ချစ်သူတို့ ပီပီ ပခုံးကို သူမှီလို့ သီကရီ တီတီတွဲ့ ချစ်ရဲ့လား မေး---။
ချစ်တာပေါ့ အချစ်ရယ် သိပ်ချစ်တယ် အဖြေပေး---။
ဟုတ်သေးဘူး မောင် ဘယ်လောက်တောင် ချစ်တာလဲ ချစ်သဲ သိချင်တယ်---။
ဟောလောက် ကွယ် ဟောဒီ လောက် မိုးထက်တောင် မောက်အုံးမယ်---။
တခစ်ခစ် သူရယ် ဖြစ်နှိုင်ဘူး ထင်တယ်တဲ့---။
ဟဲ့---ဟိုမယ်--- ချုံအကွယ် အပျိုမယ် အရှုပ်တွေက ပါးစပ်ဖျား လက်ဝါးနဲ့အုပ် ပခုံးတွေလှုပ်လှုပ်ပြီး ရယ်ကြ ဒို့နေရာကရွှေ့မှတော်မယ်---။ ။
သန်းစိန်
|
1 comment:
ဒီကဗျာကိုလည်း သဘောကျမိတယ်။ ပြုံးမိတယ်။ ဟိုးအရင် ရှေးခေတ်က စပ်တဲ့ကဗျာမျိုးလိုပဲ။ ကာရံနဲ့ တော်တော်သဘောကျမိတယ်ဗျာ။ ဒါပေမယ့် စာဖတ်ရတာ မျက်စိကမကောင်းတော့ ကောင်းကောင်းမမြင်ရဘူး။ ဖြစ်နိုင်ရင်အရောင်လေးဖြစ်ဖြစ် တင်ပေးစေချင်တယ်။ ကဗျာကောင်းလေးတွေကို မြင်မြင်ထင်ထင်လေး ခံစားချင်လို့ပါ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
Post a Comment