-->

26.11.09

ဧည့်သည်ကြီး (၀ါ) ကိုရင်ဂျမ်း

အညာဂွင် တစ်ရိုးမှာဖြင့်
ဆရာတင်မိုး ရယ်က
တမာ ထနောင်းတွေပျိုး
ကဗျာမိုး ရွာလိုက်ပုံများ
အညာ ဓလေ့စရိုက်ကို
မြန်မာမှုနှင့်လိုက်အောင်ပနော…။

သနပ်ခါးတောသူခင်
ရှင်မတောင် မြင်ပြန်တော့လွမ်း
ရေချမ်းစင် မှုတ်နှင့်သောက်
ဇီးပင်အောက် နားတတ်သူ
တောကြားက မြေဖြူကို
ဖေ ကူမှဖြစ်မယ်တဲ့
စေတနာ ဗလပွနှင့်မှန်း
ရွာလမ်းက ကင်ပွန်းချုံ
ဂုဏ်တင်လို့တေးသံညည်း….။

အို…ဧည်သည်ကြီးရဲ့...
ဖန်မီးအိမ် ထိန်ထိန်ထွန်းပါလို့
လှေတစ်စင်းနှင့်သီချင်းသည်
ဟို…ပန်းဈေးခင်းဆီက
ထီးကလေးနှင့်မနီ
သိင်္ဂါရ ကဗျာတွေသီ
ခုတော့..နေညိုပြီပေါ့ဆရာရယ်…။

သန်းစိန်
နိုဝင်္ဘာ (၁၉)ရက်ဆရာတင်မိုးမွေးနေ့အမှတ်တရ

5 comments:

ဂျစ်တူး(မုံရွာ) said...
This comment has been removed by the author.
ဂျစ်တူး ( မုံရွာ ) said...

ဆရာရေ-
ရေးချက်ကတော့လန်ထွက်နေတာဘဲ-
ဂျစ်တူးကတော့ကြိုက်တယ်ဗျ-
မိုးမခ ကိုပို့လိုက်ပြီဗျို့ 
ဆရာကျန်းမာပါစေ

Unknown said...

ကြိုက်တယ်ရှင်
ဧည့်သည်ကြီး

ကျော်ညိုသွေး said...

ကဗျာတွေလှတယ်။ အပိုပြောစရာမရှိပါ။

Anonymous said...

ဒီနေ့တော့ ကဗျာကောင်းကောင်းတစ်ပုဒ်ဖတ်လိုက်ရပြီ။
ပျော်လိုက်တာ။