-->

16.9.09

ခွင့်လွှတ်စေချင် ရှိဦးတင်၍

ငမြတ်စံ ကဗျာ
မျက်ရည်ဖြာ ရွှဲ
အလွမ်း ကဲသတဲ့...။

ယုတ်ရင်းကြမ်းတမ်း
သိပ်မိုက်ကန်း သတဲ့...။

ဒေါသ မကင်း
ဝက်နင်း ကာရံ
ဘီလူးရယ်ဆန် သတဲ့...။

ရသ မမြောက်
ဂုဏ် မမြောက်
အလင်္ကာ ပျောက်သတဲ့...။

တစ်ယောက် တစ်မျိုး
မှိုလို မချိုး
မျှစ်လို ချိုးကြ
ခိုကိုးရာ မဲ့
မြတ်စံ ရဲ့ခေတ်
ဆန်းစစ်ကြည့် ပါ...။

စစ်ဖိနပ် အောက်
လူလားမြောက် တော့
ကမောက် ကမ
ထင်ကရ အတွေး
မြင်သမျှ ရေးမိ
ပြည်သူတွေကို ကြည့်ကြည့်ပြီး...။

ပြည်သူများ ဘဝ
မဝ ရေစာ
ခါးမှာ မလှ
ကြမ်းရှ ခက်ထန်
ငိုပွဲတွေ သန်ခဲ့ရ
ဒုက္ခ ပွေလီ
ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ပြည်
ကဗျာ သီတော့
ချိုကြည် အေးမြ
တေးမလှ သံမသာ...။

ဆယ်ဖြာ လက်ချောင်း
စုပေါင်း စုံညီ
လက်အုပ် ချီ၏
ဖတ်မိ သူများ
ငမိုက်သား ကို
ခွင့်လွှတ် မှုများ
ပေးသနားနှိုင်ကြကောင်းပါရဲ့...။

သန်းစိန်

2 comments:

kiki said...

မှန်လိုက်တာ..ကိုမြတ်စံ ရေ ..
အရေးတွေက မိုက်တယ်.. ..
ခေတ်စနစ် ကိုကမှ မကောင်းတာ ဆိုတော့..
သူ့ ပုံရိပ်ကို အမှန်ရေးပြန်တော့ သူ့ ပုံစံသာ ထွက်ရပေမပေါ့ နော် ..
လန်းတယ် ခနဲ့ နတဲ့  တဲ့  ကဗျာ လေး..ကြိုက်ပါ၏။
အားပေးလျှက်။။

ကိကိ

busymozzee said...

စိတ်ရင်းလေးကိုမြင်နေရပါတယ်...