-->

26.10.09

ကျေးလက်နံနက်ခင်း

မန်ယူနဲ့အာဆင်နယ်
ပယ်ပယ်နယ်နယ်တွယ်တာ...။

ရွာလယ်ဗွီဒီယိုရုံ
ရွာသားတွေတစ်ပြုံကြီး
အုံလို့...။

ဟင်ကနဲ ဟာကနဲ
ဆဲသံရော...။

လင်းကြက်လေးတွန်ရတာမောပေါ့
ဖာကူဆင်ကတော့ ခေါင်းကုပ်ထွက်သွားလေရဲ့...။

ရွားသားတွေ အနီကပ်ကိုယ်စီနဲ့လေ
ပျိုးခင်းထဲ ကျွဲတွေပဲလူးနေတယ်...။ ။

သန်းစိန်

2 comments:

ကျောက်တာ said...

ရွာသတိရစရာကောင်းလိုက်တာ ကိုရင်ရာ..။အရှေ့ရုံက လိုင်စင်ရပြီးသားဆိုပြီး အနောက်ရုံဘောလုံးပွဲပြတာကို ကန့်ကွက်တော့ အခုတော့ တစ်ရုံပဲ ကြည့်ရတော့တာပေါ့
။လူတွေ တစ်နေရာတည်း ပိုစုံတာပေါ့လေ။မန်းချက်ပဲ အားပေးတယ်ဟေ့။):
ကဗျာ လေးပုဒ် အသစ်ဖတ်သွားပါတယ်။ကိုသန်းစိန်ရေ အားပေးလျက်ပါ စိတ် တကယ်လန်းတယ်..။

Beauty Studio USA Branded Store said...

ဖာဂူဆန်ကတော့ အဝါကဒ်တွေ ဗလပွကျန်လို့ ခေါင်းစားနေလေရဲ့ ကိုရင်ရေ။အကိုကဗျာလေးတွေ သဘောကျမိလို့ပါ။