ပေါမှ ပေါသေးရဲ့လား မသိ။ကိုသန်းစိန်နေရာက ကဗျာလေးတွေ ဖတ်ရတာ အရသာ ရှိလိုက်တာဗျာ။အညာကို လွမ်းလိုက်တာ။

kiki said...

အပစ်အခတ် အသတ်အဖြတ်
အဆူအဆဲ ဂီတပွဲ နဲ့  ရုပ်ရှင်တွေထဲ
တဝဲလည်လည်နဲ့  ဒီခေတ်ကြီး
ဟုတ်ပ
ချုံးချလို့  ငိုသင့်နေပြီ ကိုသန်းစိန်ရေ .....