လွမ်းရိပ် တဝေဝေ ************
အညာနွေ ပူလေသည့် ဖြစ်ခြင်း---။ ထနောင်းပင် ခြေရင်း ငှက်ပျောဖက် စိုစိုခင်း အိပ်စက်ခြင်း အရသာ အဲယားကွန်း ဆိုတာမလို---။
ရိုးပြတ် တောက ဖြတ်လာတဲ့ လေညှင်း ကာပွန်နံ့ကင်း ကောက်နံ့သင်းသကို---။ ရွာရဲ့အရှေ့ ချောင်းအကွေ့က လက်ယက်တွင်း ပျိုမေတစ်သင်း ရေခပ်ဆင်း ကျေးလက် ရေသန့်တွင်း---။
ရွာအနောက်က ထန်းပင်ကောက် ကိုကြီးကျော် လာလာသောက်တဲ့ ဝါးဘူးပေါက်နဲ့ ခံတဲ့ထန်းရေ (ရည်) ပုစွန်ဆိတ်ခုံမှို့ ရီဝေဝေ စကိုင်း ဘီယာ တွေပေါ့---။ ဖိုးခွေးရေ အိမ်ပြန်ခဲ့လို့ မိအေးရဲ့ အော်ခေါ်သံ လော်စပီကာလောက် ဆူညံပေမယ့် မော်တော်ကား ဝှန်းသံထက် နားဝင်ပီယံ ဖြစ်ရတယ်---။
မွေးရပ်မြေ လွမ်းရိပ် တဝေဝေနဲ့ ပြန်ချင်တယ် စိတ်ကစော မောလှပြီလေး---။ ။
သန်းစိန် |
 |
No comments:
Post a Comment