-->

10.4.09

လက်ဆောင်

*******

ချိုချို အေးပါလို့
ဆိုတေး အသံသာဘို့
ထံတျာ ကဗျာရေးကာမှ
ငိုကြွေး အသံပါသည်ထင့်
ဆွေးချင့် သဖွယ်---။

အခြေ မကောင်းသော်ကြောင့်
ရွှေ့ပြောင်း ကာရံရှာလည်း
မဖန်သာ ခါမဟုတ်ပြီမှို့
ခွါဆုတ်ကာ သည်အရေးကို
ဝေးနေမှ တော်မယ်---။

တစ်ဘဝလုံးသာပါ့ မေရယ်
အလှဆုံးကို တမင်ရှာပါလျက်
မကြင်နာ ဘယ်အတွက်ကယ်ကြောင့်
သွေပျက်ဖို့ ကြံရွယ်
ပျက်ပျယ်ခဲ့ ဘယ်ဝ​​​​ဋ်ကြွေး---။

လှသက်ဆွေရယ်
ကျမျက်ရေ ဖြိုင်ဖြိုင်ဝေလို့
ကံခေသူ မဆိုမပြောပေမယ့်
ဖိုမောအောင် လက်ဆောင်တေးကို
ရေးဖွဲ့လို့ ပေး---။ ။

သန်းစိန်

No comments: