
ရှင်တော်မြတ် ဘုရား
ကမ္ဘာကြီး ပျက်မည်ကြား၍
ပန်းများကို မသီအား
ငွေဖလားနှင့်သာ လက်ခံတော်မူပါ ဘုရား...။
ပန်းတွေ မောက်မောက်
ဒူးထောက် ပူဇော်
လှူပြီးသော် နောက်
တင်လျှောက်ပါရစေ ဘုရား...။
ဗေဒအကျော် ဝေဒမော်များ
တွက်ချက် ဟောကြား
မှားနှိုင်မည် မထင်ပါ ဘုရား...။
ခရာစ် သက္ကရာဇ်
၂ဝ၁၂
ကမ္ဘာကြီးပျက်မည့်နှစ်ပါတဲ့ ဘုရား...။
အကယ်၍ ပျက်မည်ဟုမှန်ငြားအံ့
ရှင်တော်မြတ် ဘုရား
တား တော်မူလိုက်ပါနဲ့ ဘုရား...။
ချစ်သူရည်းစား
ကတိစကား မပျက်
ကမ္ဘာ လဆန်း(၁)ရက်မှာ
လက်ထပ်လှည့်ပါတဲ့ ဘုရား...။
သန်းစိန်
6 comments:
ကမ္ဘာကြီးတကယ်ပျက်မှာလား???????????
ဘာဝမှာဘာမှမပြင်ဆင်ထားသေးဘဲနဲ့-နောက်ထပ်အပူ
ကိုထပ်ရှာချင်တဲ့စိတ်တခုတည်းနဲ့ကောင်းတဲ့နေရာကိုတော့
ရောက်နိုင်လိမ့်မယ်မထင်မိဘူး-သနားတော့သနားမိပါရဲ့
ဦးမြတ်စံရေ---
ဗေဒင်ဆရာတွေကသူရေးတဲ့အချိန်ကနေဆိုရင်တော်တော်
များများရေးထားခဲ့တဲ့ပြက္ခဒိန်ဘဲဖြစ်ခဲ့တယ်-အဲဒါကိုဆက်
မရေးဘဲနဲ့ဒါထဲကိုဘဲဝဲလယ်နေတယ်-ခက်ဘူးလားဗျာ-
သေခြင်းတရားဆိုတာအချိန်မရွေးလာနိုင်တာဘဲလေဝ
ကမ္ဘာဋ္ဌကီးပျက်မသွားခင်အချိန်မရွေးသေနိုင်တယ်ဗျ-
ဖြစ်တာကိုဘဲတွေးတဲ့-မဖြစ်သေးတာ-ဖြစ်ပြီးသားတွေကိုမတွေးပါနဲ့တဲ့-
မနေ့ကနာခဲ့တဲ့တရားထဲကအနှစ်သာရကိုမျှဝေလိုက်တာ
ပါ-စိတ်ချမ်းသာပါစ---ကိုယ်ကျန်းမာပါစေ---
လာလည်ပါတယ်ရှင်
လင့်ထားပါရစေရှင်
ကဗျာလေးက မိုက်တယ်ဗျာ
ကဗျာ ဘကြီးစံရေ
ကြိုက်တော်မူလွန်းလို့ ကဗျာအမြည်းနဲ့
်မိတ်ဆွေတွေထံပို့လိုက်ပါသည်။
blog လိပ်စာကိုလည်း အခမဲ့ ကြော်ငြာဝင်ပေးလိုက်ပါတယ်
အဘစံ ကဗျာများ ဒိထက်မက ဆက်လက်ရေးသားနိုင်စေသော်ဝ်
ကြော်ငြာခတော့ အကြွေးမှတ်ထားမယ်နော
ကျေးဇူးတင်ပါတယ်
ပျက်တော့ကော တစ်ယောက်ထဲကြနေတာပဲ အားလုံးအတူတူချည်းပဲကိုး။
Post a Comment