-->

21.11.09

ခေတ်ချာတိတ်

ရွာထိပ်
ညောင်ပင်ရိပ်ကနတ်စင်
ရွာတော့်ရှင် နတ်ရုပ်
ဒါးကြီးဂုတ်ပေါ်ဝဲ
ဘယ်သူ့ခုတ်မှာလည်း အမေ...။

ရှူးးးးးးးးးးးးးး
တိုးတိုး...။

မပူဇော် မပသ
မုန့်ဖြူနီ မတင်ကြပဲ
ဘောင်တော်တွေ မဆက်ကြလျှင်တော့
ခုတ်မှာပေါ့ သားရယ်...။

သားကြောက်တယ် အမေ
ရွာသားတွေ ဘယ်နှစ်ယောက်သေပြီလည်း
ဟဲ ဟဲ ဟဲ...။ ။

သန်းစိန်

3 comments:

ဂျစ်တူး ( မုံရွာ ) said...

ကဗျာအနေနဲ့ကတော့ပြောစရာမရှိပါဘူး
ကဗျာဆရာဘယ်သူ့ကိုပြောချင်တာလဲဆိုတာ
နဲနဲရိပ်မိသလိုပါဘဲ-
နတ်ရုပ်ကိုကိုးကွယ်တာ ယုံဋ္ဌကည်တာဋ္ဌကီးကိုလုံးဝ
ပြောက်သွားစေချင်တယ်- တကယ့်ကိုဘုရားမှတပါး
တခြားကိုးကွယ်စရာမရှိဘူးဆိုတာသိစေချင်တယ်-
အိမ်ကအမေကတော့ အုန်းပွဲထိုးပြီးနတ်တွေနဲ့ ဓါတ်ရိုက်ဓါတ်ဆင်ကာအိမ်ပြန်လာဖို့
လုပ်နေတာနဲ့အိမ်ကိုမပြန်ဘူး-
ကိုယ့်ဘာသာကိုယ်ပြန်ချင်လို့ပြန်ရင်တောင်မှ
သူတို့လုပ်လို့သူတို့စွမ်းလို့
ပြန်လာတယ်ထင်နေမှာစိုးလို့လေ-
ဘုရားကိုကိုးကွယ်ဆည်းကပ်ရာမှာလည်း
တကယ့်ဘုရားသက်ရှင်ထင်ရှားရှိနေတယ်လို့မှတ်ထင်
ယုံဋ္ဌကည်ပြီးဘုရားဟောတဲ့တရားတော်တွေကိုနာယူ
သင့်တယ်လို့ဘုန်းဋ္ဌကီးတွေဟောကြတဲ့တရားတော်တွေ
နာယူဘူးပါတယ်-ဘုရားပွင့်တဲ့ဒေသကိုရောက်အောင်
တော့သွားအုံးမယ်ဗျာ-

ချစ်ကြည်အေး said...

အရမ်းကောင်းတယ် အကို သရော်စာ ကဗျာလေးတပုဒ်...အကို့မူပိုင်ဟန်လေးနဲ့...ချစ်စရာ အဖွဲ့ကလေးပါ..

Unknown said...

ကဗျာလေးတိုတိုနဲ့ကောင်းလိုက်တာ