ဟော--တွေ့ပြီ ဦးပုည ရေးတဲ့ ကောသလ ပြဇာတ်ထဲက စကားတချို့။ မြည်းစမ်းကြပါကုန်။ ။
-------------------------------------------------------------
ရှေးသရောအခါ ဟေမဝါမှာ သာယာစွာဘိ--- ရွှေမှုံဝတ်ဆံ ကြာမျိုးရံ ရေကန်ကြီးရှိ သတဲ့--- ထိုရေကန်သို့ လူတန်ယောင်္ကျား တယောက်သားသည် အမှားသင့် ရောက်လှာ--- နေကပူပြင်း ရေငတ်ခြင်းကြောင့် ဆင်းလို့ ရေသောက်ရော့--- ခေါင်းစောက်ထိုးထား တင်ပါးမိုးမျှော် သိကြားကို သရော်သလို ဇာတ်လုံးပေါ် ခင်းရာတွင်--- တောတွင်းက ယောင်တောင်တောင် လူဝံကြီး တကောင်လဲ များအောင်မကြာ ရေကန်တွင်းသို့ ဇွတ်ဆင်း၍ လာပြီးလျှင်--- မောင့်ပဇာ ကပ်ပဲ့အိတ် နီချိပ်ချိပ် စုပ်ဖတ်ဖတ် ပင့်ကူမြှေး ရစ်ကာနှင့် ကျီးအာသီး မှတ်လေတော့--- ဆတ်ကနဲဆုပ် ဆွတ်တော့မည် လုပ်ရာတွင် ရုတ်တရက် မကြွေတဲ့လို့ မမှဲ့သေး ပါတကား နက်ဖြန်ခါမှ ငါလာ၍ စားမည်ဟု--- ငမိုက်သား လူဝံမွဲ အကြံ လွဲပေလို့ မဆွတ်ဘဲသွား ထိုယောင်္ကျားလဲ ကန်အားလျှော်စွာ ဘေး လွတ်ရှာရော့---။ နက်ဖြန်ခါ နောက်တရက်တွင် ဟင်ရွက်ခူး ဇီးသီးကောက် အပျိုကြီး တယောက်သည် ရေသောက်မည် အကြံနှင့် ရေကန်ကိုဆင်း တကိုယ်ချင်း လူရှင်းသည့် အရပ်မှို့ မကပ်ဗလာ ထမီကို ခွာပြီးလျှင် ငုံ့ကာကုန်း၍ အုန်းပင်စိုက် ဂျွမ်းလှန် ရေ စည်းစိမ် ခံတုန်းကို--- ယမန်က လူဝံကြီး ကျီးအာသီး စားမလို့ ဘွားကနဲ အဆင်း ရေကန်တွင်းက သကောင့်သမီး အပျိုကြီး၏ တင်ပါးသီးအောက် မောင်လူဝံ ရောက်ချည်ရော--- တောင်မြောက် မလှည့် ကုန်း၍ ကြည့်ရာတွင် ရိုင်းဘိစွ တကား--- မနေ့က ကျီးအာသီးကို ကျီးဖေါက်၍ စားခဲ့ပြီ---- အသားကလေး နဲနဲ နီမဲမဲ တစေ့ထဲ ကျန်တော့တယ်လို့--- တိရစ္ဆာန် လူဝံ မြည်တွင် တောက်တီး မြိုင်ရပ်သို့ မှီးသောကြောင့်--- အပျိုကြီး မမ ချမ်းသာခွင့် ရလေတော့။ ။ (ကဲ--အပျင်းတော်ပြေကြစေဗျား----) | - |
No comments:
Post a Comment