 ငယ်ကျွမ်းဆွေ ဆွေငယ်ကျွမ်း ကိုတဲ့ လွမ်းမပြေ မပြေလွမ်း ပြန်တော့ တခြားမြေ တမြေခြား ဆီက တတမ်း တတ ရယ်နဲ့ တ တတတမ်း ပါလို့ တဆဆမှန်း ကာပ မှန်းတဆဆ စိတ်မှာမျှော်----။
ခနဲ့မျိုးစုံ မျိုးစုံခနဲ့ တတ်သူက ကျမျက်ရည် မျက်ရည်ကျ သလိုနဲ့ နွဲ့မျိုးစုံ မျိုးစုံနွဲ့လေတော့ ချော့လျှင်ဆိုး ဆိုးလျှင်ချော့ ရပြန်ပေါ့ ပျော့ဘူးခင် ခင်ပျော့ဘူး ရယ်နဲ့ ချစ်ဖူးခဲ့ ချစ်ခဲ့ဖူးလေသမျှ လွမ်းတသသ ပါဗျ တသသလွမ်း နေမယ်နော်----။
သန်းစိန် |
5 comments:
လွမ်းတတ်ပါ့
အလွမ်းသမားကြီး ရေ ...
အနု အရွ ။
အကြမ်း အရမ်း
ဘက်စုံ ပါပေါ့လား။။။
ခင်မင်လျှက်
ကိကီ
ကဗျာတွေဖတ်သွားပါတယ်ရှင့်။ဆက်လက်အားပေး
နေပါတယ်။
ဖတ်ရင်းနဲ့မူးသွားတဲ့ကဗျာလေး :)
အသံထွက်ပြီးတော့ကို သေချာ ဖတ်သွားတယ်ဗျာ။ အခုတလော မြင်ရခဲတဲ့ အရေးအသားမျိုးပါဗျ။ သဘောကျတယ်။
yu ya
ကဗျာလေးဖတ်သွားပါတယ်။ ကျွန်မက ကဗျာလုံးဝမစပ်တတ်သူမို့ ကဗျာစပ်တတ်သူတွေကို အားကျပါတယ်။
လာလည်သွားတာ အများကြီးကျေးဇူးတင်ပါတယ်။
Post a Comment