-->

10.10.09

ကျေးလက်ဂီတ

တက်တက်တူ ခါးခါး
ကျောက်ကုန်းမြေ ခံတောကြားက
ခါ တွန်သံကြား...။

ရွှေဘုတ်မ တပူပူ
ချိုးငှက် တကူကူနဲ့
ဖိုးတောင်သူ ယာလုပ်တဲဆီက
ပုလွေသံ ကြူဟန်ချွဲတယ်
စွဲ ချစ်စရာများ...။

ဝတိံဖျားက စည်တံမြွှာ
ဂျိုးဂျိုးဂျိမ့် လှိမ့်သံသာ
မိုး ဖြောက်ဖြောက်ရွာ
ဖားတင်္ဂါ အုံးအင်ဟစ်လေတော့
ပုရစ်က တကျစ်ကျစ်မြည်ကြွေး...။

ချောင်းလေးမှာ ရေဒီးဒီးရယ်နဲ့
သပြေသီး ပလုပ်တုတ်ကြွေ
ခြေတံရှည် ဗျိုင်းတွေအောက်တယ်
အံ့လောက်ဖွယ် တေး...။ ။

သန်းစိန်

3 comments:

busymozzee said...

ဒါမျိုး ကဗျာလေးတွေ ကို အရမ်းကြိုက်တာဗျ... ငယ်ငယ်တုန်းက ကျောင်းစာအုပ်မှာ ပါတဲ့ကဗျာမျိုးလေးတွေ အရမ်းချစ်ဘို့ကောင်းတယ်.... ရိုးရိုးစင်းစင်းလေးတွေ...

မောင်သီဟ said...

ကျေးလက်ဂီတ
ကဗျာကိုကြိုက်တယ်ဗျို့
ကောင်းတယ် တကယ်ကောင်းတယ်
း)

ကျော်ညိုသွေး said...

ဒီလိုကဗျာမျိုး ကျောင်းစာအုပ်ထဲထည့်သင့်တယ်