မြို့ကြီးမှာ အလုပ်မဖြစ်
ကုတ်ကျစ်ပြီး မနေနဲ့
ပြန်ခဲ့ဟဲ့ ရွာကို...။
ညည်းကိုလေ...
အရီးညို ဒွေးခိုတို့က
လွမ်းလှလို့ မျက်ရည်စို
မောင်သာချို ရှင်ပြုပွဲ
ကွမ်းတောင်ကိုင်လည်းလိုသတဲ့...။
လသာသာ ဗိုင်းငင်ဝိုင်း
ဗိုင်းငင်တိုင်း ညည်းကိုတ
ဗိုင်းငင်ဖေါ် အပျိုမတွေက
ညည်းအပြန် မျှော်နေကြလေရဲ့...။
ဆောင်းအကုန် နွေအရောက်
ဇီးသီးတွေ တူတူကောက်ရအောင်
ရွာအရှေ့တံခါးပေါက်
ပိတောက်ပင်အောက်က စောင့်ကြိုမယ်..။
ပြန်ခဲ့ဟယ် ပြန်ခဲ့တော့...။ ။
သန်းစိန်
19.10.09
Subscribe to:
Post Comments (Atom)
8 comments:
ရွာပြန်ပြီး ထွန်ယက်စားသောက်ရအောင်ကလည်း နွားတွေ မရှိတော့ဘူး ဆို ....http://www.rfa.org/burmese/news/stolen_cattle_cases_worsen_in_Pegu_Division-10172009131058.html..
နာဂစ်ထိထားတာကလည်း ခုထိ ယိုင်ချိချိနဲ့  ။
ကျုပ်ပြန်လာချင်တာပေါ့အေ ..ဘယ်လိုရှေ့ ဆက် လှမ်းကြရမတုံး ကမြတ်စံရေ ..
ကဗျာလေးက ချစ်စရာလေး
ရွာကိုတောင်ပြန်သတိရသွားတယ်......
ရွာကိုလွမ်းတယ်
ကဗျာလေးဖတ်ရတာ ရွာကကောင်မတွေတောင် သတိရသွားတယ်။ ခက်တာက ရွာထိပ်မှာ ပိတောက်ပင်ရှိဘူး ။မန်ကျည်းပင်ပဲရှိတယ်
ရှိတဲ့အပင် အောက်ကပဲစောင့်နေနော်
လှလိုက်တဲ့ ကဗျာလေးပါလား.... လာဖတ်တော့မည် ယနေ့မှ စ၍....
ပျော်ရွှင်ပါစေရှင့်...
ကဗျာလေးက အတော် ထိတယ် ...
ကျုပ်တို့လို တောသားတွေ အတွက် ကွက်တိပဲ...။
တာတာ: သူများတွေကိုတော့ရွာပြန်ခိုင်းတယ် ကဗျာရေးသူကိုယ်တိုင်က -
အဝေးဆုံးအဝေးဆုံးသို့သွားမယ်-
(ဟေမာနေဝင်းလေသံနဲ့ညီးသွားသည်)
ကြိုက်တယ်ဗျ ... ဒီကဗျာလေး...
Post a Comment