-->

17.4.09

ခေတ်သစ် ဒဿဂီရိ

*************

ရာမဇာတ် ဖတ်ကြည့်တော့
ဒဿဂီရိ
ခေါင်းဆယ်လုံး အတိ---။

ယုတ်ရင်း ကြမ်းတမ်း
အမြဲတမ်း ခက်ထန်
အကျည်းတန် ၏---။

(ငမြတ်စံ)တွေ့ကြုံ ဆုံဖူးသည်က
ချောမော လှပ နှုတ်ချို မြနှင့်
ယဉ်စ အနေ ညင်သာပေ၏
မာယာ အပြည့်---။

မျက်နှာ တစ်ရာ ခေါင်းတစ်ရာလည်း ရှိ
မိန်းမ ဒဿဂီရိ---။ ။

သန်းစိန်

No comments: