
*****
တွေ့ရတာ ခဏလေးပေမယ့် ည တရေးမှ မပျော်---။
အပြော ခက်လေတော့ နှမြောရက်ကယ်နဲ့ ငိုချင်သလို ဟို အရင်လိုမှ မဟုတ်ပါပဲ ခွဲကြစို့ နော်---တဲ့---။
စွဲချစ်သူမှာ သဲနစ်အောင် အပူဖြာရဲ့ နုံလေတယ်ဟဲ့ ငါ့ကံပဲ---။
မေတ္တာ အကုန် သူ့ထံမှာ ချစ်သဒ္ဒါတွေ ပုံလို့ စိတ်အာရုံ စွဲ---။
ခုခါမှာ စေတနာ ဝေဒနာ ဖြစ်ခြေပေါ့ ခွေကာရစ်လာတဲ့ သံယောဇဉ် သည်အမျှင် ဘယ်လိုဖြတ်ရပါ့ ရူးမတတ် ချာချာလည် မကြည်မသာနဲ့ စိတ်ထွေပြား ဒီနေ့ဟာဖြင့် ကိုယ့်အတွက် ပြဿဒါး---။
မေတ္တာငယ်ခြုံ လုံမယ်လို့ထင်စား တံတိုင်းတွေ ကာရံထားပြီပါ့ ဂုဏ်တွေ ဓနတွေက ခြားပြန်တော့ ကဗျာသမားမှာကွယ် ကာရံသာ ကြွယ်တာကလားရယ်လို့ မာန်လျှော့ကာ ဟန်ဆောင်ထိန်းရတယ် အချစ်ရေ မင်းတကယ် စိမ်း စိမ်း စိမ်းတော့မှာလား---။ ။ | 
|
မှတ်ချက်။ ။(ငမြတ်စံ ငယ်စဉ်က အကြောင်း အပြန်ပြောင်းလို့သတိရ
အရူးထပြီး ရေးချသည့်စာ ကဗျာမဟုတ်)
သန်းစိန်
No comments:
Post a Comment