မောင့်ချစ်သူ ဖြူဖြူနွဲ့ရယ်က
အငိုနဲ့ မျက်ရည်လွယ်
နွေအလယ် ပူသတဲ့ အိုက်တယ်---။
ကမ္ဘာတောင် သူ့မအေးရှာဘူ့
ပူနွေးသတဲ့ အချစ်ရယ်
စိတ်ဖြေကွယ့်--နော်---။
ဖြေနှိုင်ဘူး မောင်
ပူပူုလောင် ဒီလောက်အိုက်လေတော့
နေထိုက်ဖူး သေချင်တာ
ဘယ်လိုရှင် ဘယ့်နှာ နေရမှာလဲ--တဲ့
သိပ် ချွဲတယ် ထင်---။
ငိုပါနဲ့ ချစ်သူခင်ရယ်
ဂျင်းပင်တို ရှိုကာ ထားလျှင်ဖြင့်
လေအဝင် တင်ပါအေးပေလိမ့်
တိတ်တော့ကွယ့် လေး---။
အို အိုး အို့ အေး---။ ။
သန်းစိန်
4 comments:
ဟဟဟဟ။ လှလိုက်တဲ့ကဗျာ။ :P Mini skirt ဆိုရင်ရော။
ဘယ့်နှယ့် ဘာပုံကြီးလည်းဗျ လန့်တောင်သွားတယ်။ ပျော်ရွှင်ပါစေ။
ကောင်းလိုက်တဲ့ကဗျာ...ကွင်းကွင်းကွက်ကွက် ကိုမြင် လိုက်ရတယ်။ကဗျာအရေးအသားပြောတာပါ.
...ခင်မင်သောအားဖြင့်...
ကဗျာလေးကောင်းလိုက်တာ
Post a Comment