-->

1.4.09




နှိပ်စက်တဲ့နွေ
*********

ခါနွေဦး
ညောင်းရွက်တွေ ညှာမြေလူးချိန်မှို့
လာလေရူးငယ်က တသုန်သုန်---

ပိတောက်ငုံ ပုရစ်ဖူးတွေက
နှစ်ဦးကိုကြိုသည့်ပုံ---

ဖေါ်မစုံ ငိုမြည်ကြွေးရှာတဲ့
ဥသြလေးရဲ့တေးသံစုံ
ဆွေးဖို့သာ ကြုံပါရော---

ငမြတ်စံ တကိုယ်တည်းမှာ
ပိုပြီးသာ ရင်မော-----။ ။

သန်းစိန်

5 comments:

ဖြိုးဇာနည် said...

နွေကိုချစ်သလိုအရမ်းလွမ်းရတဲ့နွေကိုကြောက်တယ်

ဖြိုးဇာနည် said...

နွေဆိုတာကလွမ်းတတ်တဲ့သူတွေအဖို့သူငယ်ချင်းဖြစ်သလိုရန်သူလည်းဖြစ်စေတတ်ခဲ့တယ်

မဆုမွန် said...

ခါနွေဦး
ညောင်းရွက်တွေ ညှာမြေလူးချိန်မှို့
လာလေရူးငယ်က တသုန်သုန်---
...............ပို့စ်ဖတ်နေတဲ့အချိန် ညဥ့်ဦးယံမှာ မထင်မှတ်ပဲ လေပြေ နော့သွားတယ်..အော် ခါနွေဦးတောင် ရောက်မှကိုး...

ရဲဝင့်သူ said...

ဖေါ်မစုံ ငိုမြည်ကြွေးရှာတဲ့
ဥသြလေးရဲ့တေးသံစုံ
ဆွေးဖို့သာ ကြုံပါရော---

ကောင်းလိုက်တဲ့စာသား။
တကယ်ပါပဲကိုယ်တွေ့မို့ပါ။

Nyein Chan Aung said...

ကဗျာက လှတယ် ဦးသန်းစိန်။