-->

14.7.09

လမ်းတွင်လှဘူး

*************
သီကရီ

ရွှေပိုးတီ အသာတွန့်သည့်နှယ်
မောင်လွန့် ကာလူး---။

ခါးကိုငယ် လိမ်
ဖင်ပိန်ကို အကုန်နှဲ့လို့
အိပ်ပဲ့ကို အနိုင်ချီရတော့
ဗွတ်ဖင်နီ ပျံသင်စလို
လမ်းတွင် လှဘူး----။ ။

(ဦးပုည)
ဇူဇကာပုဏ္ဏား ဝင်္ကပါတောင်သို့သွားရာ စခန်းချသောခွန်းထောက်သဖြန်။

တော်လှန်ရေးနယ်ပယ်
ခရီးရယ် ဘယ်တွင်ပါ့----။

သူတလူ ငါတမင်းတွေနဲ့
အချင်းချင်း ဖီလာ
ဇူဇကာ သူ့ဖင်နှဲ့သလို
အိပဲ့ပဲ့ နဲ့နဲ့သာ---။

ပိုးတီမျှ မတွန့်သာအောင်
ဘေးတိုက်ဆောင် လူ့လွယ်အိပ်တွေနဲ့
စိတ်ပျက်အောင် ခရီးဆက်လျှင်ဖြင့်
ဗွတ်ဖင်နီ ပျံသင်ငှက်လောက်မှ
ခရီးရောက် မ... ထင်ဘူး---။ -။

သန်းစိန်

2 comments:

ခြေလှမ်းသစ် said...

ဟုတ်ပါ့ဗျာ ... ဒီဘေးတိုက် လွယ်အိတ်တွေကြောင့် ခရီးမတွင် တာဗျာ .. ဒီလွယ်အိတ်တွေ ဖြုတ်ပြီးသာ ခရီးဆက်ရတော့မှာ ဗျ...
ကိုဇော်

littlebrook said...

မိုက်တယ် အကိုရေ ..း)