-->

12.10.09

ဘဝ

ငယ်စဉ်တုံးက
ငါ့ဘဝ...။

မလှခြင်း
ရုပ်ဆင်းကြမ်းရှ
ငိုခဲ့ရ၏...။

ဆင်းရဲခြင်း
နွံတွင်းထဲကျ
ငိုခဲ့ရ၏...။

ရင့်ကျက်ပြီ ငါမဆို
ကြီးပြင်းပြီ ငါမငို
ဘဝကို ရင်ဆိုင်မည်...။

စိတ်ထားဖြူစင် အလှဆင်နွှဲ
ရောင့်ရဲတင်းတိမ် ချမ်းသာအိမ်ဖွဲ့...။

ဘာလည်းဟဲ့ အလှ
ဘာဆင်းရဲရမှာလည်း...။

ကဲ.......ငါ......။ ။

သန်းစိန်

2 comments:

Angel Shaper said...

စိတ်ထားဖြူစင် အလှဆင်နွှဲ
ရောင့်ရဲတင်းတိမ် ချမ်းသာအိမ်ဖွဲ့...။
မှန်လိုက်လေခြင်းဗျာ.......
ဘ၀ကဗျာလေးဖတ်ပြီး သံဝေဂရသွားပါတယ်။

busymozzee said...

အ၇မ်းနှစ်သက်တယ်ဂျာ... ကဗျာလေးကို....