-->

27.6.09

ချိန်းတွေ့လေရာ


ချစ်သူတို့ ပီပီ
ပခုံးကို သူမှီလို့
သီကရီ တီတီတွဲ့
ချစ်ရဲ့လား မေး---။

ချစ်တာပေါ့ အချစ်ရယ်
သိပ်ချစ်တယ် အဖြေပေး---။

ဟုတ်သေးဘူး မောင်
ဘယ်လောက်တောင် ချစ်တာလဲ
ချစ်သဲ သိချင်တယ်---။

ဟောလောက် ကွယ်
ဟောဒီ လောက်
မိုးထက်တောင် မောက်အုံးမယ်---။

တခစ်ခစ် သူရယ်
ဖြစ်နှိုင်ဘူး ထင်တယ်တဲ့---။

ဟဲ့---ဟိုမယ်---
ချုံအကွယ်
အပျိုမယ် အရှုပ်တွေက
ပါးစပ်ဖျား လက်ဝါးနဲ့အုပ်
ပခုံးတွေလှုပ်လှုပ်ပြီး ရယ်ကြ
ဒို့နေရာကရွှေ့မှတော်မယ်---။ ။

သန်းစိန်


















1 comment:

ချစ်ပါးလုံး said...

ဒီကဗျာကိုလည်း သဘောကျမိတယ်။ ပြုံးမိတယ်။ ဟိုးအရင် ရှေးခေတ်က စပ်တဲ့ကဗျာမျိုးလိုပဲ။ ကာရံနဲ့ တော်တော်သဘောကျမိတယ်ဗျာ။ ဒါပေမယ့် စာဖတ်ရတာ မျက်စိကမကောင်းတော့ ကောင်းကောင်းမမြင်ရဘူး။ ဖြစ်နိုင်ရင်အရောင်လေးဖြစ်ဖြစ် တင်ပေးစေချင်တယ်။ ကဗျာကောင်းလေးတွေကို မြင်မြင်ထင်ထင်လေး ခံစားချင်လို့ပါ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး