-->

31.5.09

တားပါရစေ-ခင်

**********

ညညဆို ကိုယ့်ရင်ထဲ
သူအမြဲ လာတယ်
ဘယ်ရပ်ကယ် ဘယ်ရွာကမသိ---။

သူလာလာ ကလိတော့
နေမထိ ထိုင်မသာ
အိပ်ရတာ ဘယ်ပျော်ပါ့မလဲ---။

ဟိုဒင်း ဟိုကဗျာတဲ့
ဘယ်လင်္ကာ ဘာရသ
ဘယ်ဂုဏ်က ဘာနဲ့
ဖန်ခါခါ ထပ်ခါထပ်ခါ ပြောပြန်တော့
စိတ်ဆိုးဟန် တမင်ဆောင်လည်း
သန်းခေါင်လွဲတောင် သူမပြန်
နှင်ရန်က ခက်ပါဘိ---။

အို--တစ်မိခင်ရယ်
နှိပ်စက်မယ်လို့ ကြံရော့သလား
အိပ်ပျက်တွေ အတန်တန်များပြီမှို့
တားပရစေတော့ ခင်ရယ်---။

ကြာကြာလာလျှင်
စေတနာတွေ တိုး
ဝေဒနာတွေ ပျိုးပျိုးပြီး
ကဗျာတွေ ညှိုးမှာစိုးတယ်ကွယ်
ခင်ရယ်--နောက်မလာပါနဲ့နော်---။ ။

သန်းစိန်

8 comments:

kiki said...

ဪ ...ချစ်လို့ လာလည်တဲ့သူတယောက်ကို ဘာလို့များနှင်ထုတ်ရတာလဲကွယ်
အိမ်သာလို့ ဧည့် လာ တာဘဲဟာကို..
(အိမ်သာ= အိမ်သာယာ တာကိုပြောတာနော် .. ဟိဟိ toilet ဟုတ်ဖူး .. အထင်မလွဲနဲ့ အုံး )

မယ့်ကိုး said...

ဘယ်လင်္ကာ ဘာရသ
ဘယ်ဂိုဏ်က ဘာနဲ့

ကဗျာလေးကောင်းရက် စာလုံးပေါင်းဖျက်နေမှာ စိုးလို့ ပါ။
ဂိုဏ်က ဂိုဏ်းလားလို့ ...

Anonymous said...

သန်းခေါင်လွဲတောင် သူမပြန်....
မိုးလင်းမှ ပြန်သွားတာလားဟင်...


အားပေးလျှက်
(ကို)

Anonymous said...

သန်းခေါင်လွဲတောင် သူမပြန်..
ဆိုတော့ကာ
မိုးလင်းမှ ပြန်သွားတာလား..

ခင်လျှက်
ကို

ko said...

သန်းခေါင်လွဲတောင် သူမပြန်...
ဆိုတော့ကာ... မိုးလင်းမှ ပြန်သွားတာလားဟင်...

ခင်လျှက်

ကို

Anonymous said...

အာ.. တားမရရင်လဲ ပေါ်တင်သာပြောဗျာ.. ဟိ

Anonymous said...

ဘယ်အချိန်ပြန်သွားလဲဗျ။
ကဗျာကောင်းလေးဖတ်သွားပါတယ်။

Anonymous said...

ဘယ်အချိန်ပြန်သွားလဲဗျ။
နည်းနည်းစိတ်ဝင်စားသွားတယ်။
ကဗျာကောင်းလေးလာဖတ်သွားပါတယ်။