-->

19.6.09

မသဝန်ကြောင်

တစ်ရွာထဲက
သူငယ်ချင်းမ နဲ့
လမ်းခွမှာ ကြုံ
စကားလက်ဆုံ ကျခဲ့တယ်---။

မာကြောင်း သာကြောင်း
ရွာအကြောင်း တွေ
ပြောမိလေရဲ့ လေရှည်ခဲ့၏---။

------------
-----------------။

လာခဲ့----အကို
ဟိုတနေ့ က
ဟိုဟာမ နဲ့
ချိန်းတွေ့ကြတာ
ဘယ်က ဟာလဲ
ကဲ--မှန်မှန်ပြော---။

ဟောဗျာ--ဒုက္ခပါပဲ
ချိန်းတွေ့ရတာ
မဟုတ္ပါ ခင္မ်
အဲဒါ ငါဒို့ရွာက သူငယ်ချင်းမ---။

မကျေနပ်တဲ့ စကားတခွန်း
ဟွန်း------
နှုတ်သီးလေး ချွန်းလို့---။

ဘာပြောကြလဲ
မသဲ မကွဲ
ကျမလည်း ကြားတယ်
အချစ်ရယ် ဘာရယ်နဲ့
ဟုတ်ရဲ့မှို့လား---။

ဟာ--သွားပါပြီကွာ--
ပါတယ်ဆို ကိုယ်အမှားပါကွဲ့
နောက်များ စကားမဆိုပါဘူ့
နှုတ်ပိတ်လို့နေပါ့မယ်
အချစ်လေးရယ်--နော်---။

မကျေနပ်တဲ့ စကားတခွန်း
ဟွန်း------တဲ့
နှုတ်ခမ်းက ရွဲ့လို့---။

တွေ့တဲ့ တချိန်လုံး
ရှင်က ပြုံးပြုံးပြတာ
ကျမ မြင်ရတယ်နော---။

ဟော--ဂွကျပြီ
ဒီတခါ မငြင်းချင်
ပြုံးမိလျှင် ကိုယ်အရှုံးပါကွယ့်
နောက်တခါ မဲ့မဲ့လေး နေပါ့မယ်
ကတိပေးပါတယ် အချစ်ရယ်---။

မကျေနပ်တဲ့ နောက်စကားတခွန်း
ဟွန်း------တဲ့
နှုတ်ခမ်းက မဲ့လို့---။

ခင့်အမေး ကိုယ်ကဖြေ
မေးခွန်းတွေ တရာနှစ်ရာ
ဟွန်းတခါ ကျောပြင်မှာတခါထု
ကျနော် ဘယ်သူ့မှ မဆက်ဆံဝံ့တော့ပါဘူးခင်မျာ---။ ။

သန်းစိန်

3 comments:

သားကြီး said...

ဟားဟား..ဆိုးပါ့ဗျာ
ဘာမှမလုပ်ရဲတော့အောင်ပါပဲလား?
ဖတ်ရင်းနဲ့ပြုံးမိပါကြောင်း ။

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေး ချစ်သူကို ကတိပေးတာတောင် ကဗျာလေးနဲ့။

သဘောကြမိပါရဲ့

chitpalone said...

ကဗျာကို တော်တော်လည်း စဉ်းစားတတ်တယ်။ လေးစားမိပါတယ်။ ပြုံးမိတယ်။ ကဗျာလေးနဲ့ မျက်စိထဲမှာ ဇာတ်လမ်းတပုဒ်မြင်လိုက်ရသလိုပဲ
ကောင်းချက်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး