-->

15.3.09

လွဲနေသောရေစီးကြောင်း
***************

ကလေးက တငိုငို
ကျောင်းဝင်ကြေး ငွေလိုလို့
မျက်ရည်တွေ စိုရွှဲ
စုဘူးကလည်း ပြည့်နိုင်ခဲတယ်---။

ဖေဖေကြီးမှာတော့
ဘီယာတွေ တစ်လုံးပြီးတစ်လုံး ဖေါက်
တစ်လုံးပြီးတစ်လုံး သောက်
နေညိုချိန်ရောက်လို့
မှောက် သွားတဲ့ခါ---။

ကလေးခမျာ
ပုလင်းခွန် တစ်လုံးပြီးတစ်လုံး ကောက်
ဈေးပေါက်ဝ သွားရောင်း
ပြန်လာတော့ လက်ဆယ်ချောင်းထောင်ပြ
ငွေတစ်ဆယ်ရလို့ ပြုံးရွှင်ပျော်
ဖေဖေကြီး များများသောက်နော်---တဲ့
ဖေဖေကြီး များများဆက် သောက်။ ။

သန်းစိန်

No comments: