-->

11.7.09

ခွေးအိပ်တောင်အလွမ်း

သွေးစီးပေရစ်
သံလွင်မြစ်
စိတ်ညစ်ခွေခေါက်စီးဆင်းလျှက်---။

ခွေးအိပ် တောင်တန်း
လျှိုမြှောင်ကမ်း
ပြောက်ကျား စခမ်းရှိလေရဲ့---။

ည၏အရောင်
မဲမဲမှောင်
တောတောင် ချောက်ချားနေလေရဲ့---။

တောခွေးအူသံ
ဂျီဟောက်သံ
မိုးယံထိုးဖေါက်သွားလေရဲ့---။

ကင်းအထပ်ထပ်
ညဥ့်လုံးပတ်
စောင့်ကြပ် စစ်ဆေးနေလေရဲ.--။

ပြောက်ကျားလုလင်
ရှေ့ရေးမြင်
ခွပ်ဒေါင်းတွန်လို့ကလိမ့်မယ်---။ ။

သန်းစိန်

1 comment:

ခြေလှမ်းသစ် said...

တောတွင်းတနေရာက ပျောက်ကျားရဲဘော် ခွပ်ဒေါင်း တကောင်ရဲ့  အကြောင်းေ၇းစပ်ထားတယ်လို့ ခံစားမိပါ တယ် .....
ကိုဇော်