-->

14.6.09

ကဗျာမရေးနှိုင်သောည

စီဘောက် အတွင်း
လက်ကမြင်း သွားကြ
လွမ်း စရာလေးတွေပါ့ ဗျာ
မြည်း ကြည့်ကြပါကုန်---။

ဗျို့---ကဗျာဆရာ
ခင်များစာ
ကဗျာ ဟုတ်ရဲ့လား
ဂါထာ မှုတ်နေသလားလို့---။

ဟေး---မင့်ကဗျာ
တရားဟော စာလား
ဆေး ကြော်ငြာလား
သိပ် မကွဲပြားဘူးကွ---။

အိုး---ကဗျာဆရာ
တော်လှန် ကဗျာ
ရေးစမ်းပါ
ဒါမှ ပြည်သူတွေ နိုးကြားလာမှာ--။

ဟာ---ခင်များ ရေးနေတာ
ဘယ် ကဗျာဟုတ်မလဲ
ကြေငြာချက် ထုတ်နေတာပဲဟာ---။

ဟေ့---ဒကာ
ကျေးလက် ကဗျာ
ရေး လကွာ
ဒါမှ မြန်မာဆန်တာကွ---။

ဦး----ရှင့်
ကျမ ကိုခွင့်ပြုပါ
အဟို့--အဟင့်နဲ့
လွမ်းချင့်ဖွယ့် ကဗျာ
သီ ပါလားရှင်---။

ကဲဗျာ---
ကဗျာဆရာ
ရူး ချင်လာပြီ
ခြင်တွေက တဝီဝီနဲ့
ဘာကဗျာ သီရမည်မသိ
စိတ်ရှုပ်လိုက်ပါဘိနော်---။ ။

သန်းစိန်

4 comments:

mhyawlintchin.blogspot.com said...

ကဗျာလေးတွေက လန်းတယ်နော်
စကားပြောလေးတွေနဲ့ ....
ကြိုက်တယ်ဗျ......

မဟာဆန် said...

ကဗျာ အရေးကောင်းလိုက်တာ..ကျွန်မက ကဗျာကြိုက်ပေမဲ့ ကိုယ်တိုင်တော့ မရေးတတ်ဘူး။ သူများရေးထားတာလေးတွေပဲ လိုက်အားကျနေရတယ်...မုံရွာကလားဟင်

ကျောက်တာ said...

ဟားဟား ကြိုက်တယ်ဗျာ သဘောကျစရာ နေရလေး တစ်ခု လင့်ပြီ . . .

ကျောက်တာ said...

ကြိုက်သွားပြီ ဗျာ လင့်ပြီ ဒီနေရာလေး . . .