-->

13.5.09

တုန်လှုပ်မိပါပြီ

*********

ပင်ချင်းရယ် ဆိုင်
အင်ကြင်းမြိုင် ဟိုအကွေ့ကို
သူခေါ်၍ လိုက်ခဲ့တယ်---။

တောအဝင်
ကျောခြင်တွေ ချမ်းပါဘိ
သုဘဒ္ဒါ ဇာတ်လမ်း
စိတ်မှန်းနဲ့ မြင်
အို--ပြန်ချင်တယ်လေ့---။

အင်ကြင်းငုံ
လေပြင်းဟုန် လာအလှုပ်မှာ
ခါချင် တုပ်တယ်လို့
မာယာလုပ် အကွက်ဆင်
စွဲချက်တင်လျှင်ဖြင့် မခက်လား---။

ဆင် ဆဒ္ဒန် အစွယ်ရှိပေလို့
သင် မြတ်စံ အစွယ်မရှိလေတော့
ရှိတာသာ ဖြတ်ကာပေးရလျှင်
ခွေးစွယ်တောင် တုံးတိ---။ ။

သန်းစိန်

No comments: