-->

24.10.09

ကထိန်နှင့်ဝေးသူ့တေး

မြူနှင်းရယ်မှုန်
ကြူသင်းထုန် ရွှေခဝဲတွေနှင့်
တန်ဆောင်လ ပွဲရာသီ
ရောက်ခဲ့ပြန်ပြီ....။

ကတ္ထိန ကထိန်မှီ
ရွာလေးဆီပြန်ခဲ့တဲ့
သူငယ်ချင်းရဲ့စာ
ဘယ်လိုပြန်ရမှာပါလိမ့်...။

မရောက်တာကြာ
လာချင်ရဲ့လေး...။

မပြန်နှိုင်သေးသမှို့
ရပ်ဝေးမြေ တပြေကျေးဆီက
ရပ်ကြီးသူ ဗုံသံတေးကို
စာမြှောင်လေးကပ်ပေးမယ်
ဆိုကြကွယ်ငါ့ကိုယ်စား...။

ယောလုံချည် ပင်နီစစ်နှင့်
ဘယ်တိုင်းဖြစ်မှ မဝတ်ဆင်
သနပ်ခါးလေးနဲ့ယဉ်
သနပ်ခါးမှို့ ယဉ်သလား
ပါကွက်ကြားလို့ ယဉ်သလား
စိတ်ထားတော်ဖြူဖြူနဲ့
စိတ်ထားတော်ဖြူဖြူနဲ့
(ဒီဇမ္ဗူမှာ...)
မတူနှိုင်ပြိုင်စံရှားတယ်
အလိုကွယ်......
မိုးကျနတ်လား....။

ငါ့ကိုယ်စား မင်းကဆို
မိထွေးညို ငိုပေလိမ့်
လှိမ့်လိုက်ပါ့ ဒိုး...။

သန်းစိန်

2 comments:

ဂျစ်တူး ( မုံရွာ ) said...

ကဗျာဆရာရေ-
အရိုးအိုးတောင်ပြန်မသယ်လာခဲ့နဲ့လို့ပြောထားတာ
စာမြှောင်လေးလည်းကပ်မပေးနဲ့-
ဘာတေးတွေမှကိုယ်စားမဆိုဘူး-
ယောလုံချည်ပင်နီအစစ်ဝယ်လို့မရတော့တာတော်မသိတာ
တော့စိတ်ထဲကနာသတော်။

Beauty Studio USA Branded Store said...

ဟုတ်ပါ့ဗျာ။ အစစ်ရယ်လိုလို့မှ သွားမဝယ်လိုက်နဲ့ ယောနယ်တွင်းမှာတောင် အစစ်ရယ်မရှိဘူးတဲ့။ ဗမာ့ချည်အစစ်မို့ ယောလုံချည်တောင် ခြောက်ထောင်ဈေးတဲ့ဗျာ။