-->

2.7.09

အရပ်ကူပါ

ပါးပါး လျှပ်လျှပ်
သူစကပ် က
လေလှပ်တိုင်းကြွ
မှိုပွင့်လို လှသတဲ့--။

ပေါင်တံက ခပ်ရှည်ရှည်
သလုံးသား ရွေအိုရောင်လဲ့
တဒေါင်ဒေါင် တခွပ်ခွပ်
ဒေါက်ဖိနပ်နဲ့---။

ရွာလည်ခေါင်
ခွေးဟောင်လို့တအုံးအုံး
(အဘရေ)လို့ကုန်းကုန်းအော်
သစ်ပင်ခွကြားပေါ်က မိန်းကလေး---။

ရွာသားတွေ ပြေးပြေးပြီးကြည့်ကြ
မြို့ကြီးက ပြန်ရောက်စ မိအေး---။

သန်းစိန်

1 comment:

chitpalone said...

ဟယ် တကယ်ပါပဲ။ ပါးလုံးတော့ ဒီကဗျာတွေကို ကူးထားမိတယ်။ ကြိုက်လွန်းလို့။ တော်တော်ကိုစဉ်းစားတတ်တယ်။ ပြုံးမိတယ်။ အဟုတ်ပါ။ ကဗျာလေးနဲ့တင် မျက်စိထဲကို ကွင်းကွင်းကွက်ကွက် မြင်မိတယ်။
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပါးလုံး