
ဟိုဘက်ရွာ ဇာတ်ပွဲ
နွားလှည်းနဲ့သွားစို့ရဲ့……။
ဇာတ်စင်မှာ လှည်းဖင်ထိုး
မိုးလင်းအောင် ကြည့်မယ်ကွဲ့……။
အိပ်ချင်ပြေ လက်ဖက်သုပ်နဲ့
အချင်ထုပ် ယူခဲ့မယ်……။
ညဥ့်သန်းခေါင် မျက်တောင်မှေးတော့
လွေးတာပေါ့ကွယ်……။
ဘာကျွေးလို့ မျက်လုံးကျယ်စေ
ဝန်ကြီးတွေထွက်ချိန်တော့ အိပ်မှာပဲ……။
သိပ်လည်းမပူပါနဲ့
ဝန်စာတွေ မနိုင်ကြလေတော့
နောက်ပိုင်းဇာတ် မကနှိုင်ပါဘူ့
ပြဇာတ်တို နှစ်ပိုင်းတွဲနဲ့
နှစ်ကိုယ်တူ စောင်ခြုံထဲ
မိုးလင်းမှာ မလွဲ……။ ။
သန်းစိန်
No comments:
Post a Comment