-->

7.11.09

ပြန်ခဲ့တော့မယ်

မင်းမမြင်
မင်းမသိ
မင်းမရှိတဲ့ အရပ်
ပျော်တယ်များမှတ်နေလား...။

နိုင်ငံခြား
နိုင်ငံခြားနဲ့
တတ်ထားတဲ့ ပညာအလကား
သိက္ခာလေး တစ်ပဲသားနဲ့
အောက်တန်းစားအလုပ်ကိုလုပ်
ထုတ်မပြောချင်ဘူးကွား...။

ကြမ်းတိုက် ပန်းကန်ဆေး
ဝန်မလေးတော့ဘူးဟေ့
အပြေးပြန်ခဲ့မယ်...။

ခင်ရယ်
အိမ်ဖေါ်မလေး
အနားပေးလိုက်ပါတော့ကွယ်...။

သန်းစိန်

3 comments:

ဂျစ်တူး ( မုံရွာ ) said...

ဟား----
ဒီကဗျာတော့ကြိုက်သွားပြီဗျာ-
ချစ်သူနဲ့အတူရိုးမြေကျ ဘာနဲ့ဘဲစားစား ဘယ်လိုဘဲနေနေ
ဘုရားသွားကျောင်းတက် ဘယ်လောက်ပျော်စရာကောင်း
လည်းဗျာ-အမြန်သာပြန်ပေတော့ဗျို့ 
ချစ်သူကသားသမီးမြေးတွေနဲ့ ရွာလမ်းထိပ်ကနေကြိုနေ
ပြီတဲ့-ရွာသားတွေကလည်းလှည်းတွေ * က * ပြီးလာနေကြပြီတဲ့ဗျ-

ဒဏ္ဍာရီ said...

လာလည်ခဲ့လို့ ကျေးဇူးတင်ပါတယ်နော် ...

ကဗျာလေးတွေကို ခံစာသွားပါတယ်။ ကဗျာချစ်ပေမယ့် ကာရမသိတော့ ကဗျာ မစပ်တတ်ဘူးလေ။

ချစ်သောသူဆီ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ပါစေလို့ ...

ခင်မင်လေးစားလျှက်

Beauty Studio USA Branded Store said...

မပြန်ခင်ကလေး ဘာတွေများဖြစ်နေပြီလဲဆိုတာ အရင်လှမ်းမေးကြည့်ပါဦးဗျာ။တောနက်ကြီးထဲ အမဲလိုက်ထွက်နေရဦးမယ်။

မြို့ပြလို့ပြောလည်းပဲ အမှန်တကယ်တမ်းတော့..........