လူကတော့ အညာသား
ခပ်ကြွားကြွား ပြောမယ်...။
ကျုပ်တို့နယ်က
သယံဇာတ
ပေါပါ့...။
ကြေးစင်တောင်ကြေးတွေထွက်
နိုင်ငံအတွက်
ရွှေနှင့်စက်လို့ ငွေတွေရ
လက်နက်တွေ ဝယ်လိုက်မှ
ဒေမိုကရေစီသမားတွေ ငြိမ်ကျသွားတာပဲ...။
တောအနှံ့ တောင်တခွင်
ပျဉ်း ကညင် သစ်ယာ
ပိတောက်ဝါ ရွှေအင်ကြင်း
တောရှင်းအောင် ခုတ်လို့ရောင်း
သူတို့တွေ ပလုပ်ပလောင်း မြိုကြတယ်...။
အညာရပ် အညာနယ်
ယာ လယ်က ကောင်းသနဲ့
ပြောင်း နှမ်း ဝါ ဂျုံ ပဲ စိုက်
ထွက်လိုက်တဲ့ သီးနှံ
ရောင်းလိုက်ရပြန်ပေါ့ စစ်ရိက္ခာ
စားစရာကျန်ဘူးဗျား...။
ငါ့ လခွါး----
ဒီလို အစိုးရများ...။
ထွီ..........။ ။
သန်းစိန်
20.12.09
Subscribe to:
Post Comments (Atom)
5 comments:
ကောင်းလိုက်တာဗျာ ကျေးဇူးပါဘဲ
အကို့ ကဗျာတွေက ရင်ထဲ အမြဲ ကျန်ရစ်တယ်....စာပေ ဟောပြောပွဲ စာမြည်း ညီမဆီမှာ တင်ထားတယ်...။ Audio file အပြည့်အစုံ ရရင် တင်ပေးမယ် ဒါမှမဟုတ် Link ညွှန်းပေးမယ် အကိုရေ....
အညာသားကြီးကဗျာကအသက်ဝင်လိုက်တာ
ကဗျာလေး လာဖတ်သွားပါတယ်။ သယံဇာတ ဘယ်လောက်ပဲပေါပေါ အားလုံးမှာ အသုံးပြုခွင့်မရဘဲ တအုပ်စုကပဲ လက်ဝါးကြီးအုပ်ထားတော့ ရှိတဲ့ သယံဇာတက အများအတွက် ဘာမှ လုပ်လို့မရပါဘူး။ သယံဇာတ ဘာမှ မရှိတဲ့ စင်္ကာပူလို နိုင်ငံကတောင် အများကြီး သာနေတာ တိုင်းပြည်တပြည်ချမ်းသာတယ်ဆိုတာ သယံဇာတနဲ့ တိုင်းတာလို့မရပဲ ကျင့်သုံးတဲ့ စနစ်အပေါ်မှာပဲ အများဆုံး မူတည်နေ့ပါတယ်။
အမလေး
ဒီလို ဒဲ့ ဒိုးကြီးပြောရတယ်လား ..
သူ့ ထက်ဒဲ့ တာတောင် သူ့ လောက်မဒဲ့ ဘူး နော်..
Post a Comment