-->

1.9.09

သူရဲကောင်းများမိခင်

ဗမာပြည် တစ်နံ တစ်လျား
ကား ရထား ခြေလျင်
လှေတစ်သွင် မော်တော်စီး
ဘယ်ခရီး ဘာနဲ့သွား
နားလည် ခဲ့ပြီ...။

မြင်းခြံ ကလေး
မန္တလေး ခန္တီး
မြစ်ကြီးနား စစ်တွေ
ဘယ်မြို့ပဲ ဖြစ်ပါစေ
သွားတတ် နေပြီ...။

ပြည်သူ့အတွက် မိုကရေစီ
ယုံကြည်ချက် ပန်းတိုင်ဆီ
ချီသာချီ မေ့သား...။

ဘုရားတွေ လည်မဖူးရသော်လည်း
ထောင်ဘူးဝ ကိုတော့
ထောင်ဝင်စာတွေ့နေကျ
တွေ့မှာပါ့ သားရယ်...။

သန်းစိန်

No comments: