-->

8.6.09

ငယ်ချစ်ဦး


အချစ်ဦး ရေ
မှတ်မိနေတယ်
ဒို့ငယ်ငယ် ကလေးဘဝ
သိပ် ပျော်ခဲ့ကြတယ်နော်---။

ပန်းချုံကို ကွယ်
ပန်းနွယ်တွေ ကြား
အပြုံးအရယ် များနဲ့
တူတူပုန်း ကစားခဲ့ကြတာတွေ---။

လိုက်တမ်း ပြေးတမ်း
အမိ ဖမ်းကြေး
ရှုံးသူက မွှေးမွှေးပေး
ရှက်သွေးတွေ တကြွကြွနဲ့
ငါက အရှုံးဘက်ကပါ ---ဟယ်။

သီလက်စ ခရေကုံးလေး
ပေး မလိုလို
လက်ကို ပြန်ရုပ်
တခါ ထုတ်ထုတ်ပြ
နောက်မှ ပြန်ပြန်ဝှက်
ငါရှက်ရှက်နဲ့ဖက်ပြီး လုတဲ့အခါ
အားမပါတဲ့ အရုန်းအဖယ်တွေနဲ့
အပြုံး ဖလှယ်ခဲ့ကြတယ်---လေ။

အခုတော့----
ဘယ်ရပ်ကယ် ဘယ်ဌာနေ
ဘယ်မြေမှာ ရောက်
စိတ်ကောက်ရော့ လား
ပုန်းလိုက်တာ များ
ရှာမတွေ့နှိုင်တော့ပါလားကွယ်---။

လွမ်းတယ် ငယ်ချစ်ဦးရယ်
သိပ်ကို လွမ်းနေတယ်---။ ။

သန်းစိန်


























3 comments:

မင်းပျို said...

ဖတ်သွါးတယ်..ခရမ်းသီးနှပ်ရော စမ်းပြီးသွားပြီလား

တုတ်ကြီး said...

ကောင်းပါတယ်..ဆက်လက်ရေးသားနိုင်ပါစေ..

ဆန်းဝင်း said...

ကောင်းလိုက်တာ.. ငယ်ဘ၀ကို ပြန်ရောက်သွားတယ်....