
နွေကလည်း နွေ
ပူပါစေ ပေါ့
ဆယ်နေ ကဲချင် ကဲလိုက်ဦး---။
မိုးခါလည်း မိုး
ရွာစွေဖြိုး လို့
မိုးကြိုး ထစ်ဟီးလို့
မိုးသီးကြီးတွေ ကြွေလိုက်ဦး---။
ဆောင်းခါလည်း ဆောင်း
နှင်းကြွေညောင်း လို့
လေပြေလောင်းချင် လောင်းလိုက်ဦး---။
နွေကို အံတု
မိုးမမှု ဘဲ
ဆောင်းလည်း မကြောက်
ဒို့နှစ်ယောက် သည်
ခမောက် အတူ ဆောင်းခဲ့ပြီ---။
ယခုတမူ
သူကား အရှေ့
ကိုယ်ကား အနောက်
တစ်ယောက် တစ်ကွဲ
ဒေသလွဲ လည်း
ဒို့များအသဲ နီဆဲပင်---။ ။
(ပန်းစကားမဂ္ဂဇင်း အမှတ်-၁၆)
သန်းစိန်
No comments:
Post a Comment