ဗေဒါ
ရေဇလာ ရွက်လွှင့်
လွင့်ချင်ရာ လွင့်...။
ရွှေကြာ
ရေပြာပြာ တည်ငြိမ်စွာပွင့်
ဣနြေ္ဒနှင့်...။
ငယ်စဉ်ကဗေဒါ
ကြီးလာတော့ရွှေကြာနော့...။
ငယ်စဉ်လိုထင်ရာမစိုင်းနှိုင်ဘူ့
ဇရာဟိုင်းလေပေါ့
ကိုင်း---ကိုယ့်စိတ်ကိုလျှော့...။ ။
သန်းစိန်
Subscribe to:
Post Comments (Atom)
8 comments:
အင်း-----
တရားတွေရနေပြီးသားဘဲ-
ဘယ်နေရာရောက်ရောက်-ငါဘာဆိုတာသိရင်ပြီးပြီ-
ဇရာကိုတော့ဘယ်သူမှမတွန်းလှန်နိုင်ဘူးလေ-
ဆရာ ကျန်းမာပါစေ-
အရွယ် နဲ့ လိုက်ဖက်အောင် အိနြေ္ဒတွေ ဆောင်နေတယ်ပေါ့လေ ...
ပေါ့ပေါ့ပါးပါး ကဗျာလေး
မိုက်တယ်
အင်း----ပြောင်းရွေ့ သွားတဲ့အကြောင်းအရာကလေးများ
ကဗျာကလေးအဖြစ်နဲ့ မြင်ရမလားလို့ -
အနောက်နိုင်ငံကတော့ အသက်၄၀ မှ ဘဝ စတာတဲ့
ငယ်ပါသေးတယ်
လိမ်မါ ပါတယ်ကွယ် - သောက်သေးလား ၊
အရွယ်တော် တစိတ်ရွန်း သငယ်ဖေါ်စိတ်သွန်းလေတော့
လွမ်းနေမယ်ထင့်
ကျွန်းကိုကိုင်းမှီ...ကိုင်းကို ကျွန်းမှီပုံ သရုပ်ဖော်ပြပါအုံး...။
ကျွန်းကို ကိုင်းကမှီတယ်...ကိုင်းကို ကျွန်းမှီပုံ သရုပ်ဖော်ပါအုံး ဘဘရေ..
Post a Comment