-->

18.5.09

ချစ်ဇနီးသို့

******

အချစ်ကြီးပေမယ့်
တနှစ် နီးရမယ် နီးရမယ်နဲ့
အနှစ် နှစ်ဆယ်ကွယ့် အချစ်ရဲ့---။

တသက် ဝေးတောင်
တမနက် လေးတောင်မှ မေ့မရ
ရတက် မအေးလှပါလား ကွယ်---။

အချစ်ဦး ပေမှို့
ရူးတယ်လို့ ဆိုချင်ဆို
သံယောဇဉ် ကိုက ဖြတ်မရသေး
အမှတ်တရလေးတွေ တမင် တွေးတွေးပြီး
အဝေးက ဆွေးပါဘိ
အချစ်ရယ် ပြေးသာလာချင်မိ---။

အေးလေ---
ကိုယ့်စိတ်ကို အသာဖြေ
သားသမီးတွေနဲ့ ပျော်ပါစေ--
ကိုယ်ခေါ်နေ သူ အလာခက်ရချည့်
တော်ကြာနေ ကိုယ်ပြန်မည့်အရေး
မဝေးဘူး မဝေးဘူးလို့ မှန်းကာတွေး
လွမ်းစရာလေးတွေနဲ့ တမြေစီခြား
(အချစ်ရေ)
ရွှင်လန်း---ရွှင်လန်း ချမ်းမြေ့ပါစေသား---။ ။

သန်းစိန်

3 comments:

နတ်သျှမြေသား said...

လွမ်းတာတော့ဟုတ်ပါဘီ
ဘယ်သူကိုလဲ

နတ်သျှမြေသား said...

လွမ်းတော့လွမ်းတာပေါ့
ဘယ်ကလဲ ဘယ်သူလဲပြော နော်

ပြောချင်လွန်းလို့ said...

လွမ်းတော့လွမ်းတာပေါ့
ကြည့်လဲလွမ်း
ဘယ်ကလဲ ဘယ်သူကိုလဲ
ဟဲ ဟဲ