-->

30.9.09

သူငယ်ပြန် အဖိုးအို

ကေသာရောင်
ကျိုးကြောင်ဖွေး
တစ်ငုံ နှစ်ငုံက ငုံချင်သေး...။

နား
ဝိုးတဝါး
အတင်း အဖျင်းမှ ကြားချင်သေး...။

သွား
အငှါးစိုက်
အမဲခြောက်မှ ကိုက်ချင်သေး...။

မျက်စိ မှုန်မှုန်
လှုပ်လှုပ်လေး မြင်ယုံနဲ့
ရင်ကလေးက တုန်ချင် ခုံချင်သေး...။

အနိစ္စ
ဒုက္ခ
အနတ္တ တရား
ပွါးများဘို့ဝေး
မရဏ ဆိုတဲ့ ပလုပ်တုတ်ကလေး
လှုပ်လှုပ်ပြီး ကစားနေသေးတယ်။ ။

သန်းစိန်

1 comment:

busymozzee said...

လူ.... လူ....လူ...:))