နေဝင်ရီ တရော ထန်းတောက ညိုပြာပြာ ဧရာက ကြည်လဲ့---။
အပန်းတွေ ပြေစေရာ အလွမ်းတွေ ဖြေရာမှို့ ကိုလူပျိုတို့ရဲ့ဂေဟာကွဲ့---။
ပလုံ စီစီ မြူအိုးတွေ ဗုံစီလို့ မှုံရီရီ စုံညီတဲ့ ဒီဝိုင်း---။
ကိုင်း--- ကုန်ပြီလေ အချိန်တန် အိမ်အပြန် သိုင်းဟန်နဲ့ကစို့လေ ပတ်ဗေတိုးဗေ ပတ်ဗေတိုးဗေ မြည်ပါပေတဲ့ ပါးစပ်ဆိုင်း---။ ။
သန်းစိန် |
 ပန်းချီ-စစ်ငြိမ်းအေး |
4 comments:
မိုက်တယ်ဗျား.... ကဗျာလေးက ညမန်မာဆန်တယ်လို့ ပြောရမယ်.... ကောင်ပါ၏
မိုက်တယ်ဗျို့  ရွာကိုအပြေးပြန်သွားချင်စိတ် ပေါက်သွား တယ် .... လွမ်းစေတယ်ဗျာ..
အားပါးပါး.ကောင်းလိုက်တဲ့ကဗျာလေး
ကာရန်အချိတ်အဆက်လေးတွေ ဒေါင့်စေ့စေ့နဲ့ ချိတ်မိနေတယ်။ ဒါမျိုးမှ ကဗျာပီသတာ
မိုက်တယ်ဗျာ တကယ် မြန်မာ့ဟန် ကဗျာတွေ မဖတ်ရတာအတော်ကြာပြီ လူတိုင်းလူတိုင်း ပိုစ့်မော်ဒန် တွေရေးနေချိန်မှာ ခုလို ကဗျာမျိုးလေး ဖတ်ရတော့ တော်တော်လေး ပီတိဖြစ်မိတယ်ဗျာလေးစားပါ၏ ။
Post a Comment