တန်ဆောင်မုန်းမိုး
စွေချက်ကယ်ဆိုးလှချည့်
အညိုးနှင့်ရွာ....။
မိုးနှောင်းနှင့် ဆောင်းလေ
ရောမွှေတော့ အရိုးပါအေး...။
ထင်းခြောက်ဆွေး
မီးမွှေးလို့လှုံ
နဖူးပူရုံ ဒူးပူရုံ နောက်ဆီကချမ်းပြန်တော့
တင်းထိမ်ခြုံ ပုဆိုးနဲ့ကွေးသော်လည်း
ဖက်မည့်သူ အနေဝေးတာကြောင့်
အေးပါဘိ ကြမ်းကြားလေ....။
သန်းစိန်
28.10.09
Subscribe to:
Post Comments (Atom)
7 comments:
အင်း----
အညာဆောင်းတညကိုသတိရလိုက်တယ်။
မီးပုံဘေးမှာတောထွက်ထန်းမြစ်ကလေးတွေမီးကင်စားရ
ခဲ့ရတဲ့အရသာလေးကိုသတိရတယ်။
စောစောစီးစီးနှင်းတွေကျနေတဲ့အထဲမှာစက်ဘီးစီးပြီး
ကျောင်းတက်သွားရတာကိုလည်းလွမ်းတယ်။
ကဗျာတွေအားလုံးကောင်းပါတယ်ရှင်
ကဗျာတွေဖတ်ပြီးရွာကိုလွမ်းတယ်တော်
ဖက်မည့်သူ အနေဝေးတာကြောင့်
ကွေးလျှက်သာ ဆွေး
ဟီး ကျွန်တော်ကြိုက်သလို ဆက်လိုက်တာပါ။
ထန်းပင်မြစ်မီးဖုတ် .. ကျွန်တော်တို့က ခေါပုတ်လည်း မီးဖုတ်စား .. ကဗျာလေးက အညာဆောင်းကို လွမ်းအောင်ကိုလုပ်စေနိုင်တယ်ဗျာ
ကြိုက်တယ်ဒီကဗျာလေးကို
ကိုသန်းစိန်ခင်ဗျာ
အကိုကဗျာလေးတွေ ဖတ်ရတော့ ဖိုးသူတော်ဦးမင်းကဗျာတွေကို သွားသတိရမိတယ်ဗျာ။
Post a Comment