ငမြတ်စံ
မွေးရပ်ဌာန် လွမ်းလှချည့်
မင့်အမေ ရှိလို့လား
ငါ့ရင်ကြားမှာ ငါ့ဟာငါမေး...။
အမေ မရှိပေမယ့်
ပြေစရာ
ဖြေစရာ ရှိလေရဲ့
အမေ့အုဋ်ဂူဟာ အမေပဲရယ်လို့
င့ါဘာသာ အဖြေပေး...။
ထုံးလေးလည်း သုတ်ချင်တယ်
ပတ်ပတ်လည် ပန်းတွေစိုက်
နေ့စဉ်နေ့စဉ် ဦးခိုက်ဖို့
ခြံဝိုက်ပြီး ကာမယ်
စိတ်ကယ်ကကူး...။
သောက်ရူးတွေ အာဏာရချိန်မှို့
ပြန်လို့ကဖြစ်ဘူး...။
ဟူးးးးးးးးးးးးးး
မောလိုက်လေ...။ ။
သန်းစိန်
28.8.09
Subscribe to:
Post Comments (Atom)
2 comments:
အချိန်တန် တော့ လည်း အိမ်ပြန်လို့ ရမှာပါ ကိုသန်းစိန်ရေ..
ခရီးတော့ နဲနဲ ကြမ်းလိမ့်မယ်
အားမွေးထား ..
ချောမွေ့စွာ အိမ်ပြန်နိုင်ပါစေနော်... လှိုက်လှိုက်လှဲလှဲ ဆုတောင်းသွားပါတယ်.....
Post a Comment