-->

2.8.09

အချစ်ကိုအရောင်တင်ခြင်း



"ချစ်ရဲ့လားတဲ့---"

လင်နဲ့ မယား
နှစ်များအတန်ကြာလို့
သားတစ်ဖြာ ရကာမှ
ခင်နှမ မေးလေပြီ---။

ယုံကြည်ပါ ခင်
ကြိုးနှစ်ပင် လွန်းတင်ကျစ်သလိုပ
ချစ်သမှ ဗျစ်ဗျစ်ကိုမြည်---။

မရီနဲ့ ခင်နှမ---။

တစ်သားမွေး တသွေးလှသူရဲ့
ကိုးဆယ်ဆ ကြင်မယ်---။

ကဏှာနဲ့ ဇာလီပုံနှယ်
သားငယ်ကို ခင်ချီလို့
မီးငယ်ကို ဒီမောင်ပွေ့ရအောင်
တိုးချစ်ဖို့ ကြံဆောင်---။

ရှက်ယောင်ယောင် ခင်ပြုံး
ချစ်တဲ့သူ အမူတုံးကို
ယူကျုံးလို့ မွှေးလိုက်တယ်
ကဲ ဟယ်---
ကဲ ဟယ်---
ချစ်ပါတယ်ဆို---။ ။

သန်းစိန်

No comments: