-->

4.1.10

အရွယ်

ဗေဒါ
ရေဇလာ ရွက်လွှင့်
လွင့်ချင်ရာ လွင့်...။

ရွှေကြာ
ရေပြာပြာ တည်ငြိမ်စွာပွင့်
ဣနြေ္ဒနှင့်...။

ငယ်စဉ်ကဗေဒါ
ကြီးလာတော့ရွှေကြာနော့...။

ငယ်စဉ်လိုထင်ရာမစိုင်းနှိုင်ဘူ့
ဇရာဟိုင်းလေပေါ့
ကိုင်း---ကိုယ့်စိတ်ကိုလျှော့...။ ။

သန်းစိန်

8 comments:

ဂျစ်တူး ( မုံရွာ ) said...

အင်း-----
တရားတွေရနေပြီးသားဘဲ-
ဘယ်နေရာရောက်ရောက်-ငါဘာဆိုတာသိရင်ပြီးပြီ-
ဇရာကိုတော့ဘယ်သူမှမတွန်းလှန်နိုင်ဘူးလေ-
ဆရာ ကျန်းမာပါစေ-

kiki said...

အရွယ် နဲ့ လိုက်ဖက်အောင် အိနြေ္ဒတွေ ဆောင်နေတယ်ပေါ့လေ ...

ပေါ့ပေါ့ပါးပါး ကဗျာလေး
မိုက်တယ်

ဂျစ်တူး ( မုံရွာ ) said...

အင်း----ပြောင်းရွေ့ သွားတဲ့အကြောင်းအရာကလေးများ
ကဗျာကလေးအဖြစ်နဲ့ မြင်ရမလားလို့ -

Unknown said...

အနောက်နိုင်ငံကတော့ အသက်၄၀ မှ ဘဝ စတာတဲ့

ကဗျာဦး said...

ငယ်ပါသေးတယ်

ပြောချင်လွန်းလို့ said...

လိမ်မါ ပါတယ်ကွယ် - သောက်သေးလား ၊
အရွယ်တော် တစိတ်ရွန်း သငယ်ဖေါ်စိတ်သွန်းလေတော့
လွမ်းနေမယ်ထင့်

လောင်စာ said...

ကျွန်းကိုကိုင်းမှီ...ကိုင်းကို ကျွန်းမှီပုံ သရုပ်ဖော်ပြပါအုံး...။

လောင်စာ said...

ကျွန်းကို ကိုင်းကမှီတယ်...ကိုင်းကို ကျွန်းမှီပုံ သရုပ်ဖော်ပါအုံး ဘဘရေ..