-->

4.4.09

ဘုရားခန်းထဲက အမေ
**************

ဟို-ခင်တန်း
ပိတောက်ပန်း ပွင့်ပြီကွဲ့---။

သားရေ--သွားသွား--
ဘုရားပန်း ထိုးဘို့
ပန်းတစ်အိုးစာ ချိုးခဲ့---။

ပိတောက်ရဲ့ ဝါဝါ
ဗုဒ္စမြတ်စွာ ရှေ့---။

ဆိပ်ငြိမ်စွာ အမေ့ကိုတွေ့တော့
စိတ်အေး ချမ်းမြေ့---။ ။

(တမလွန်မှ မိခင်သို့ ကန်တော့ပန်း)

သန်းစိန်

2 comments:

မဆုမွန် said...

ဘုရားပန်းအိုးထိုးနေတဲ့ အမေ့အပြုံးနဲ့ အမေ့ကေသာထက်က ပန်းပိတောက်တွေကိုလဲ မြင်ယောင်မိတယ်..ကဗျာလေးက မြင်ကွင်းတစ်ခုကို ပြလိုက်သလိုပဲ...

kiki said...

မနက်တိုင်း ဆီမီး၊ ရေချမ်း ပန်းကပ်လှူ၊ ဘုရား ရှစ်ခိုး မေတ္တာပို့ အမျှဝေနေတဲ့  အမေ့ကို အဝေးကနေ လွမ်းမိတယ်