တိုးတိုးဖေါ် တိုင်ပင်ဘက်
လက်ချင်းယှက်
ဆက်လျှောက်မည့်သူကိုမျှော်
ပေါ်လာနှိုင်ခဲ---။
သူ့ကိုယ်ပဲ တမင်
ရွေးခေါ်လျှင်ကောင်းလေမလားရယ်လို့
ရင်တွင်းမှာဝေဝေဝါး
စဉ်းစားရဆဲ---။
ဘဝခရီးဖေါ်
ဖြစ်လာလျှင်တော်လေစွ
မျက်မာန်တော်ရှ
မုန်းသွားမှဖြင့်
ခင်ခွင့်ကလေး
ဝေးသွားမှာစိုး
တိတ်တခိုးနှင့်သာသူ့ကိုခင်
အကြင်နာ မေတ္တာ ယိုဖိတ်ငြားသော်လည်း
အစဉ်သာ ရင်မှာ သိုသိပ်ထား---။
သန်းစိန်
8 comments:
သြော် ဘယ်လောက်များ တင်းခံနိုင်မှာလည်းနော်။ ပြောစရာရှိ ပြောလိုက်ပြီးရော။ ပစ္စုပန်တည့်တည့်ရှု့တဲ့ ပြောချင်ရင် ပြောပလိုက် အဟီး မြှောက်ပေးတာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ပြောလိုက်ပါတော့လား .. မြန်မြန်လေး
တော်တော်ကြာ သူများဦးသွား မှ နော် ...
စဉ်းစားမနေနဲ့တော့။ ပြောချလိုက်။ ဟဲ ဟဲ။
အားပါး
လန်းတယ်ဗျာ။ ကဗျာလေးက။
ကောင်းလိုက်တာ။ =)
မရောက်တာကြာလို့ ပြန်လာလည်တော့ ကဗျာကောင်းတွေ တထောကြီးတွေ့ ရတယ်..စာအုပ်ထုတ်သင့်ပြီနော့..
ပီဒီအက်ဖ်နဲ့ စာအုပ်လုပ်ပြီး အီးမေးလ်ထဲပို့ ပေးနော့
သူ့ကိုယ်ပဲ တမင် ရွေးခေါ်လျှင်... ကောင်းမယ် ထင်ပါတယ်။ ကဗျာလေး လန်းတယ်ဗျာ။ နှစ်သက်မိပါတယ်။
ကဗျာလေးကတော့ လန်းတယ်ဗျာ
မဝေးရအောင် ဆွဲထားလိုက်နော်
ဆက်လက်ရေးသားးနိုင်ပါစေ
အဲဒါမျိုးတွေက ရှိတယ်..
နောင်နှစ်ပေါင်း များစွာကြာမှ နောင်တရမှာနော်...
အရမ်းမကြောက်နဲ့ ပြောစရာရှိရင်ပြော...
နောက်မှ ငိုနေရမယ်..
Post a Comment